Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မရမ်းကုန်းစစ်ကောင်စီခန့်ရာအိမ်မှူးတစ်ဦးကို မြို့ပြ​ပြောက်ကျားတပ်ဖွဲ့က သုတ်သင်ရှင်းလင်း

တရားခံ ဇေသူသည် မပြန်လမ်းသို့ တစ်ခါတည်းအပြီးရောက်သွားကြောင်းလည်း မြေပြင်သတင်းများနှင့် အ တည်ပြုပြီး ဖြစ်ပါသည်ဟု MIU က ဖော်ပြသည်။

(စစ်​ကောင်စီခန့် ရာအိမ်မှူး ​ဇေသူ။ ။ဓါတ်ပုံ-​CJ)
(စစ်​ကောင်စီခန့် ရာအိမ်မှူး ​ဇေသူ။ ။ဓါတ်ပုံ-​CJ)

ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် (၃)ရပ်ကွက်မှ စစ်ကောင်စီခန့်ရာအိမ်မှူးတစ်ဦးကို ပြည်သူ့တရားစီရင်ရေးအဖြစ် သုတ်သင်ရှင်းလင်းလိုက်ကြောင်း Myanmar Independence Unit(MIU)က ယနေ့(စက်တင် ဘာ ၂၂)ထုတ်ပြန်သည်။

မရမ်းကုန်း (၃)ရပ်ကွက် ကံသာဇေယျုံအပိုင်းမှ စစ်ကောင်စီခန့်ရာအိမ်မှူး ဇေသူဆိုသူအား MIU၊ MFF နှင့် BSS ပြောက်ကျားတပ်ဖွဲ့များပူးပေါင်းပြီး ယနေ့နေ့ လယ် ၁၁ နာရီ ၅၄ မိနစ်ခန့်တွင် သုတ်သင်ရှင်းလင်းခဲ့ကြောင်း ဖော်ပြသည်။

၎င်းစစ်ကောင်စီခန့်ရာအိမ်မှူး ဇေသူသည် စစ်ကောင်စီတပ်၏ သတင်းပေးဒလန်လုပ်ခြင်း၊ မူးယစ်ဆေးဝါးရောင်းဝယ်ခြင်း စသည်တို့ကို ပြုလုပ်နေသူဖြစ်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

တရားခံ ဇေသူသည် မပြန်လမ်းသို့ တစ်ခါတည်းအပြီးရောက်သွားကြောင်းလည်း မြေပြင်သတင်းများနှင့် အ တည်ပြုပြီး ဖြစ်ပါသည်ဟု MIU က ဖော်ပြသည်။

“ဇွဲသူက စစ်တပ်အမာခံသတင်းပေးတစ်ယောက်။ ရပ်ကွက်မှာ ရာအိမ်မှုးဆိုပြီးမြောက်ကြွကြွနဲ့ကောင်။ ရပ်ကွက်ထဲဧည့်စစ်တွေ နဲ့ တော်လှန်ရေးသမားတွေကို ဖမ်းဆီးရာမှာလည်း သတင်းပေးပြီး ကိုယ်တိုင်လိုက်လံဖမ်းဆီးပေးတဲ့သူ”ဟု ပြည်သူတစ်ဦးက ပြောသည်။

ဇွဲသူ သည် စစ်​ကောင်စီတပ်နှင့်ပူး​ပေါင်း၍ မူးယစ်​ဆေးဝါးများကို ဖြန့်ဖြူး​ရောင်းချသလို ကိုယ်တိုင်လည်းသုံးစွဲ​ကြောင်းလည်း ​​ဒေသခံတစ်ဦးက​ပြောသည်။

အထက်ပါတိုက်ခိုက်မှုအပြီးတွင် တော်လှန်ရေးရဲဘော် ပြောက်ကျားတပ်ဖွဲ့ဝင်များ ဘေးကင်းလုံခြုံရာသို့ ပြန် လည်ရောက်ရှိပြီဖြစ်ကြောင်း အသိပေးသည်။

ရန်ကုန်မြို့ရှိ အခြားသော အကြမ်းဖက်စစ်တပ်အားပေး၊ အလိုတူအလိုပါများအနေဖြင့်လည်း အမျိုးမျိုးသတိပေးနေသည့်ကြားမှ ဆက်လက်ရမ်းကားနေမည်ဆိုပါက ပြည်သူ့ဘက်တော်သားများက တုန့်ဆိုင်းမှုမရှိဘဲ အမြန်ဆုံး ရှင်းလင်းသုတ်သင်မှုများ လုပ်ဆောင်သွားမည်ဟု အသိပေးထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

တိုက်ပွဲတွင် သေဆုံးသည့် အလောင်းများကို စစ်ကောင်စီတပ်က ဆရာစံရွာနှင့် ဝက်ရှု့ကြားတောတွင် မြှပ်နှံသွားသည်ဟု ဒေသခံများက ပြောသည်။

သတင်း

အဆိုပါဒေသ၌ တိုက်ပွဲများ တောက်လျှောက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ကူ၊ လေကြောင်းပစ်ကူများ အသုံးပြုပြီး အင်အားအများအပြားဖြင့် ထိုးစစ်ဆင်လျက်ရှိသော်လည်းပူးပေါင်းတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် အထိနာလျက်ရှိသည်။

သတင်း

“သပိတ်က အစအခုအချိန်ထိသေဆုံးသွားတဲ့ သူတွေမျက်နှာကို ငဲ့ညှာပြီး တော်လှန်ရေးအဖွဲ့ CDF တစ်ခုတည်းမဟုတ်ဘူး PDF တွေ ကာကွယ်ရေး အားလုံးနဲ့ ပြည်သူတွေ တသားတည်းပါပြီး စကစကို ဆန့်ကျင်ကြောင်း ပြဖို့ လိုအပ်တယ်”ဟု ဆလိုင်းဟာအွမ်က ပြောသည်။

သတင်း

မြောင်နယ်တွင် စစ်ကောင်စီတပ်က တကျော့ပြန်စစ်ကြောင်းထိုး ဖျက်ဆီးမှုများ ပြုလုပ်နေပြီး ကျေးရွာအများအပြား ထွက်ပြေးတိမ်းရှောင်နေရသည်။