Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်​တပ်ကဒီမိုက​ရေစီ​ရေးတက်ကြွလှုပ်ရှားသူ​တွေနဲ့တိုင်းရင်းသား​တွေအ​ပေါ်တုန်လှုပ်စရာ​ကောင်း​အောင်ရက်စက်တဲ့ပြစ်မှု​တွေကျူးလွန်​နေတယ်လို့ဂျိုးဘိုင်ဒန်​ပြော

ကုလသမဂ္ဂ အထွေထွေ ညီလာခံကို စက်တင်ဘာ ၂၀ ရက်နေ့က စတင်ကျင်းပခဲ့ပြီး မနေ့က အစီအစဉ်တွေမှာတော့ ဘိုင်ဒန်အပြင် ရုရှားနဲ့ စစ်မက် ဖြစ်ပွားနေတဲ့ ယူကရိန်း နိုင်ငံက သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကလည်း ရုပ်မြင်သံကြားကနေတဆင့် မိန့်ခွန်းပြောသွားတာ တွေ့ရပါတယ်။

(ကုလသမဂ္ဂအ​ထွေ​ထွေညီလာခံမှာ အ​မေရီကန်သမ္မတမိန့်ခွန်း​ပြော​နေစဥ်။ ။ဓါတ်ပုံ-ရိုက်တာ)
(ကုလသမဂ္ဂအ​ထွေ​ထွေညီလာခံမှာ အ​မေရီကန်သမ္မတမိန့်ခွန်း​ပြော​နေစဥ်။ ။ဓါတ်ပုံ-ရိုက်တာ)

မြန်မာနိုင်ငံမှာ စစ်ခေါင်းဆောင်တွေက ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေနဲ့ လူနည်းစု တိုင်းရင်းသားတွေအပေါ် တုန်လှုပ်စရာ ကောင်းလောက်တဲ့ ရက်စက်မှုမျိုးတွေ ကျူးလွန်နေတယ်လို့အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ကုလသမဂ္ဂ အထွေထွေ ညီလာခံ မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောကြားသွားပါတယ်။

အာဏာသိမ်း မြန်မာစစ်တပ်က ပြည်သူတွေအပေါ် ရက်ရက်စက်စက် ကျူးလွန်နေတာတွေ အပါအဝင် ကမ္ဘာအနှံ့က လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မျက်ကွယ်ပြုမထားကြဖို့ အ​မေရီကန်သမ္မတက စက်တင်ဘာ ၂၁ ရက်​နေ့မှာ​ပြောသွားပါတယ်။

ဘိုင်ဒန်က “ကျွန်တော်တို့ဟာ ကမ္ဘာကြီးရဲ့ ခေတ်နောက်ပြန်ဆွဲတဲ့ အခြေအနေတွေကို ခွင့်ပြုထားလို့ မရသလို ကမ္ဘာတလွှားမှာ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ တတိတိ တိုက်စားဖျက်ဆီး ခံနေရတာတွေကို မျက်နှာလွှဲထားလို့ မရပါဘူး။ ကုလသမဂ္ဂရဲ့ အောင်မြင်ခဲ့တဲ့ ဆောင်ရွက်မှုတွေထဲမှာ လူ့အခွင့်အရေးဆိုင်ရာ ဘုံသဘောတူညီမှုတွေ ကြေညာနိုင်ခဲ့တာလည်း အပါအဝင် ဖြစ်ပါတယ်။ ဒါတွေဟာ ရှေ့မျိုးဆက်တွေက ကျွန်တော်တို့ အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ဘယ်လို သတ်မှတ် တိုင်းတာမလဲ ဆိုတာကို စိန်ခေါ်ခဲ့တဲ့ စံသတ်မှတ်ချက်တွေလည်း ဖြစ်ပါတယ်”လို့ ဆိုတယ်။

(ကုလသမဂ္ဂအ​ထွေ​ထွေညီလာခံမှာ အ​မေရီကန်သမ္မတမိန့်ခွန်း​ပြော​နေစဥ်။      ။ဓါတ်ပုံ-ရိုက်တာ)
(ကုလသမဂ္ဂအ​ထွေ​ထွေညီလာခံမှာ အ​မေရီကန်သမ္မတမိန့်ခွန်း​ပြော​နေစဥ်။ ။ဓါတ်ပုံ-ရိုက်တာ)

