Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တမူး – အောင်ဇေယျလမ်းပိုင်းတွင် စစ်ကောင်စီတပ်နှင့် PDF တမူးတို့ တိုက်ပွဲဖြစ်

တိုက်ပွဲတွင် သေဆုံးသည့် အလောင်းများကို စစ်ကောင်စီတပ်က ဆရာစံရွာနှင့် ဝက်ရှု့ကြားတောတွင် မြှပ်နှံသွားသည်ဟု ဒေသခံများက ပြောသည်။

(PDF တမူးမှ ရဲဘော်များအား တွေ့ရစဥ်)

စစ်ကိုင်းတိုင်း တမူး – အောင်ဇေယျလမ်းပိုင်းတွင် စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်များ ယနေ့နက် ၁၀နာရီခန့်တွင် တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း ဒေသခံကာကွယ်ရေးတပ်နှင့်နီးစပ်သူများနှင့်ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သည် အင်အား ၁၀၀ခန့်ပါသည့် ယာဥ်သုံးစီးဖြင့် တမူးမြို့အထက်ပိုင်း မြို့သစ်ဘက်ကို ဦးတည်မောင်းနှင်လာစဉ် ဒေသခံကာကွယ်ရေးတပ်များက စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းတို့က ပြောသည်။

တိုက်ပွဲမှာ အချိန်၁နာရီခန့်ကြာမြင့်ပြီး စစ်ကောင်စီတပ်က အထိအခိုက်ကျဆုံးမှုများရှိသော်လည်း စာရင်းအတိအကျကို မသိရကြောင်း ဒေသခံကာကွယ်ရေးတပ်နှင့်နီးစပ်သူများကပြောသည်။

ထို့အပြင် ဒေသခံကာကွယ်ရေးတပ်များဘက်မှ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ကြောင်းလည်း ဒေသခံကာကွယ်ရေးတပ်နှင့် နီးစပ်သူများက ပြောသည်။

“တမူး PDFတပ်ရင်း (၁) နဲ့ မဟာမိတ်တွေ ပူးပေါင်းပြီး စခ(စစ်ကောင်စီတပ်)ကို တိုက်တာ။ ၁နာရီလောက်အပြန်အလှန်ပစ်ခတ်မှုဖြစ်တယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

တိုက်ပွဲတွင် သေဆုံးသည့် အလောင်းများကို စစ်ကောင်စီတပ်က ဆရာစံရွာနှင့် ဝက်ရှု့ကြားတောတွင် မြှပ်နှံသွားသည်ဟု ဒေသခံများက ပြောသည်။

တမူး – အောင်ဇေယျလမ်းပိုင်းတွင် စစ်ရေးတင်းမာနေခြင်းကြောင့် ဒေသခံကာကွယ်ရေးတပ်များက ခရီးသွားလာခွင့်ကို တားမြစ်ထားကြောင်းလည်း အကြိမ်ကြိမ်သတိပေးထားသည်။

ထိုအတူ စက်တင်ဘာ ၁၉ ရက်ကလည်း တမူးမြို့ဝင် (၄)မိုင်ဂိတ်တွင် စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံကာကွယ်ရေးတပ်မှ ရဲဘော် နှစ် ဦးကျဆုံးခဲ့သည်။ ကျဆုံးခဲ့သည့် ရဲဘော်များမှ BSO(Burmese Student Organization)တပ်ဖွဲ့မှ အသက် ၁၈ အရွယ် မောင်အာကာထက်နှင့် တမူး(ပကဖ)မှ အသက် ၄၀အရွယ် ရဲဘော်လင်းယုန်တို့ ဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

ထို့အပြင် ပြည်သူ့နေအိမ်များ​ အထိအခိုက်ထပ်မရှိစေရေးအတွက် အထက်အမိန့်အတိုင်း ပြန်လည် ဆုတ်ခွာပေးခဲ့ကြောင်းလည်း K-PDF က ပြောသည်။

သတင်း

"ရှင်းလင်းမှုအပြီးတွင် စစ်ကောင်စီခန့် အုပ်ကြီးထဲမှ M-22 သေနတ်တစ်လက်၊ကျည်ဘောက် (၃)ခု၊ (7.62)ကျည် (၃၇)တောင့်တို့ကို သိမ်းဆည်းရရှိခဲ့သည်"ဟု MBT က အသိ​ပေးသည်။

သတင်း

အဆိုပါဒေသ၌ တိုက်ပွဲများ တောက်လျှောက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ကူ၊ လေကြောင်းပစ်ကူများ အသုံးပြုပြီး အင်အားအများအပြားဖြင့် ထိုးစစ်ဆင်လျက်ရှိသော်လည်းပူးပေါင်းတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် အထိနာလျက်ရှိသည်။

သတင်း

"အဆောက်အဦးနှင့် စခများထိခိုက်မှုရှိနိုင်ပြီး အသေးစိပ်ကို မသိရှိရသေးပါ။ ပြည်သူ့ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါသည်"ဟု PDF-Khayan က အသိပေးသည်။