Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေးမြို့နယ်တွင် နယ်ထိန်းရဲတစ်ဦး ရှင်းလင်းခံရ

“ဒီနေ့(စက်တင်ဘာ ၂၁ ရက်)နေ့လည် ၂ နာရီခွဲလောက်က ဖြစ်တာ။ခေါင်းတည်ပစ်ခံရပြီး နေရာမှာတင် ​သေသွားတယ်”ဟု ရေးမြို့နယ် ဒေသခံတစ်ဦးက ပြောသည်။

ရေးမြို့နယ်တွင် နယ်ထိန်းရဲတစ်ဦး ရှင်းလင်းခံရ
ရေးမြို့နယ်တွင် နယ်ထိန်းရဲတစ်ဦး ရှင်းလင်းခံရ

မွန်ပြည်နယ် ရေးမြို့နယ်တွင် နယ်ထိန်းရဲတစ်ဦး ရှင်းလင်းခံရကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

ပစ်ခတ်ရှင်းလင်းခံရသည့် နယ်ထိန်းရဲမှာ လမိုင်းမြို့ မြို့မ ၁၊ ၂၊ ၃ နယ်ထိန်းရဲ အောင်ကျော်မင်း ဆိုသူဖြစ်ပြီး မော့ကနင်ရွာရှိ ကားပြင်ဆိုင်တွင် သေဆုံးသွားသည်ဟု ဆိုသည်။

“ဒီနေ့(စက်တင်ဘာ ၂၁ ရက်)နေ့လည် ၂ နာရီခွဲလောက်က ဖြစ်တာ။ခေါင်းတည်ပစ်ခံရပြီး နေရာမှာတင် ​သေသွားတယ်”ဟု ရေးမြို့နယ် ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် ရေးမြို့နယ်၌ရှိသည့် အုပ်ချုပ်ရေးမှူးများနှင့် CDM မလုပ်ထားသည့် ဝန်ထမ်းများကို အမြန်ဆုံးနှုတ်ထွက်ရန် ယနေ့ နံနက်ပိုင်းတွင် ရေးဘီလူးအဖွဲ့သတိပေးချက်ထုတ်ပြန်ပြီးနောက် နယ်ထိန်းရဲတစ်ဦးရှင်းလင်းခံရခြင်း ဖြစ်သည်။

အဆိုပါ နယ်ထိန်းရဲ အောင်ကျော်မင်းကို ၎င်းတို့ ရှင်းလင်းခဲ့ခြင်းဟုလည်း ရေးဘီလူးခေါင်း ဆောင်က ၎င်း၏ လူမှုကွန်ရက်မှတဆင့် အတည်ပြုသည်။

မကြာသေးမီရက်ပိုင်းများကလည်း ရေးဘီလူးအဖွဲ့က ရေးခရိုင်တရားရုံးနှင့် ရေးမြို့နယ်လဝကရုံးကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဒုမြို့နယ်လဝကမှူး အပါအဝင် သုးဦး သေဆုံးသွားခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

ပြန်လည်ခုခံသဖြင့် ပစ်ခတ်ဖမ်းဆီးမှုတွင်လက်နက်ပါရနိုင်သော်လည်း စစ်တပ်ဂိတ်နှင့်နီးကပ်သောကြောင့် အိမ်အတွင်းရှာချိန်မရရှိခဲ့ ကြောင်းလည်း အသိပေးသည်။

သတင်း

ယနေ့ AA ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ UWSAနှင့် တွေ့ဆုံမှုကိစ္စကို ဒေါက်တာညိုထွန်းအောင်က ၎င်းကိုယ်တိုင် ရှင်းလင်းဖြေကြားခဲ့သည်။

သတင်း

စက်တင်ဘာ ၁၃ ရက်နံနက်တွင် စစ်ကောင်စီတပ်သည် ရွှေလောင်းကျေးရွာမှ ထွက်ခွာလာပြီး မွေ့တုံကျေးရွာအတွင်း ဝင်ရောက်ဖို့ကြိုးစားရာတွင် ထန်းလုံးမိုင်းများ၊ နင်းမိုင်းများ ထောင်ထားသော မိုင်းကွင်းအတွင်း ဝင်ရောက်ခဲ့ကြရာ ထိခိုက်မှုရှိခဲ့ကြောင်း ကျားသစ်နက် ပြောက်ကျား တပ်ဖွဲ့က အသိပေးသည်။

သတင်း

ထိုသို့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး နေရာတွင်ပင် သေဆုံးသွားကြောင်း၊ ကျောက်ထု PDF ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။