Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မိုးဗြဲမြို့တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေ

နှစ်ရက်အတွင်း စစ်ကောင်စီတပ်က ထိခိုက်သေဆုံးမှုများစွာရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးပေ။

(မိုးဗြဲ PDFမှ ရဲဘော်တစ်ဦးအား တွေ့ရစဥ်)
(မိုးဗြဲ PDFမှ ရဲဘော်တစ်ဦးအား တွေ့ရစဥ်)

စစ်ကောင်စီတပ်က တင့်ကားများကိုပါ အသုံးပြုတိုက်ခိုက်နေဟုဆို

မိုးဗြဲမြို့တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး အကြမ်းဖက်စစ်ကောင်စီဘက်က ထိခိုက်သေ ဆုံးမှုများရှိကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF)က ယနေ့(စက်တင်ဘာ ၂၁ ရက်) ထုတ်ပြန်သည်။

ယခုလ ၂၀ ရက် နှင့် ၂၁ ရက်တို့တွင် မိုးဗြဲမြို့အတွင်းတပ်စွဲထားသော စစ်ကောင်စီတပ်ကို မိုးဗြဲ PDF၊ ဖယ်ခုံ PDF B-01၊ လွိုင်ကော် PDF၊ အလယ်ပိုင်းတိုင်းအထူးစစ် ဆင်ရေးတပ်ဖွဲ့၊ DMO 1107 တပ်ရင်း၊ နေပြည်တော် PDF၊ KNDF၊ KA၊ KGZ နှင့် URF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

နှစ်ရက်အတွင်း စစ်ကောင်စီတပ်က ထိခိုက်သေဆုံးမှုများစွာရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးပေ။

Public Service Announcement
Public Service Announcement

ရှမ်း – ကယားနယ်စပ် မိုးဗြဲမြို့မှာ ကရင်နီဒေသအတွက် စစ်ရေးအရ အရေးပါနေသောကြောင့် စစ်ကောင်စီဘက်က အရပ်သုံးမျက်နှာဖြင့် တာဝေးပစ်လက်နက်ကြီးများ နှင့် တင့်ကားများဖြင့် အဆမတန်လွန်စွာပစ်ကူပေးနေကြောင်းလည်း အသိပေးသည်။

“အဓိကတော့ လွိုင်ကော်၊ဒီးမော့ဆို၊ နောက်ပြီး မိုးဗြဲ အထိုင်တပ် (၄၂၂) တပ်ကနေပြီး လက်နက် ကြီး ပစ်ကူပေးနေတာ။အခုတစ်ခေါက် တိုက်ပွဲမှာက တင့်ကားတွေပါ စခတွေ ထုတ်သုံးနေတယ်”ဟု မိုးဗြဲ မြို့စစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

လက်ရှိ နှစ်ရက်တာ တိုက်ပွဲ၌ ပူးပေါင်းအဖွဲ့မှ ထိခိုက်မှုမရှိခဲ့ပေ။ သို့သော် အင်အားအလုံးအရင်းဖြင့် မိုးဗြဲမြို့ကို ထိုးစစ်ဆင်နေသောကြောင့် မဟာမိတ်တပ်ပေါင်းစုများသည် အကောင်းဆုံးခုခံတွန်းလှန်နေကြောင်း ဖော်ပြသည်။

စက်တင်ဘာ ၁၉ ရက်က မိုးဗြဲ ဒေသခံများအနက် ဓားစာခံလူသားဒိုင်းအဖြစ်အသုံးပြုခဲ့သော အပြစ်မဲ့ပြည်သူ ၁၀၀ ဦးခန့်အနက်မှ အချို့မှာ ပြန်လည်လွတ်မြောက်လာပြီး အချို့ကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်သည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် လုံခြုံစိတ်ချရသောနေရာတွင် နေထိုင်ပေးကြပါရန်နှင့် ခရီး သွားပြည်သူများအနေဖြင့် မိုးဗြဲလမ်းကိုအသုံးမပြုကြသေးရန် MBPDF က တိုက်တွန်းသည်။

ကရင်နီ(ကယား)ပြည်နယ်၏ စစ်ရေးအရ အရေးပါသော နယ်မြေတစ်ခုဖြစ်သည့် မိုးဗြဲမြို့ကို ထိန်းချုပ်ရန် အကြမ်းဖက်စစ်ကောင်စီတပ်က ယခုလ ၈ ရက်ကစ၍ စစ်ကြောင်းထိုးဝင်ရောက်ခဲ့သည်။

သို့သော် ကရင်နီတပ်ပေါင်းစု၏ ခုခံစစ်ကြောင့် စစ်ကောင်စီတပ်က အထိနာ၍ ပြန်လည်ဆုတ်ခွာ ခဲ့ရသည်။

ထို့နောက် စက်တင်ဘာ ၁၅ ရက်ကစ၍ တကျော့ ပြန်စစ်ကြောင်းထိုးကာ တင့်ကားများနှင့် တာဝေးပစ်လက်နက်ကြီးများပါ စစ်ကောင်စီတပ်က ယူဆောင်လာခဲ့ကာ တိုက်ပွဲမှာ ပိုမိုပြင်းထန်လာနေခြင်းဖြစ်သည်။

နှစ်ပတ်တာ တိုက်ပွဲတွင် ကရင်နီတပ်ပေါင်းစုမှ ရဲဘော်လေးဦးကျဆုံးခဲ့ရပြီး စစ်ကောင်စီတပ်က ၆၀ ဦးထက်မနည်း သေဆုံးထားပြီး လက်နက်ခဲယမ်းများကို ကရင်နီတပ်ပေါင်းစုက သိမ်းဆည်းရရှိထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

မိုင်းခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၃ ဦးခန့်ထိမှန်လဲကျသွားပြီး အနီးနားရှိပြည်သူအချို့ကို ရမ်းကားဖမ်းဆီးသွားသည်ဟု PDF(ကလေး)ကအသိ​ပေးသည်။

သတင်း

စက်တင်ဘာ ၂၁ရက် ညနေ ၆နာရီခန့်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ သေဆုံးထိခိုက်မှုကို မသိရသေးဟု ဖော်ပြထားသည်။

သတင်း

တိုက်ပွဲအတွင်း ပူးပေါင်းတပ်ဖွဲ့တွေဘက်က လက်ဖြောင့်စနိုက်ဘာ စစ်သည်တွေရဲ့ စွမ်းဆောင်ချက်နဲ့ စစ်ကောင်စီဘက်က ငါးဦး သေဆုံးခဲ့တယ်လို့ စစ်မြေပြင်သတင်း အတည်ပြုချက်အရသိရပါတယ်။

သတင်း

တိုက်ခိုက်မှုများကို ယမန်နေ့ည ၉ နာရီ ၅၅ ခန့်က ကျောက်တံခါးမြို့ ကွင်းမြောက်ရပ်ကွက် ဇရပ်ကုန်း ထရမ်စဖော်မာအနီးတွင် ဖောက်ခွဲမှုတစ်ခုပြုလုပ်ခဲ့ရာ စစ်ဆေးရန် စစ်သားများရောက်လာချိန် ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။