Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ချင်း – မကွေးအစပ်တိုက်ပွဲ စစ်ကောင်စီတပ်မှ ငါးဦးထက်မနည်း သေဆုံးနိုင်ဟု ကန်ပက်လက် CDF အသိပေး

တိုက်ပွဲအပြီး နယ်မြေရှင်းလင်းရာ MA ကျည် ၂၀၀ တောင့်၊ (၄၀) မမ ကျည် သုံးလုံး၊ ကျည်ကာ တစ်ခု သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြထားသည်။

(ကန်ပက်လက် CDF ရဲဘော်များအား တွေ့ရစဉ်)
(ကန်ပက်လက် CDF ရဲဘော်များအား တွေ့ရစဉ်)

ချင်းပြည်နယ်နှင့် မကွေးတိုင်း အစပ်တစ်နေရာတွင် ယမန်နေ့(စက်တင်ဘာ ၂၀ရက်)က တိုက်ပွဲဖြစ် ပွားခဲ့ရာ စစ်ကောင်စီတပ်မှသေဆုံးထိခိုက်ရှိခဲ့ကြောင်း ကန်ပက်လက်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) က သတင်းထုတ်ပြန်သည်။

ကန်ပက်လက် CDFတပ်ဖွဲ့ဝင်များသည် ထိန်းချုပ် နယ်မြေ နယ်စပ်နေရာဖြစ်သော မကွေးတိုင်းနှင့် ချင်းပြည်နယ်အစပ် အပေါရွာဘက်သို့ နယ်မြေရှင်းလင်းရေး ပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်က သတင်းရပြီး ထိုးစစ်ဆင်လာ၍ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

တိုက်ပွဲမှာ ယမန်နေ့ မွန်းလွဲ ၃နာရီမှ စတင်ခဲ့ပြီး ၁နာရီခန့် ကြာမြင့်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၅ငါးဦးထက်မနည်း သေဆုံးနိုင်ပြီးအလောင်း သုံးလောင်းကို ပြန်တမ်းဖြင့် သင်္ဂြိုလ်ပေးခဲ့ကြောင်း ထုတ်ပြန်သည်။

တိုက်ပွဲအပြီး နယ်မြေရှင်းလင်းရာ MA ကျည် ၂၀၀ တောင့်၊ (၄၀) မမ ကျည် သုံးလုံး၊ ကျည်ကာ တစ်ခု သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြထားသည်။

တိုက်ပွဲအတွင်း ကန်ပက်လက် CDF ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

ပြီးခဲ့သည့်စက်တင်ဘာ(၁၆)ရက်တွင် ဒီပဲယင်းမြို့နယ်၊လက်ယက်ကုန်းကျေးရွာတွင်ဒေသခံများဖွင့်လှစ်ထားသော စာသင်ကျောင်းအား အကြမ်းဖက်စစ်အုပ်စုကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲသည်။

သတင်း

တောင်တွင်းဒေသသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ယနေ့(စက်တင်ဘာ ၂၁ရက်) နေ့လယ်တွင် People's Defence Force Kalay -Mine Team နှင့် မင်းကင်းPDF၊ Yatu Project မှ ပြည်သူ့ရဲဘော်များက တိုက်ခိုက်ခဲ့​​ခြင်းဟု PDF Kalay ပြန်ကြားရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

သတင်း

တပ်ဖွဲ့ဝင် မိသားစုများအား တပ်ရန်ပုံငွေများဖြင့် သက်သာချောင်ချိရေး ဆောင်ရွက်ပေးသွားရန်၊ ရန်သူ့သတင်းများ ရရှိစေရေးတပ်ဖွဲ့ဝင် မိသားစုများမှ တဆင့်ရယူနိုင်ရေး စည်းရုံးဆောင်ရွက်သွားရန် အချက်များ ပါဝင်သည်။

သတင်း

မိုင်းခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၃ ဦးခန့်ထိမှန်လဲကျသွားပြီး အနီးနားရှိပြည်သူအချို့ကို ရမ်းကားဖမ်းဆီးသွားသည်ဟု PDF(ကလေး)ကအသိ​ပေးသည်။