Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြန်မာစစ်တပ်၏ လက်နက်ပွဲစားများကိုချက်ချင်းအရေးယူပိတ်ဆို့ရန် EU ကို JFM တောင်းဆို

JFM သည် စစ်အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း မြန်မာစစ်တပ်ကို ငွေကြေး၊ လက်နက်များကို အထောက်အပံ့ပြုနေသည့် ကုမ္ပဏီ ၃၁ ခုကို အရေးယူပိတ်ဆို့ရန် ဖော်ထုတ်ထားသည်။

မြန်မာစစ်တပ်၏ လက်နက်ပွဲစားများကိုချက်ချင်းအရေးယူပိတ်ဆို့ရန် EU ကို JFM တောင်းဆို
မြန်မာစစ်တပ်၏ လက်နက်ပွဲစားများကိုချက်ချင်းအရေးယူပိတ်ဆို့ရန် EU ကို JFM တောင်းဆို

ဥရောပသမဂ္ဂ(EU)သည် မြန်မာစစ်တပ်၏ လက်နက်ပွဲစားများကို ချက်ချင်းအရေးယူပိတ်ဆို့ရန် Justice For Myanmar က တောင်းဆိုလိုက်သည်။

မြန်မာနိုင်ငံအပေါ် အီးယူ၏ နောက်ဆုံးအကြိမ်အရေးယူပိတ်ဆို့မှုမှာ ၇ လကျော်ရှိလာခဲ့ပြီး တရားမဝင်စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရက်များသည် ဆင်ခြင်မှုမရှိသော လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများ၊ နိုင်ငံရေးအကျဥ်းသားများကို ကွပ်မျက်မှုများနှင့် ကျောင်းသားကလေးငယ်များကို သတ်ဖြတ်ခြင်းတို့ကို ပိုမိုပြင်းထန်စွာလုပ်ဆောင်လာကြောင်း JFM က ယနေ့ထုတ်ပြန်သည်။

ပြီးခဲ့သည့်သီတင်းပတ်က အနည်းဆုံးကျောင်းသားကလေးငယ် ၁၁ ဦးကို သတ်ဖြတ်ခဲ့မှုသည် ယခင်နှစ် ဖေဖော်ဝါရီတွင် မြန်မာစစ်တပ်၏ အာဏာသိမ်းရန်ကြိုးပမ်းမှုစတင်ချိန်ကစ၍ တိုက်ခိုက်မှုတစ်ခုအတွင်း ကလေးငယ်များကို သတ်ဖြတ်မှု အမြင့်မားဆုံးမှတ်တမ်းဖြစ်ခဲ့ကြောင်း JFM ကဆိုသည်။

မြန်မာစစ်ကောင်စီ၏ ဆက်လက်ကျူးလွန်နေဆဲ ရက်စက်ကြမ်းကြုတ်သည့်ရာဇ၀တ်မှုများမှာ အီးယူအပါအ၀င် နိုင်ငံများထံမှ ငွေကြေးများ၊ လက်နက်များ၊ ဆက်စပ်ပစ္စည်းများကို ရရှိနေခြင်းကြောင့် ဖြစ်ပေါ်နေခြင်းဟု JFM က ပြောသည်။

JFM သည် စစ်အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း မြန်မာစစ်တပ်ကို ငွေကြေး၊ လက်နက်များကို အထောက်အပံ့ပြုနေသည့် ကုမ္ပဏီ ၃၁ ခုကို အရေးယူပိတ်ဆို့ရန် ဖော်ထုတ်ထားသည်။

လက်ရှိအချိန်အထိ အီးယူသည် အဆိုပါ ကုမ္ပဏီ ၃၁ ခုအနက် Htoo Group of Companies တစ်ခုကိုသာ အရေးယူပိတ်ဆို့ထားသည်။

အီးယူနှင့်ပတ်သက်ဆက်နွယ်နေသည့် ကုမ္ပဏီငါးခုစာရင်းကို JFM က ဖော်ထုတ်ခဲ့ပြီး အရေးပေါ်ဒဏ်ခတ်ပိတ်ဆို့ရန်တောင်းဆိုသည်။ အဆိုပါ ကုမ္ပဏီငါးခုမှာ Dynasty Group နှင့် လက်အောက်ခံကုမ္ပဏီများ၊ KT Group ၊ Ky-Tha Group နှင့် လက်အောက်ခံကုမ္ပဏီများ၊ Mega Hill General Trading ၊ Miya Win International နှင့် Myanmar Chemical & Machinery(MCM) တို့ ဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

တရားမ၀င်စစ်အာဏာသိမ်းမှုအပြီး အကြမ်းဖက်စစ်‌ကောင်စီတပ်ဖွဲ့ဝင်များက လူနေအိမ်များ၊ စစ်ဘေးရှောင်စခန်းများသို့ ဗုံးကြဲတိုက်ခိုက်ခြင်း၊ သေနတ်ဖြင့် ပစ်သတ်ခြင်းများကြောင့် ကလေးသူငယ် ၃၅၀ဦးခန့် သေဆုံးခဲ့ရပြီး ၁,၅၀၀ဦးခန့်မှာ မတရားဖမ်းဆီးခံထားရကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

သတင်း

ပြီးခဲ့သည့်စက်တင်ဘာ(၁၆)ရက်တွင် ဒီပဲယင်းမြို့နယ်၊လက်ယက်ကုန်းကျေးရွာတွင်ဒေသခံများဖွင့်လှစ်ထားသော စာသင်ကျောင်းအား အကြမ်းဖက်စစ်အုပ်စုကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲသည်။

သတင်း

တပ်ဖွဲ့ဝင် မိသားစုများအား တပ်ရန်ပုံငွေများဖြင့် သက်သာချောင်ချိရေး ဆောင်ရွက်ပေးသွားရန်၊ ရန်သူ့သတင်းများ ရရှိစေရေးတပ်ဖွဲ့ဝင် မိသားစုများမှ တဆင့်ရယူနိုင်ရေး စည်းရုံးဆောင်ရွက်သွားရန် အချက်များ ပါဝင်သည်။

သတင်း

ဒီလို မြန်မာစစ်အာဏာရှင်တွေရဲ့ အဆုံးမသတ်နိုင်တဲ့ အာဏာလောဘကြောင့် အပြစ်မဲ့ပြည်သူတွေ သေကြေပျက်စီးနေရတာဖြစ်ပြီး စစ်တပ်ရဲ့ ရက်စက်မှုကို နိုင်ငံတကာနဲ့ ကုလသမဂ္ဂက ထိရောက်စွာ ဖြေရှင်းပေးဖို့လည်း တောင်းဆိုခဲ့ပါတယ်။