Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တန့်ဆည်တွင် စစ်ကောင်စီတပ်က ၆ရက်အတွင်း ၁၅ကြိမ် မီးရှို့ပြီး ဒေသခံပြည်သူ၁၀ဦးကို သတ်ဖြတ်

စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များသည် တန့်ဆည်မြို့နယ်ရှိ ကျေးရွာနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများအား ဖမ်းဆီးသတ် ဖြတ်ခြင်း၊ လူသားဒိုင်းအဖြစ်အသုံးပြုခြင်း စသည့် လူ့အခွင့်အရေးချိုးဖောက်မှုများအား နေ့စဉ် ပြုလုပ်လျက်ရှိသည်။

(ထွက်ပြေးတိမ်းရှောင်လာသော တန့်ဆည်နယ်ရှိ ကျေးရွာများမှ ပြည်သူများ၊ ဓာတ်ပုံ-TCRF)
(ထွက်ပြေးတိမ်းရှောင်လာသော တန့်ဆည်နယ်ရှိ ကျေးရွာများမှ ပြည်သူများ၊ ဓာတ်ပုံ-TCRF)

▪️ရွာပေါင်း ၃၀မှ စစ်ဘေးရှောင်ပြည်သူ ၁၇,၀၀၀ ခန့်တိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် စစ်ကောင်စီတပ်က ၆ရက်အတွင်း ကျေးရွာ၁၂ရွာခန့်အား ၁၅ ကြိမ်တိတိ မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံပြည်သူ ၁ဝဦးကို မီးရှို့သတ်ဖြတ်ခဲ့ကြောင်း တန့်ဆည်မြို့နယ် ပြည်သူ့အု​ပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များသည် တန့်ဆည်မြို့နယ်ရှိ ကျေးရွာနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများအား ဖမ်းဆီးသတ် ဖြတ်ခြင်း၊ လူသားဒိုင်းအဖြစ်အသုံးပြုခြင်း စသည့် လူ့အခွင့်အရေးချိုးဖောက်မှုများအား နေ့စဉ် ပြုလုပ်လျက်ရှိသည်။

စက်တင်ဘာ ၁၇ရက်မှ ယနေ့ ၂၂ရက်အထိ ၆ရက်တာကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် များက အုပ်ဖိုအိုင်ရွာ၊ ရေဦးကုန်းရွာ၊ အောင်ချမ်းသာရွာ၊ ဘေရင်း/ရွာသစ်ရွာ၊ အင်းပတ်ရွာ၊ အိုးသည်ကုန်းရွာ၊ ဂွေးကုန်းရွာ၊ နဘက်ငယ်ရွာ၊ တောင်တောရွာ၊ ပေကုန်းရွာနှင့် သက္ကယ်တန်းရွာများမှ ဒေသခံပြည်သူ့နေအိမ်များအား (၁၅) ကြိမ်တိတိ မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူ ၁၀ဦးကိုလည်း မီးရှို့သတ်ဖြတ်ခဲ့ကြောင်း တန့်ဆည်မြို့နယ် ပြည်သူ့အု​ပ်ချုပ်ရေးအဖွဲ့က အသိပေးသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တန့်ဆည်မြို့နယ် အား ယခင်ကထက် စစ်ရာဇ၀တ်မှုများ ကျူးလွန် ကာ ကျေးရွာများအား အင်အားအလုံးအရင်းဖြင့် ၀င်ရောက်စီးနင်းနေသောကြောင့် ကျေးရွာပေါင်း (၃၀) မှ စစ်ဘေးရှောင်ပြည်သူ ၁၇,၀၀၀ခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု တန့်ဆည်(ပအဖ)၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဒေသခံပြည်သူများအနေဖြင့် နေရပ်စွန့်ခွာရမည် ဆိုပါက အရေးကြီးပစ္စည်းများ၊ စားနပ်ရိက္ခာများအား လုံခြုံသောနေရာများတွင် ထုတ်ပိုးသိမ်းဆည်းထားကြရန်၊ အရေးပေါ် ဆေးဝါးများနှင့် တစ်ကိုယ်ရေသုံးပစ္စည်းများအား တစ်ပါတည်းယူဆောင်နိုင်ရန် ကြိုတင်ပြင် ဆင်ထားကြရန်၊ စစ်ကောင်စီစစ်ကြောင်းများ၏အဝေးတွင် လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် နေထိုင်ကြပါရန် တန့်ဆည်မြို့နယ် ပြည်သူ့အု​ပ်ချုပ်ရေးအဖွဲ့က အသိပေးထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

တိုက်ပွဲတွင် သေဆုံးသည့် အလောင်းများကို စစ်ကောင်စီတပ်က ဆရာစံရွာနှင့် ဝက်ရှု့ကြားတောတွင် မြှပ်နှံသွားသည်ဟု ဒေသခံများက ပြောသည်။

သတင်း

အဆိုပါဒေသ၌ တိုက်ပွဲများ တောက်လျှောက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ကူ၊ လေကြောင်းပစ်ကူများ အသုံးပြုပြီး အင်အားအများအပြားဖြင့် ထိုးစစ်ဆင်လျက်ရှိသော်လည်းပူးပေါင်းတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် အထိနာလျက်ရှိသည်။

သတင်း

“သပိတ်က အစအခုအချိန်ထိသေဆုံးသွားတဲ့ သူတွေမျက်နှာကို ငဲ့ညှာပြီး တော်လှန်ရေးအဖွဲ့ CDF တစ်ခုတည်းမဟုတ်ဘူး PDF တွေ ကာကွယ်ရေး အားလုံးနဲ့ ပြည်သူတွေ တသားတည်းပါပြီး စကစကို ဆန့်ကျင်ကြောင်း ပြဖို့ လိုအပ်တယ်”ဟု ဆလိုင်းဟာအွမ်က ပြောသည်။

သတင်း

မြောင်နယ်တွင် စစ်ကောင်စီတပ်က တကျော့ပြန်စစ်ကြောင်းထိုး ဖျက်ဆီးမှုများ ပြုလုပ်နေပြီး ကျေးရွာအများအပြား ထွက်ပြေးတိမ်းရှောင်နေရသည်။