Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပခုက္ကူနယ်တွင် စစ်ကောင်စီ၏ အုပ်ချုပ်ရေးလုပ်ငန်းများဆောင်ရွက်ပေးနေသည့် အမျိုးသမီးကို ဒေသကာကွယ်ရေးအဖွဲ့ သွားရောက်သတိပေး

စက်တင်ဘာ ၂၁ ရက်က ပခုက္ကူမြိုနယ်၊ပန်းတိုင်းခြုံ ကျေးရွာအုပ်စု၊ ပန်းတိုင်းခြုံရွာရှိ အုပ်ချုပ်ရေးမှူးကိုယ်စား ဆောင်ရွက်ပေးနေသော ဒေါ်မြင့်ခင်အား ဝင်ရောက်ထိန်းသိမ်းခဲ့သည်။

အုပ်ချုပ်ရေးမှူးကိုယ်စား စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားလည်ပတ်စေရန် ဆောက်ရွက်ပေးနေသည့် အမျိုးသမီးအား တွေ့ရစဥ်။ဓာတ်ပုံ-Young Force-UG
အုပ်ချုပ်ရေးမှူးကိုယ်စား စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားလည်ပတ်စေရန် ဆောက်ရွက်ပေးနေသည့် အမျိုးသမီးအား တွေ့ရစဥ်။ဓာတ်ပုံ-Young Force-UG

မကွေးတိုင်း၊ ပခုက္ကူမြို့နယ် ပန်းတိုင်းခြုံကျေးရွာရှိ အုပ်ချုပ်ရေးမှူးကိုယ်စား စစ်ကောင်စီယန္တရားများလည်ပတ်ရန် ဆောင်ရွက်ပေးနေသော အမျိုးသမီးတစ်ဦးအား သွားရောက်သတိပေးခဲ့ကြောင်း ဒေသတွင်း Young Force-UG အဖွဲ့က သတင်းထုတ်ပြန်သည်။

စက်တင်ဘာ ၂၁ ရက်က ပခုက္ကူမြိုနယ်၊ပန်းတိုင်းခြုံ ကျေးရွာအုပ်စု၊ ပန်းတိုင်းခြုံရွာရှိ အုပ်ချုပ်ရေးမှူးကိုယ်စား ဆောင်ရွက်ပေးနေသော ဒေါ်မြင့်ခင်အား ဝင်ရောက်ထိန်းသိမ်းခဲ့သည်။

၎င်းသည် အရှေ့ဘုန်းကန်၊မြောက်လူးကန်နှင့် ပန်တိုင်းခြုံ ကျေးရွာသုံးရွာအတွက် အုပ်ချုပ်ရေးမှူးကိုယ်စား စစ်ကောင်စီ၏ယန္တရား လည်ပတ်စေရန်၊ထောက်ခံစာများ၊ ဧည့်စာရင်းများပြုလုပ်ပေးခြင်း၊ ကိုယ်စား ငွေတောင်းခံခြင်းများပြုလုပ်ပေးနေသူဖြစ်ကြောင်း၊ ၎င်းအား ထိုလုပ်ငန်းများ ဆက်လက်မပြုလုပ်ရန် ပထမဆုံးနှင့်နောက်ဆုံးအကြိမ်အဖြစ် သတိပေးတားမြစ်ခဲ့ကြောင်း Young Force-UG အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါအမျိုးသမီးထံမှ ရုံးလုပ်ငန်းများနှင့်ဆိုင်သော စာရွက်စာတမ်းများအား သိမ်းဆည်းကာ ဆက်လက်စုံစမ်းရန် အတွက် ဖုန်း(၁)လုံးကိုလည်း သိမ်းဆည်းခဲ့ကြောင်း၊ အချက်အလက်များ စိစစ်ပြီးချိန် ပြန်လည်ပေးအပ်ရန် သင့်လျော်လျှင် ပြန်ပေးမည်ဖြစ်ကြောင်း Young Force-UG က ပြောသည်။

“အုပ်ချုပ်ရေးမှူး တွေကိုမှာချင်တယ်၊အသက်တွေကို နှ​မျောရင် စစ်ကောင်စီရဲ့ ထောက်တိုင်တွေအဖြစ် ဆက်လက် မရပ်တည်ကြပါနဲ့။ကာကွယ်ရေးတပ်ဖွဲ့များဟာ နေရာမရွေး လှုပ်ရှားနိုင်ပါတယ်။”ဟု Young Force-UG အဖွဲ့က သတိပေးထားသည်။

အထောက်အထား ခိုင်လုံသော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ စည်းမျည်းစည်းကမ်းများနှင့်အညီ အသက်အရွယ်အား ထောက်ထားငဲ့ညှာခြင်း၊ကျန်ရစ်မည့် မိသားစုအခြေအနေများအား ငဲ့ညှာခြင်းများကြောင့်အသိပေးစကားများ ပြောကြားကာရဲဘော်များပြန်လည်ထွက်ခွာလာခဲ့ပြီး ငွေကြေးတစ်စုံတရာမျှ သိမ်းယူခဲ့ခြင်းမရှိခဲ့ကြောင်း အသိပေးထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

အဆိုပါ ဘီယာဖာများကို အများပြည်သူရှေ့တွင် ဖျက်ဆီးခဲ့ပြီး နောက်နောင်တွင်လည်း စစ်ကောင်စီ ထုတ်ကုန်ပစ္စည်းများ ဖမ်းဆီးရမိပါက ဖျက်ဆီးသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

သတင်း

သေဆုံးသူမှာ နှစ်တန်းကျောင်းသား မောင်ဇွဲနိုင်မိုးဖြစ်ပြီး လက်နက်ကြီးကျည်ထိမှန်ကာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဆောင်းပါး

"မိုးဗြဲ ကို စစ်ကောင်စီက ဘာလို့လိုချင်လဲဆိုတော့ အဲ့ဖက်လမ်း ထိန်းချုပ်နိုင်ရင် ရိက္ခာ ဖြတ်တောက်ရေးပိုင်းမှာ ကောင်းသွားမယ်ဆိုတဲ့ မျှော်လင့်ချက်မျိုး"ဟု ကရင်နီ​ဒေသမှ စစ်ရေးသတင်းရင်းမြစ်တစ်က​ပြောသည်။

သတင်း

စက်တင်ဘာ ၂၁ ရက် နံနက် ၆ နာရီခွဲခန့်က မန္တလေးတိုင်းသပိတ်ကျဥ်းအခြေစိုက် အမှတ် (၁၃) တန်းမြင့်လေ့ကျင့်ရေးတပ်မှ စစ်ကောင်စီတပ်သား ၁၀၀ ခန့်သည် ဧရာဝတီမြစ်အနောက်ဘက် ခင်ဦးနယ်သို့ ကပ်လာခဲ့သည်။