Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကုလလက်အောက်ခံအဖွဲ့အစည်းများ တရားမဝင် စစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံခြင်းမပြုရန် အရပ်ဘက်အဖွဲ့ ၆၀၀ ကျော် ကုလအတွင်းရေးမှူးချုပ်ထံ စာပို့

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ထံ လိပ်မူသော စာ၌ ကုလသမဂ္ဂအဖွဲ့အစည်းများသည် မြန်မာစစ်အုပ်စုကို တရားဝင်မှုရရှိစေရေး လုပ်ဆောင်နေမှုများကို ရပ်တန့်ရမည်ဟု ဖော်ပြသည်။

(ကုလသမဂ္ဂအ​ထွေ​ထွေညီလာခံဖွင့်ပွဲတွင် မိန့်ခွန်း​ပြောကြား​နေ​​​သော အတွင်း​ရေးမှူးချုပ်နှင့် မြန်မာအရပ်ဘက်အဖွဲ့အစည်း ၆၃၈ ဖွဲ့၏​ပေးစာ။ ဓါတ်ပုံ-ရိုက်တာ)
(ကုလသမဂ္ဂအ​ထွေ​ထွေညီလာခံဖွင့်ပွဲတွင် မိန့်ခွန်း​ပြောကြား​နေ​​​သော အတွင်း​ရေးမှူးချုပ်နှင့် မြန်မာအရပ်ဘက်အဖွဲ့အစည်း ၆၃၈ ဖွဲ့၏​ပေးစာ။ ဓါတ်ပုံ-ရိုက်တာ)

▪︎မြန်မာ့အကျပ်အတည်းကို အတွင်းရေးမှူးချုပ်ကိုယ်တိုင်ကြားဝင်ဆောင်ရွက်ရန်လည်း တောင်းဆို

ကုလသမဂ္ဂနှင့် လက်အောက်ခံအဖွဲ့အစည်းများအနေဖြင့် စစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံနေခြင်းကို ရပ်တန့်ရန် အရပ်ဘက်လူထုအဖွဲ့အစည်း ၆၃၈ က ယနေ့ ထုတ်ပြန်တောင်းဆိုသည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ထံ လိပ်မူသော စာ၌ ကုလသမဂ္ဂအဖွဲ့အစည်းများသည် မြန်မာစစ်အုပ်စုကို တရားဝင်မှုရရှိစေရေး လုပ်ဆောင်နေမှုများကို ရပ်တန့်ရမည်ဟု ဖော်ပြသည်။

ထို့အပြင် မြန်မာနိုင်ငံရှိ အကျပ်အတည်းကို ဖြေရှင်းရန်အတွက် အခြေခံမူများအပေါ် ရပ်တည်သော ညှိနှိုင်းပူးပေါင်းဆောင်ရွက်သည့် ကုလသမဂ္ဂ၏ တုံ့ပြန်ဆောင်ရွက်မှုကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကိုယ်တိုင် ကြားဝင်ဆောင်ရွက်ပေးပါရန် အရပ်ဘက်လူထုအဖွဲ့အစည်းများက တောင်းဆိုသည်။

ရာထူးခန့်အပ်လွှာများ ပေးအပ်ခြင်း၊ သဘောတူစာချုပ်များနှင့် နားလည်မှု စာချွန်လွှာများ လက်မှတ်ရေးထိုးခြင်းတို့ကို မြန်မာနိုင်ငံ၏ တရားဝင်အစိုးရဖြစ်သော အမျိုးသားညီညွတ်ရေး အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များနှင့် လုပ်ဆောင်ရမည်ဟု ဆက်လက်တောင်းဆိုသည်။

မကြာသေးမီက ကုလသမဂ္ဂ အေဂျင်စီများ၊ ရန်ပုံငွေအဖွဲ့များ၊ အစီအစဥ်များနှင့် မြန်မာနိုင်ငံအတွင်း လုပ်ကိုင်နေကြသော အခြားအစုအဖွဲ့ များသည် တရားဝင်မှုမရှိနေသော မြန်မာစစ်အုပ်စုနှင့် သဘောတူ စာချုပ်အသစ်များ ထပ်မံချုပ်ဆိုခြင်း နှင့် ခန့်အပ်လွှာများပေးအပ်ခြင်းတို့ လုပ်ဆောင်ခဲ့သည့်အပေါ် အပြင်းထန်ဆုံး ရှုတ်ချကြောင်းလည်း အတွင်းရေးမှူးချုပ်ထံ ပေးစာ၌ ဖော်ပြသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

ဝင်ရောက်စီးနင်းခဲ့သည့် ကင်းစခန်းသည် ခလရ(၅၈၈)တပ်နှင့် တစ်မိုင်ခန့်သာကွာဝေပြီး စစ်ကောင်စီနှင့်ပျူစောထီး အဖွဲ့ဝင် ၁၀ ဦးခန့်ရှိကြောင်း YGF တာဝန်ရှိသူက ပြောသည်။

သတင်း

တိုက်ခိုက်မှုအပြီးနောက် စစ်ကောင်စီဝင်များက လမ်းများပိတ်ဆို့၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့​သော်လည်း မဟာမိတ်အဖွဲ့သားအားလုံး ပစ်မှတ်မြို့နယ်မှ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း FLA က ဖော်ပြထားသည်။

သတင်း

စစ်ကြောင်းတစ်ကြောင်းသည် မွန်းလွဲပိုင်းတွင် တန့်ဆည်မြို့နယ်ရှိ ဂွေးကုန်းကျေးရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၁၀လုံးခန့် မီးလောင်ပြာကျခဲ့ကြောင်း ဒေသခံများက ပြောသည်။

သတင်း

အထွေထွေအတွင်းရေးမှူးချုပ်က နိုင်ငံတကာ လူသားချင်းစာနာထောက်ထားရေး ဥပဒေအရ လက်နက်ကိုင်တပ်ဖွဲ့များသည် ကလေးသူငယ်များအပါအဝင် အရပ်သားပြည်သူများ၊ အရပ်ဖက်ဆိုင်ရာ အဆောက်အအုံများအား တိုက်ခိုက်ခြင်းမပြုရန် ထပ်လောင်းပြောဆိုသည်။