Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

‘နန်းထိုက်အောင်စစ်ဆင်ရေး’အဖြစ် ကျောက်တံခါးမြို့နယ်တွင် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်

တိုက်ခိုက်မှုများကို ယမန်နေ့ည ၉ နာရီ ၅၅ ခန့်က ကျောက်တံခါးမြို့ ကွင်းမြောက်ရပ်ကွက် ဇရပ်ကုန်း ထရမ်စဖော်မာအနီးတွင် ဖောက်ခွဲမှုတစ်ခုပြုလုပ်ခဲ့ရာ စစ်ဆေးရန် စစ်သားများရောက်လာချိန် ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

'နန်းထိုက်အောင်စစ်ဆင်ရေး'အဖြစ် ကျောက်တံခါးမြို့နယ်တွင် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်
'နန်းထိုက်အောင်စစ်ဆင်ရေး'အဖြစ် ကျောက်တံခါးမြို့နယ်တွင် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်

စစ်သားတစ်ဦးနှင့် ပျူနှစ်ဦးသေ၊ သေနတ်လေးလက်နှင့် ကျည်များရရှိ

‘နန်းထိုက်အောင်စစ်ဆင်ရေး’အဖြစ် ကျောက်တံခါးမြို့ ကွင်းမြောက်ရပ်ကွက်အတွင်း စစ်ကောင်စီတပ်အား မိုင်းနှစ်ဆင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ပဲခူးခရိုင် PDF တပ်ရင်း (၃၇၀၂)၊ တပ်ခွဲ(၂)က ယနေ့(စက်တင်ဘာ ၂၁)ထုတ်ပြန်သည်။

တိုက်ခိုက်မှုများကို ယမန်နေ့ည ၉ နာရီ ၅၅ ခန့်က ကျောက်တံခါးမြို့ ကွင်းမြောက်ရပ်ကွက် ဇရပ်ကုန်း ထရမ်စဖော်မာအနီးတွင် ဖောက်ခွဲမှုတစ်ခုပြုလုပ်ခဲ့ရာ စစ်ဆေးရန် စစ်သားများရောက်လာချိန် ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

“ထိုတိုက်ခိုက်မှုကြောင့် စကစတပ်ဖွဲ့ဝင် (၃)ဦးသေဆုံးခဲ့ပြီး (၁)ဦး ပြင်းထန်ဒဏ်ရာရခဲ့သည်။ ထိုဖြစ်စဉ်တွင် ရန်သူလက်နက်များဖြစ်သည့် MA1 တစ်လက်၊ MA3 တစ်လက်၊ ကာဘိုင် (၂)လက် နှင့် ၎င်းတို့​၏ ကျည်များဖြစ်သည့် MA 3 ကျည် (၁၁၅)တောင့်၊ ကာဘိုင်ကျည် (၁၄၅) တောင့်တို့အား သိမ်းဆည်းခဲ့သည်”ဟု ထုတ်ပြန်သည်။

အလားတူ စက်တင်ဘာ ၁၄ ရက်ကလည်း နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် နေ့လယ် ၁ နာရီခန့်တွင် ညောင်လေးပင်ဘက်မှ ပြန်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်ခုနစ်ဦးပါ ယာဥ်အား ညောင်လေးပင် မဒေါက်လမ်းပေါ် အင်းကပ္ပလိပ်အနီးတွင် ရွှေကျင်(ပကဖ)မှ မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ပြင်းထန်ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

ထို့ပြင် စက်တင်ဘာ ၁၄ ရက် ညနေ ၆ နာရီခွဲခန့်က ပဲခူးတိုင်းစစ်ဒေသခွဲ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် မှတ်တိုင်တိုက်နယ် ၊ ရွာသစ်ကြီးအုပ်စု၊ ရှမ်းစပ်ရွာနေ အုပ်ချုပ်ရေးမှူး ဦးဉာဏ်ဝင်းအား ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ နန်းထိုက်အောင်စစ် ဆင်ရေးအဖြစ် ရှင်းလင်းခဲ့သေးသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

မိုင်းခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၃ ဦးခန့်ထိမှန်လဲကျသွားပြီး အနီးနားရှိပြည်သူအချို့ကို ရမ်းကားဖမ်းဆီးသွားသည်ဟု PDF(ကလေး)ကအသိ​ပေးသည်။

သတင်း

နှစ်ရက်အတွင်း စစ်ကောင်စီတပ်က ထိခိုက်သေဆုံးမှုများစွာရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးပေ။

သတင်း

စက်တင်ဘာ ၂၁ရက် ညနေ ၆နာရီခန့်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ သေဆုံးထိခိုက်မှုကို မသိရသေးဟု ဖော်ပြထားသည်။

သတင်း

တိုက်ပွဲအတွင်း ပူးပေါင်းတပ်ဖွဲ့တွေဘက်က လက်ဖြောင့်စနိုက်ဘာ စစ်သည်တွေရဲ့ စွမ်းဆောင်ချက်နဲ့ စစ်ကောင်စီဘက်က ငါးဦး သေဆုံးခဲ့တယ်လို့ စစ်မြေပြင်သတင်း အတည်ပြုချက်အရသိရပါတယ်။