Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကန်ပက်လက်မြို့နယ်ရဲစခန်းမှ ရဲတပ်သားတစ်ဦး သေနတ်နှစ်လက်နှင့်ကျည်များယူလာပြီး CDM ပြုလုပ်

စက်တင်ဘာ ၅ ရက်ကလည်း စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် ကူတော်ရဲစခန်းမှ စစ်သား နှစ်ဦးလည်း သေနတ် ၂ လက်ယူဆောင်လာပြီး CDM ပြုလုပ်ကာပြည်သူနှင့် ပူးပေါင်းခဲ့သည်။

ဓာတ်ပုံ - CDF ကန်ပက်လက်
ဓာတ်ပုံ - CDF ကန်ပက်လက်

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်တွင် ရဲတပ်သားတစ်ဦးက သေနတ်နှစ်လက်နှင့် ခဲယမ်းများ ယူဆောင်လာပြီး CDF ကန်ပက်လက်ထံ ဆက်သွယ်ကာ ပြည်သူနှင့်အတူ ပူးပေါင်းလာခဲ့သည်။

ကန်ပက်လက်မြို့နယ်ရဲစခန်းမှ ရဲတပ်သား ပြည့်ဖြိုးဇင် ကိုယ်ပိုင်အမှတ် လ-၂၆၆၇၂၉ ပြည်သူ့ထံပူးပေါင်းလာသည်ဟု CDFက ယနေ့(စက်တင်ဘာ ၂၁ရက်) သတင်းထုတ်ပြန်ခြင်းဖြစ်သည်။

” အလင်းဝင်ချင်တာကို သူကိုယ်တိုင်က ချိတ်ဆက်ကမ်းလှမ်းလာတာ။ ကျွန်တော်တို့က စနစ်တကျပြင်ဆင်ပြီး သွားခေါ်ခဲ့တာ။ သေနတ်တွေရော၊ ကျည်တွေရော ယူလာတယ်။ အခု စိတ်ချရတဲ့နေရာရောက်နေပါပြီ”ဟု CDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဓာတ်ပုံ - CDF ကန်ပက်လက်
ဓာတ်ပုံ – CDF ကန်ပက်လက်

ရဲတပ်သား ပြည့်ဖြိုးဇင်သည် G3 (၁)လက်၊M16 (၁) လက်၊G3 ကျည်ဘောက် (၃)ခု၊M16 ကျည်ဘောက် (၂)ခု၊7.62 ကျည် (၁၁၀) တောင့်၊ (၉)မမ ကျည် (၅) တောင့်နှင့် ကျည်ကာ တစ်ထည်ကိုပါ ယူဆောင်လာခဲ့ပြီး ပြည်သူ့ထံ ပူးပေါင်းလာ​ခြင်းဖြစ်သည်။

စက်တင်ဘာ ၅ ရက်ကလည်း စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် ကူတော်ရဲစခန်းမှ စစ်သား နှစ်ဦးလည်း သေနတ် ၂ လက်ယူဆောင်လာပြီး CDM ပြုလုပ်ကာပြည်သူနှင့် ပူးပေါင်းခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

တစ်ဖက်တွင် ပြည်သူ့ကာကွယ်ရေးတပ်(PDF) တပ်ဖွဲ့ဝင်များအနေဖြင့် စစ်ကောင်စီတပ်ကို မတိုက်ခိုက်ရပါက အဓိပ္ပါယ်မရှိဟု ယူဆလျက်ရှိနေရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဆန့်ကျင်ဘက် အနေအထားဖြစ်သည်ဟု ဆိုသည်။

သတင်း

တပ်ကြပ်ကြီးစာရေး မင်းသူသည် ပြည်သူများအပေါ် အကြမ်းဖက်ခြင်းများ ဆက်လက်မပြုလုပ်လို၍ လက်နက်ခဲယမ်းများနှင့်အတူ ပြည်သူ့ရင် ခွင်ခိုလှုံလာခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

သတင်း

ကျန်ရှိရဲနှင့် စစ်သားများအနေဖြင့် အမြင်မှန်ရကာ ပြည်သူနှင့်ပူးပေါင်းပြီး CDM လုပ်စေလိုကြောင်း မြိုင်(ပကဖ)က သတိပေးတိုက်တွန်းသည်။

သတင်း

ပြည်သူ့စစ်သားများ ဇနီးများ အဖွဲ့ကလည်း ကလေးငယ်များအတွက် လွယ်အိတ်၊ ဖိနပ်အပါအဝင် ကျောင်းစရိတ်ထောက်ပံ့ကူညီခဲ့ကြသည် ဟုဆိုသည်။