Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေကူတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်ထိမှန်ပြီး (၇)နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံး

သေဆုံးသူမှာ နှစ်တန်းကျောင်းသား မောင်ဇွဲနိုင်မိုးဖြစ်ပြီး လက်နက်ကြီးကျည်ထိမှန်ကာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

(လက်နက်ကြီးကျည်ထိမှန် သေဆုံးသွားသော အသက်(၇)နှစ်အရွယ် မောင်ဇွဲနိုင်မိုးအား ဖခင်ဖြစ်သူက ပွေ့ချီထားသည့်ရုပ်ပုံကို ကာတွန်းဆရာ Sorry က သရုပ်ဖော်ရေးဆွဲထားစဥ်)
(လက်နက်ကြီးကျည်ထိမှန် သေဆုံးသွားသော အသက်(၇)နှစ်အရွယ် မောင်ဇွဲနိုင်မိုးအား ဖခင်ဖြစ်သူက ပွေ့ချီထားသည့်ရုပ်ပုံကို ကာတွန်းဆရာ Sorry က သရုပ်ဖော်ရေးဆွဲထားစဥ်)

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့၍ မိုးစစ်ကျေးရွာရှိ အသက်(၇)နှစ်အရွယ် ကလေးငယ်တစ်ဦး လက်နက်ကြီးကျည်ထိမှန်သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့(စက်တင်ဘာ ၂၂ ရက်) မွန်းလွဲ ၁ နာရီ ၄၅မိနစ်ခန့်က စစ်ကောင်စီတပ်၏ တပ်မ(၈၈) လက်အောက်ခံတပ် ခလရ(၇၈)သည် အင်အား ၁၀၀ခန့်ဖြင့် ရွှေကူမြို့နယ် ကျွန်းတော်ရွာမှ ကူးတို့စက်လှေ လေးစီးဖြင့် မိုးစစ်ကျေးရွာဘက်သို့ ကူးလာစဥ် အသင့်စောင့်ဆိုင်းနေသော မြို့လှ K-PDFအဖွဲ့က တိုက်ခိုက်ခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်က မိုးစစ်ရွာရှိ လူနေအိမ်များဘက်သို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် နေအိမ်တစ်လုံးမီးလောင်ခဲ့ပြီး အရပ်သားပြည်သူ လေးဦးထိခိုက်ခဲ့ကာ အသက် (၇)နှစ်အရွယ်ကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

သေဆုံးသူမှာ နှစ်တန်းကျောင်းသား မောင်ဇွဲနိုင်မိုးဖြစ်ပြီး လက်နက်ကြီးကျည်ထိမှန်ကာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ စက်လှေသုံးစီးနစ်မြုပ်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂၇ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း၊ ရွှေကူမြို့ သို့ ဒဏ်ရာရသူ ငါးဦးသယ်ဆောင်သွားခဲ့ကြောင်း PDFက အသိပေးထားသည်။

စက်တင်ဘာ ၁၆ရက်ကလည်း ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီတပ်က လေကြောင်းမှပစ်ခတ်ခဲ့၍ စာသင်ကျောင်းအတွင်းရှိ ကလေးငယ် ၂၀ကျော် ဒဏ်ရာရကာ ခြောက်ဦးသေဆုံးခဲ့သည်။ ဒဏ်ရာရကာ ခေါ်ဆောင်သွားခြင်းခံရသည့် ကလေးငယ် ၁၇ဦးမှာလည်း ပြင်းထန်ဒဏ်ရာများ ရရှိထားပြီး မိဘများနှင့် ယနေ့ တစ်ပတ်ကြာသည်အထိ ဆက်သွယ်၍မရသေးပေ။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

အဆိုပါ ဘီယာဖာများကို အများပြည်သူရှေ့တွင် ဖျက်ဆီးခဲ့ပြီး နောက်နောင်တွင်လည်း စစ်ကောင်စီ ထုတ်ကုန်ပစ္စည်းများ ဖမ်းဆီးရမိပါက ဖျက်ဆီးသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

ဆောင်းပါး

"မိုးဗြဲ ကို စစ်ကောင်စီက ဘာလို့လိုချင်လဲဆိုတော့ အဲ့ဖက်လမ်း ထိန်းချုပ်နိုင်ရင် ရိက္ခာ ဖြတ်တောက်ရေးပိုင်းမှာ ကောင်းသွားမယ်ဆိုတဲ့ မျှော်လင့်ချက်မျိုး"ဟု ကရင်နီ​ဒေသမှ စစ်ရေးသတင်းရင်းမြစ်တစ်က​ပြောသည်။

သတင်း

စက်တင်ဘာ ၂၁ ရက်က ပခုက္ကူမြိုနယ်၊ပန်းတိုင်းခြုံ ကျေးရွာအုပ်စု၊ ပန်းတိုင်းခြုံရွာရှိ အုပ်ချုပ်ရေးမှူးကိုယ်စား ဆောင်ရွက်ပေးနေသော ဒေါ်မြင့်ခင်အား ဝင်ရောက်ထိန်းသိမ်းခဲ့သည်။

သတင်း

စက်တင်ဘာ ၂၁ ရက် နံနက် ၆ နာရီခွဲခန့်က မန္တလေးတိုင်းသပိတ်ကျဥ်းအခြေစိုက် အမှတ် (၁၃) တန်းမြင့်လေ့ကျင့်ရေးတပ်မှ စစ်ကောင်စီတပ်သား ၁၀၀ ခန့်သည် ဧရာဝတီမြစ်အနောက်ဘက် ခင်ဦးနယ်သို့ ကပ်လာခဲ့သည်။