ပူးပေါင်းတပ်မှ PDF ရဲဘော်နှစ်ဦးကျဆုံး
ထားဝယ်ခရိုင် ရေဖြူမြို့နယ်ရှိ ပိတောက်ကုန်းစစ်ဆေးရေးဂိတ်နှင့် စစ်ကောင်စီလက်အောက်ခံ ခလရ(၄၀၇)တပ်တို့ကို မဟာမိတ်တပ်များနှင့်အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း People’s Defense Force(T1) က ယနေ့(စက်တင်ဘာ ၂၂)ထုတ်ပြန်သည်။
စက်တင်ဘာ ၁၉ ရက် ည ၇နာရီခန့်က ပိတောက်ကုန်းရွာရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်နှင့် ခလရ(၄၀၇) တပ်ရင်းကို ထားဝယ်ခရိုင် PDF တပ်မတော်နှင့် မဟာမိတ်အဖွဲ့များပူးပေါင်းပြီး စီးနင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြသည်။
အဆိုပါတိုက်ခိုက်မှုတွင် ထားဝယ်ခရိုင်ပြည်သူ့ကာ ကွယ်ရေးတပ်မတော် T-1ဇုံမှ ရဲဘော်နိုင်တီနိုင်းနှင့် မဟာမိတ်တပ်ဖွဲ့မှ ရဲဘော်ဝတုတ်တို့နှစ်ဦးကျည်ထိမှန်ပြီး တိုင်းပြည်အတွက်အသက်ပေးသွားခဲ့ကြောင်း ဝမ်းနည်းမှတ်တမ်း ထုတ်ပြန်သည်။
အသက်ပေးလှူခဲ့ရသည့် အာဇာနည်သူရဲကောင်းနှစ်ဦး၏ ဆောင်ရွက်ဆဲဖြစ်သော စစ်အာဏာ ရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေး၊ ဖယ်ဒရယ်ဒီမိုကရေစီစနစ်ပေါ် ထွန်းရေးတာဝန်များကို ကျန်ရစ်သူရဲဘော်များက ဆက်လက်ထမ်းဆောင် တိုက်ပွဲဝင်သွားမည်ဟု ကတိသစ္စာပြုထားသည်။
အထက်ပါတိုက်ခိုက်မှုဖြစ်စဥ်တွင် စစ်ကောင်စတေပ်ဘက်မှ ထိခိုက်သေဆုံးမှုအခြေအနေအား သိရှိနိုင်ရန် People’s Defense Force(T1)အား ဆက်သွယ်ထားသော်လည်း အဆက်အသွယ်မရသေးပေ။