Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေးမြို့နယ်အခြေစိုက် ခလရ(၅၈၈)အနီးတပ်စွဲထားသည့် စစ်အုပ်စုကို စီးနင်းတိုက်ခိုက်၊သေနတ် သုံးလက်ရရှိ

ဝင်ရောက်စီးနင်းခဲ့သည့် ကင်းစခန်းသည် ခလရ(၅၈၈)တပ်နှင့် တစ်မိုင်ခန့်သာကွာဝေပြီး စစ်ကောင်စီနှင့်ပျူစောထီး အဖွဲ့ဝင် ၁၀ ဦးခန့်ရှိကြောင်း YGF တာဝန်ရှိသူက ပြောသည်။

ဓာတ်ပုံ - ရေးပြောက်ကျားတပ်ဖွဲ့ (YGF)
ဓာတ်ပုံ - ရေးပြောက်ကျားတပ်ဖွဲ့ (YGF)

မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် ခလရ(၅၈၈)တပ်ရင်းအနီးတပ်စွဲထားသည့် စစ်အုပ်စုကို ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ သေနတ်သုံးလက်ရရှိကြောင်း ရေးပြောက်ကျားတပ်ဖွဲ့ (YGF)က ထုတ်ပြန်သည်။

ယနေ့ (စက်တင်ဘာ ၂၃ ရက်) နံနက် ၄ နာရီခွဲခန့်က ခလရ (၅၈၈)တပ်ရင်းအနီးရှိဘုန်းကြီးကျောင်းတောင်ကုန်းတွင် တပ်စွဲထားသော စစ်ကောင်စီ နှင့် ပျူစောထီးများကို ရေးပြောက်ကျားတပ်ဖွဲ့နှင့် ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ဓာတ်ပုံ - ရေးပြောက်ကျားတပ်ဖွဲ့ (YGF)
ဓာတ်ပုံ – ရေးပြောက်ကျားတပ်ဖွဲ့ (YGF)

ဝင်ရောက်စီးနင်းခဲ့သည့် ကင်းစခန်းသည် ခလရ(၅၈၈)တပ်နှင့် တစ်မိုင်ခန့်သာကွာဝေပြီး စစ်ကောင်စီနှင့်ပျူစောထီး အဖွဲ့ဝင် ၁၀ ဦးခန့်ရှိကြောင်း YGF တာဝန်ရှိသူက ပြောသည်။

“ဝင်စီးတဲ့အချိန် သေနတ်တောင်မဖောက်လိုက်ရဘူး။အကုန်ထွက်ပြေးကြတာ”ဟု ၎င်းက ရှင်းပြ သည်။

သိမ်းဆည်းရရှိသော သေနတ်များမှာ -M16 (A1) တစ်လက်၊ ကျည် ၅၀၊ AK (47) တစ်လက် ကျည် ၃၀ ၊ကိုးလုံးကျည်တစ်လက်အပါအဝင် ဌက်ကြီးတောင် ဓားတစ်လက်ပါ သိမ်းဆည်းရမိကြောင်း ဖော်ပြသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

တိုက်ခိုက်မှုအပြီးနောက် စစ်ကောင်စီဝင်များက လမ်းများပိတ်ဆို့၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့​သော်လည်း မဟာမိတ်အဖွဲ့သားအားလုံး ပစ်မှတ်မြို့နယ်မှ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း FLA က ဖော်ပြထားသည်။

သတင်း

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ထံ လိပ်မူသော စာ၌ ကုလသမဂ္ဂအဖွဲ့အစည်းများသည် မြန်မာစစ်အုပ်စုကို တရားဝင်မှုရရှိစေရေး လုပ်ဆောင်နေမှုများကို ရပ်တန့်ရမည်ဟု ဖော်ပြသည်။

သတင်း

စစ်ရေးအခြေအနေမှာဆက်လက်တင်းမာနေသဖြင့် မိုးဗြဲ မြို့တွင်းအသွားအလာလုံးဝ မပြုလုပ်ရန်လည်း မိုးဗြဲPDF က တိုက်တွန်းသည်။

သတင်း

"ဒီနေ့(စက်တင်ဘာ ၂၁ ရက်)နေ့လည် ၂ နာရီခွဲလောက်က ဖြစ်တာ။ခေါင်းတည်ပစ်ခံရပြီး နေရာမှာတင် ​သေသွားတယ်"ဟု ရေးမြို့နယ် ဒေသခံတစ်ဦးက ပြောသည်။