Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြန်မာစစ်တပ်ကို အပြစ်ပေးအရေးယူနိုင်ရေး နိုင်ငံတကာနှင့်ဆက်လက်ပူးပေါင်းကြိုးပမ်းသွားမည်ဟု CRPH ထုတ်ပြန်

တရားမ၀င်စစ်အာဏာသိမ်းမှုအပြီး အကြမ်းဖက်စစ်‌ကောင်စီတပ်ဖွဲ့ဝင်များက လူနေအိမ်များ၊ စစ်ဘေးရှောင်စခန်းများသို့ ဗုံးကြဲတိုက်ခိုက်ခြင်း၊ သေနတ်ဖြင့် ပစ်သတ်ခြင်းများကြောင့် ကလေးသူငယ် ၃၅၀ဦးခန့် သေဆုံးခဲ့ရပြီး ၁,၅၀၀ဦးခန့်မှာ မတရားဖမ်းဆီးခံထားရကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

(စစ်ကောင်စီတပ် လေကြောင်းကပစ်ခတ်၍ ထိခိုက်ပျက်ဆီးခဲ့သော စာသင်ကျောင်းအားတွေ့ရစဥ်၊ ဓာတ်ပုံ – ဒီပဲယင်း စစ်ဘေးရှောင်ထောက်ပံ့ရေးကော်မတီ)
(စစ်ကောင်စီတပ် လေကြောင်းကပစ်ခတ်၍ ထိခိုက်ပျက်ဆီးခဲ့သော စာသင်ကျောင်းအားတွေ့ရစဥ်၊ ဓာတ်ပုံ – ဒီပဲယင်း စစ်ဘေးရှောင်ထောက်ပံ့ရေးကော်မတီ)

စစ်ရာဇဝတ်မှုများကျူးလွန်နေသည့် အကြမ်းဖက်စစ်တပ်ကို နိုင်ငံတကာဥပဒေများနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေး နိုင်ငံတကာအစိုးရ၊ အဖွဲ့အစည်းများနှင့် ဆက်လက်ပူးပေါင်းကြိုးပမ်းသွားမည်ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ယနေ့ထုတ်ပြန်သည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၆ ရက်တွင် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်း ကိုယ်ထူကိုယ်ထ စာသင်ကျောင်းကို အကြမ်းဖက်စစ်တပ်က ရဟတ်ယာဉ်အသုံးပြု၍ လူမဆန်စွာ တိုက်ခိုက်ခဲ့မှုနှင့် စပ်လျဉ်း၍ နိုင်ငံတကာ အစိုးရများနှင့် လွှတ်တော်များက ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးနှင့် ကန့်ကွက်ရှုတ်ချခြင်းအပါအဝင် ဖြစ်နိုင်သမျှ အရေးယူဆောင်ရွက်မှုများပြုလုပ်ပေးနိုင်ရေး ကုလသမဂ္ဂ၊ အာဆီယံ၊ နိုင်ငံတကာပါလီမန်များအဖွဲ့၊ အာဆီယံပါလီမန်များအဖွဲ့များသို့ အကြောင်းကြားစာပေးပို့ခဲ့ကြောင်း CRPH က ထုတ်ပြန်သည်။

ယင်းဖြစ်စဉ် ဖြစ်ပွားသည့် နေ့မှစ၍ လူ့အခွင့်အရေး၊ ကလေးသူငယ် အခွင့်အရေးအဖွဲ့များနှင့် ဆက်သွယ်ဆောင်ရွက်ခဲ့ပြီး ယခုသတင်းပတ်အတွင်း နယူးယောက်မြို့သို့ ရောက်ရှိနေသည့် CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်ကလည်း ၎င်း၏ အစည်းအဝေးများတွင် အဆိုပါလူမဆန်သော စစ်ရာဇဝတ်မှုကို ဦးစားပေး ထည့်သွင်းဆွေးနွေးခဲ့သည်ဟု ဆိုသည်။

တရားမ၀င်စစ်အာဏာသိမ်းမှုအပြီး အကြမ်းဖက်စစ်‌ကောင်စီတပ်ဖွဲ့ဝင်များက လူနေအိမ်များ၊ စစ်ဘေးရှောင်စခန်းများသို့ ဗုံးကြဲတိုက်ခိုက်ခြင်း၊ သေနတ်ဖြင့် ပစ်သတ်ခြင်းများကြောင့် ကလေးသူငယ် ၃၅၀ဦးခန့် သေဆုံးခဲ့ရပြီး ၁,၅၀၀ဦးခန့်မှာ မတရားဖမ်းဆီးခံထားရကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ထို့အပြင် အာဏာသိမ်းမှုကို ဆန့်ကျင်သည့် မိဘများကို ဖိအားပေးရန်အတွက် ကလေးသူငယ်များအား ဓားစာခံအဖြစ် ဖမ်းဆီးခံထားရသူ ၆၅ဦးခန့်ရှိပြီး အကြမ်းဖက်စစ်တပ်ဖွဲ့ဝင်များ၏ လူမဆန်သော လုပ်ရပ်များကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ကလေးသူငယ် အရေအတွက်မှာ ၁၄,၀၀၀ကျော်ရှိပြီဟု ဖော်ပြသည်။ ယင်းအနက် ကလေးသူငယ် ထက်ဝက်ကျော်မှာ ကျောင်းတက်ခွင့်နှင့် ပညာသင်ကြားခွင့်များ ဆုံးရှုံးနေသည်ဟု CRPH က ထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

JFM သည် စစ်အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း မြန်မာစစ်တပ်ကို ငွေကြေး၊ လက်နက်များကို အထောက်အပံ့ပြုနေသည့် ကုမ္ပဏီ ၃၁ ခုကို အရေးယူပိတ်ဆို့ရန် ဖော်ထုတ်ထားသည်။

သတင်း

ပြီးခဲ့သည့်စက်တင်ဘာ(၁၆)ရက်တွင် ဒီပဲယင်းမြို့နယ်၊လက်ယက်ကုန်းကျေးရွာတွင်ဒေသခံများဖွင့်လှစ်ထားသော စာသင်ကျောင်းအား အကြမ်းဖက်စစ်အုပ်စုကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲသည်။

သတင်း

တပ်ဖွဲ့ဝင် မိသားစုများအား တပ်ရန်ပုံငွေများဖြင့် သက်သာချောင်ချိရေး ဆောင်ရွက်ပေးသွားရန်၊ ရန်သူ့သတင်းများ ရရှိစေရေးတပ်ဖွဲ့ဝင် မိသားစုများမှ တဆင့်ရယူနိုင်ရေး စည်းရုံးဆောင်ရွက်သွားရန် အချက်များ ပါဝင်သည်။

သတင်း

ဒီလို မြန်မာစစ်အာဏာရှင်တွေရဲ့ အဆုံးမသတ်နိုင်တဲ့ အာဏာလောဘကြောင့် အပြစ်မဲ့ပြည်သူတွေ သေကြေပျက်စီးနေရတာဖြစ်ပြီး စစ်တပ်ရဲ့ ရက်စက်မှုကို နိုင်ငံတကာနဲ့ ကုလသမဂ္ဂက ထိရောက်စွာ ဖြေရှင်းပေးဖို့လည်း တောင်းဆိုခဲ့ပါတယ်။