Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အပြစ်မဲ့ကလေးသူငယ်တွေကို ပစ်ခတ်သတ်ဖြတ်တဲ့ မြန်မာစစ်တပ်ကို တောင်ကိုရီးယားဘုန်းတော်ကြီးတွေ ကန့်ကွက်ဆန္ဒပြ

ဒီလို မြန်မာစစ်အာဏာရှင်တွေရဲ့ အဆုံးမသတ်နိုင်တဲ့ အာဏာလောဘကြောင့် အပြစ်မဲ့ပြည်သူတွေ သေကြေပျက်စီးနေရတာဖြစ်ပြီး စစ်တပ်ရဲ့ ရက်စက်မှုကို နိုင်ငံတကာနဲ့ ကုလသမဂ္ဂက ထိရောက်စွာ ဖြေရှင်းပေးဖို့လည်း တောင်းဆိုခဲ့ပါတယ်။

ဓာတ်ပုံ - ပေးပို့
ဓာတ်ပုံ - ပေးပို့

တောင်ကိုရီးယားနိုင်ငံ ဂျိုဂဲဗုဒ္ဓဘာသာဂိုဏ်းမှ ဘုန်းတော်ကြီးများ၊ ဆိုးလ် May 18 ဖောင်ဒေးရှင်းနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေဟာ မြန်မာစစ်တပ် က အပြစ်မဲ့ကလေးသူငယ်တွေကို လေကြောင်းက တိုက်ခိုက်ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့လုပ်ရပ်ကို ဒီနေ့မနက်ပိုင်းက ဆိုးလ်မြို့ရှိ မြန်မာသံရုံးရှေ့မှာ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

ဓာတ်ပုံ - ပေးပို့
ဓာတ်ပုံ – ပေးပို့

ကန့်ကွက်ရှုတ်ချတဲ့ သတင်းစာရှင်းလင်းပွဲနဲ့ ဆန္ဒပြပွဲကို တပြိုင်တည်းပြလုပ်ခဲ့တာဖြစ်ပြီး ကိုရီးယားဘုန်းတော်ကြီးတွေဟာ မြန်မာစစ်တပ်ရဲ့ သတ်ဖြတ်မှုကြောင့် ကွယ်လွန်သွားခဲ့ကြရတဲ့ကလေးငယ်လေးတွေ ကောင်းရာ သုဂတိလားနိုင်ပါစေကြောင်း ဆုတောင်းပေးခဲ့ပါတယ်။

ဗုဒ္ဓက သူ့အသတ်မသတ်ဖြတ်ဖို့ ထိပ်ဆုံးမှာထား ဟောကြားဆုံးမခဲ့ပေမယ့် မြန်မာစစ်တပ်ကတော့ လူမဆန်စွာ သတ်ဖြတ်မှုတွေကို အလွန်အကျူး ကျူးလွန်နေပြီး အခုဆိုရင် အပြစ်မဲ့ ကလေးသူငယ်များပါမချန် ရက်ရက်စက်စက် သတ်ဖြတ်နေပြီလို့ ဥက္ကဌ ဂျီမုန်းဆရာတော်က မိန့်ကြားပါတယ်။

ဓာတ်ပုံ - ပေးပို့
ဓာတ်ပုံ – ပေးပို့

ဒီလို မြန်မာစစ်အာဏာရှင်တွေရဲ့ အဆုံးမသတ်နိုင်တဲ့ အာဏာလောဘကြောင့် အပြစ်မဲ့ပြည်သူတွေ သေကြေပျက်စီးနေရတာဖြစ်ပြီး စစ်တပ်ရဲ့ ရက်စက်မှုကို နိုင်ငံတကာနဲ့ ကုလသမဂ္ဂက ထိရောက်စွာ ဖြေရှင်းပေးဖို့လည်း တောင်းဆိုခဲ့ပါတယ်။

ဓာတ်ပုံ - ပေးပို့
ဓာတ်ပုံ – ပေးပို့

အဲဒီနောက် ဘုန်းတော်ကြီးတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေဟာ မြန်မာစစ်တပ်အနေနဲ့ အာဏာအတွက် ပြည်သူကို သတ်ဖြတ်နေခြင်းကို ရပ်တန့်ဖို့၊ ကလေးသူငယ်တွေကို သတ်ဖြတ်မှုအတွက် တာဝန်ယူဖို့နဲ့ သေဆုံးသွားတဲ့ ကလေးငယ်တွေ၊ ကွယ်လွန်သွားခဲ့ကြတဲ့ မြန်မာပြည်သူတွေအတွက် ဆု‌တောင်းစကားများပါရှိတဲ့ ထုတ်ပြန်စာကို မြန်မာသံရုံးထံ သွားရောက်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

နိုင်ငံတကာ

ဘာသာရေး ရဲတွေရဲ့ ရိုက်နှက်မှုကြောင့် အီရန်က အမျိုးသမီးငယ် တစ်ယောက် သေဆုံးခဲ့တဲ့ ဖြစ်စဉ်အပြီး အခုလို အခြေအနေတွေ စတင်လာခဲ့တာ ဖြစ်ပါတယ်။

သတင်း

IIMM သည် ၂၀၁၁ မှစပြီး မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော အကြီးလေးဆုံး နိုင်ငံတကာရာဇဝတ်မှုများ၏ သက်သေအထောက်အထားများကို စုံစမ်းစစ်ဆေးရန်၊ စုဆောင်းရန်၊ ထိန်းသိမ်းရန်နှင့် စီစစ်သုံးသပ်ရန် ဆောင်ရွက်နေသည်။

သတင်း

စက်တင်ဘာ ၁၆ရက်တွင် ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာတွင် ဒေသခံများဖွင့်လှစ်ထားသော စာသင်ကျောင်းအား အကြမ်းဖက်စစ်အုပ်စုက စစ်ဆင်ရေးအဖြစ် ပစ်မှတ်ပြုလုပ်၍ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။

သတင်း

ကျောင်းသူ၊ ကျောင်းသားကလေးငယ် ၁၁ဦးကို အသက်ဆုံးရှုံးမှုဖြစ်ပွားခဲ့သည့် မြန်မာစစ်တပ်၏ တိုက်ခိုက်မှုအပါအဝင် အခြားတိုက်ခိုက်မှုအားလုံးကို ကနေဒါက အပြင်းထန်ဆုံးရှုတ်ချကြောင်း ယနေ့ထုတ်ပြန်သည်။