Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မင်းကင်းနယ် တောင်တွင်းဒေသတိုက်ပွဲ စစ်ကောင်စီ တပ် လေးဦးသေပြီး ၁၂ဦး ဒဏ်ရာရဟုဆို

တောင်တွင်းဒေသသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ယနေ့(စက်တင်ဘာ ၂၁ရက်) နေ့လယ်တွင် People’s Defence Force Kalay -Mine Team နှင့် မင်းကင်းPDF၊ Yatu Project မှ ပြည်သူ့ရဲဘော်များက တိုက်ခိုက်ခဲ့​​ခြင်းဟု PDF Kalay ပြန်ကြားရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

မင်းကင်းနယ် တောင်တွင်းဒေသတိုက်ပွဲ စစ်ကောင်စီ တပ် လေးဦးသေပြီး ၁၂ဦး ဒဏ်ရာရဟုဆို
မင်းကင်းနယ် တောင်တွင်းဒေသတိုက်ပွဲ စစ်ကောင်စီ တပ် လေးဦးသေပြီး ၁၂ဦး ဒဏ်ရာရဟုဆို

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် တောင်တွင်းဒေသသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးရဲဘော်များက တိုက်ခိုက်ခဲ့ရာ လေးဦးသေဆုံးပြီး ၁၂ဦး ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။

တောင်တွင်းဒေသသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ယနေ့(စက်တင်ဘာ ၂၁ရက်) နေ့လယ်တွင် People’s Defence Force Kalay -Mine Team နှင့် မင်းကင်းPDF၊ Yatu Project မှ ပြည်သူ့ရဲဘော်များက တိုက်ခိုက်ခဲ့​​ခြင်းဟု PDF Kalay ပြန်ကြားရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

“အဓိကကတော့ မိုင်းဆွဲတိုက်ခိုက်တာ။ ဒီနေ့တိုက်တဲ့အဖွဲ့တွေက မိုင်းမှာ ဆရာတွေချည်းပဲ။ စစ်ကောင်စီဘက်က လေးယောက်သေပြီး ၁၂ယောက် ဒဏ်ရာရသွားတယ်”ဟု ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ကလေးမှ ပြန်ကြားရေးအဖွဲ့ဝင်က ရှင်းပြသည်။

မင်းကင်းမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့​သည် ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့လက် အောက်တွင် ဖွဲ့စည်းထားသည်။မိုင်းကျွမ်းကျင်သူများ အဓိကပါဝင်ဖွဲ့စည်းထားသည့် People’s Defence Force Kalay -Mine Team နှင့် Yatu Project တို့မှာလည်း ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ဦးဆောင်မှုအောက်တွင် ဖွဲ့စည်းထား​ခြင်းဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

ပြီးခဲ့သည့်စက်တင်ဘာ(၁၆)ရက်တွင် ဒီပဲယင်းမြို့နယ်၊လက်ယက်ကုန်းကျေးရွာတွင်ဒေသခံများဖွင့်လှစ်ထားသော စာသင်ကျောင်းအား အကြမ်းဖက်စစ်အုပ်စုကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲသည်။

သတင်း

တပ်ဖွဲ့ဝင် မိသားစုများအား တပ်ရန်ပုံငွေများဖြင့် သက်သာချောင်ချိရေး ဆောင်ရွက်ပေးသွားရန်၊ ရန်သူ့သတင်းများ ရရှိစေရေးတပ်ဖွဲ့ဝင် မိသားစုများမှ တဆင့်ရယူနိုင်ရေး စည်းရုံးဆောင်ရွက်သွားရန် အချက်များ ပါဝင်သည်။

သတင်း

တိုက်ပွဲအပြီး နယ်မြေရှင်းလင်းရာ MA ကျည် ၂၀၀ တောင့်၊ (၄၀) မမ ကျည် သုံးလုံး၊ ကျည်ကာ တစ်ခု သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြထားသည်။

သတင်း

မိုင်းခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၃ ဦးခန့်ထိမှန်လဲကျသွားပြီး အနီးနားရှိပြည်သူအချို့ကို ရမ်းကားဖမ်းဆီးသွားသည်ဟု PDF(ကလေး)ကအသိ​ပေးသည်။