“၁၉၄၈ ခုနှစ်မှာ ကတည်းက ကျွန်တော်တို့ အနေနဲ့ လူ့အခွင့်အရေးဆိုတာ ကျွန်တော်တို့အတွက် အခြေခံ အကျဆုံး ပိုင်ဆိုင်ရမယ့် ကိစ္စလို့ ရှင်းရှင်းလင်းလင်း လက်ခံခဲ့ကြတယ်။ ဒါပေမဲ့ မျက်မှောက်ခေတ် ၂၀၂၂ ခုနှစ်လို ကာလမျိုးမှာတောင် ကမ္ဘာကြီးရဲ့ အစိတ်အပိုင်းတိုင်းမှာ အခြေခံ လွတ်လပ်ခွင့်တွေက အန္တရာယ် ကျရောက်နေပါပြီ။ တရုတ်နိုင်ငံ၊ ရှင်းကျန်းဒေသက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကုလသမဂ္ဂနဲ့ အမေရိကန် အဆင့်မြင့် ကော်မရှင်တွေရဲ့ အစီရင်ခံစာတွေမှာ အသေးစိတ် ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ စစ်ခေါင်းဆောင်တွေက ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေနဲ့ လူနည်းစု တိုင်းရင်းသားတွေအပေါ် တုန်လှုပ်စရာ ကောင်းလောက်တဲ့ ရက်စက်မှုမျိုးတွေ ကျူးလွန်နေတယ်။ အာဖဂန် နစ္စတန်မှာ တာလီဘန်တွေက အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေအပေါ် ပိုပြီး ဖိနှိပ်လာတယ်။ ဒီနေ့မှာတော့ ကျွန်တော်တို့ အနေနဲ့ ကိုယ်ပိုင် အခြေခံ လွတ်လပ်ခွင့်တွေအတွက် ဆန္ဒပြနေကြတဲ့ အီရန်က ရဲရင့်တဲ့ အမျိုးသမီးတွေ၊ နိုင်ငံသားတွေနဲ့အတူ ရပ်တည်ပေးကြရမှာ ဖြစ်ပါတယ်”လို့ ဘိုင်ဒန်ရဲ့ မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောကြားသွားပါတယ်။

ကုလသမဂ္ဂ အထွေထွေ ညီလာခံကို စက်တင်ဘာ ၂၀ ရက်နေ့က စတင်ကျင်းပခဲ့ပြီး မနေ့က အစီအစဉ်တွေမှာတော့ ဘိုင်ဒန်အပြင် ရုရှားနဲ့ စစ်မက် ဖြစ်ပွားနေတဲ့ ယူကရိန်း နိုင်ငံက သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကလည်း ရုပ်မြင်သံကြားကနေတဆင့် မိန့်ခွန်းပြောသွားတာ တွေ့ရပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

မလေးရှားသည် မြေပြင်ရှိ လူသားချင်းစာနာမှုအကူ အညီပေးနေသည့် NGO များကို ဆက်လက်ကူညီထောက်ပံ့မည်ဟု နိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က ပြောသည်။

နိုင်ငံတကာ

ပြိုင်ဘက် ရီပတ်ဘလစ်ကန် ပါတီမှာတော့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ဘိုင်ဒန်ကို အရေးနိမ့်ပြီး သမ္မတရာထူး စွန့်လွှတ်ခဲ့ရတဲ့ ဒေါ်နယ်လ်ထရမ့်က ၂၀၂၄ ရွေးကောက်ပွဲမှာ ရလဒ် ပြန်ကောင်းဖို့ ပီပီပြင်ပြင် အားထုတ် ကြိုးစားမှုတွေ စတင်နေပြီ ဖြစ်ပါတယ်။

သတင်း

အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ထံ အဆိုပါ နိုင်ငံ့ခေါင်းဆောင်အမည်စာရင်းကို မင်းအောင်လှိုင် ဦးဆောင်သော ၎င်း၏အစိုးရအဖွဲ့ အမည်ကို ပြောင်းလဲရန် တိုက်ရိုက်စာပို့ခဲ့သော်လည်း အတွင်းရေးမှူးချုပ်က ၎င်းတို့ကို အသိအမှတ်မပြု၍ စစ်ကောင်စီ၏တောင်းဆိုချက်ကို အရေးယူဆောင်ရွက်ခြင်းမရှိခဲ့ပေ။

ဗီဒီယို

ဂူတာရက်စ်ဟာ ပူတင်ဆီ ဖုန်းမဆက်ခင် ဩဂုတ် လလယ်လောက်တုန်းကလည်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ သွားရောက် တွေ့ဆုံခဲ့ဖူးပါတယ်။