Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သီတင်းကျွတ် ပျော်ပွဲ၊ရွှင်ပွဲများမပြုလုပ်ကြရန် ထားဝယ်ခရိုင်ရှိ PDF များ မေတ္တာရပ်ခံ

အကြမ်းဖက်စစ်ကောင်စီနှင့် မဘသ အဖွဲ့များက ပြည်သူနှင့် ကာကွယ်ရေးအဖွဲ့များ သွေးကွဲအောင် အထင်မြင်လွဲစေနိုင်မည့် သီတင်းကျွတ် ပွဲလမ်း သဘင်များ ပြုလုပ်ရန် နှိုးဆော်လျက်ရှိသည်ဟုလည်း ဖော်ပြထားသည်။

(ယမန်နှစ်က လောင်းလုံးမြို့နယ်တွင် ပြည်သူများ တော်လှန်သီတင်းကျွတ်သပိတ် ပြုလုပ်ခဲ့စဉ် ၊ဓာတ်ပုံ - DDMSC)
(ယမန်နှစ်က လောင်းလုံးမြို့နယ်တွင် ပြည်သူများ တော်လှန်သီတင်းကျွတ်သပိတ် ပြုလုပ်ခဲ့စဉ် ၊ဓာတ်ပုံ - DDMSC)

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် လာမည့်သီတင်းကျွတ်ကာလ ပွင့်လင်းရာသီတွင် ပျော်ပွဲ၊ရွှင်ပွဲများ၊ အလှူပွဲ၊ မင်္ဂလာပွဲ စသည့် ပွဲလမ်းသဘင်များ မပြုလုပ်ကြရန် ထားဝယ် DDT တပ်ခွဲ(၃)နှင့် လောင်းလုံး LLPDF အဖွဲ့တို့က ယနေ့ (စက်တင်ဘာ ၂၁) မေတ္တာရပ်ခံ ထုတ်ပြန် သည်။

လက်ရှိတွင် မြန်မာနိုင်ငံ နာရေးဖြစ်ပေါ်နေသည့် အချိန်တွင် မြန်မာပြည်အထက်ပိုင်း၊ အလယ်ပိုင်းနှင့် အောက်ပိုင်း ဒေသများ၏ ခက်ခဲမှုများအား ကိုယ်ချင်းစာတရားထား၍ ပွဲလမ်းသဘင်များ မပြုလုပ်ခြင်းဖြင့် ဆက်လက်အလေးပေးလိုက်နာကြရန်ဟု PDF များက တိုက်တွန်းထားသည်။

အကြမ်းဖက်စစ်ကောင်စီနှင့် မဘသ အဖွဲ့များက ပြည်သူနှင့် ကာကွယ်ရေးအဖွဲ့များ သွေးကွဲအောင် အထင်မြင်လွဲစေနိုင်မည့် သီတင်းကျွတ် ပွဲလမ်း သဘင်များ ပြုလုပ်ရန် နှိုးဆော်လျက်ရှိသည်ဟုလည်း ဖော်ပြထားသည်။

ထို့အပြင် မြန်မာပြည်နေရာအနှံ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက် စစ်​ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲများ ဖြစ်ပေါ်နေပြီး နယ်မြေအေးချမ်းမှု မရှိသောကြောင့် ပြည်သူ များ၏ ဘေးကင်းလုံခြုံရေးကို ရှေးရှုပြီး ပျော်ပွဲရွှင်ပွဲများ မပြုလုပ်ရန် ထုတ်ပြန်ခြင်းဖြစ်ကြောင်း လောင်းလုံး PDF အဖွဲ့များက ဆိုသည်။

ထို့​ကြောင့် ပြည်သူများအနေဖြင့် အသိပေး ထုတ်ပြန်ချက်များကို လိုက်နာပြီး PDF များနှင့်အတူ ပူးပေါင်းပါဝင်ပေးကြရန်လည်း ထားဝယ် DDT တပ်ခွဲ(၃) က တိုက်တွန်းနှိုးဆော်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

သတ်ဖြတ်ခံရသူများအနက် တစ်ဦးမှာ Monywa Ranger Group ၏ ရဲဘော်မိုင်းနက်ဖြစ်ပြီး ၎င်းနှင့်အတူ မည်သူမည်ဝါမသိရသေးသည့် လူငယ်နှစ်ဦးလည်း သတ်ဖြတ်ခံလိုက်ရကြောင်း ထိုအဖွဲ့က ပြောသည်။

သတင်း

ပြန်လည်ခုခံသဖြင့် ပစ်ခတ်ဖမ်းဆီးမှုတွင်လက်နက်ပါရနိုင်သော်လည်း စစ်တပ်ဂိတ်နှင့်နီးကပ်သောကြောင့် အိမ်အတွင်းရှာချိန်မရရှိခဲ့ ကြောင်းလည်း အသိပေးသည်။

သတင်း

ထိုတိုက်ခိုက်မှုအပြီးတွင် ဒဏ်ရာရတပ်သားများအား မိုင်းဆွဲတိုက်ခိုက်ရာ နေရာအနီးတွင် ရှေးဦးသူနာပြုနည်းဖြင့် အသက်ကယ်ပြုစုနေသည်ကိုသိရှိရကြောင်း​ဖော်ပြထားသည်။

သတင်း

တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ပစ်ခတ်ရှင်းလင်းခြင်းခံရသူနှစ်ဦးသည် ကျေးရွာနေပြည်သူများအားမီတာခများအတင်းအဓမ္မကောက်ခံခြင်း၊ ကျေးရွာလူထုအပေါ် ခြိမ်းခြောက်အကြပ်ကိုင်ခြင်းများအကြိမ်ကြိမ်လုပ်ဆောင်ခဲ့သည်ဟုထုတ်ပြန်ထားသည်။