Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပအိုဝ်းပြည်သူ့စစ် PNOက ဖမ်းဆီးသတ်ဖြတ်ခဲ့သည့် ပအိုဝ်း PNLO ရဲဘော် ၅ဦး၏ အလောင်းများ ပြန်မရ၍ ဓာတ်ပုံများဖြင့်သာ နာရေးကျင်းပခဲ့ရ

PNLA ရဲဘော်များ နေရပ်သို့ ခေတ္တအလည်ပြန်စဉ် ပင်လောင်းမြို့နယ် ဝါးပြုံးကျေးရွာ၌ အဖမ်းခံရပြီး သတ်ဖြတ်ခံခဲ့ရကြောင်း PNLA တပ်မှူးတစ်ဦးက ပြောကြားထားသည်။

နာရေးပြုလုပ်နေသည်ကို တွေ့ရစဉ်၊ ဓာတ်ပုံ - ခမ်းထီရေဒီယို
နာရေးပြုလုပ်နေသည်ကို တွေ့ရစဉ်၊ ဓာတ်ပုံ - ခမ်းထီရေဒီယို

စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်အဖွဲ့(PNO) တပ်ဖွဲ့ဝင်များက ဖမ်းဆီးသတ်ဖြတ်ခဲ့သည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO) ရဲဘော် ၅ဦး၏အလောင်းများ ပြန်မပေး၍ ၎င်းတို့၏ ဓာတ်ပုံများဖြင့်သာ နာရေးအခမ်းအနား ကျင်းပခဲ့ရသည်ဟု နာရေးတွင် ကူညီနေသူများကို ကိုးကားပြီး ခမ်းထီရေဒီယိုက ဖော်ပြသည်။

“PNOက အလောင်းလည်း ပြန်မပေးဘူး။ တောင်းလည်း မတောင်းပန်ဘူး။သူငယ်ချင်းအတွက် စိတ်နာတာပေါ့ဗျာ။ ဒါကြောင့်ရှိတဲ့ ဓာတ်ပုံတွေနဲ့ပဲ ဆွမ်းကပ် ကုသိုလ်ပြုပြီး ကုသိုလ်ဝေပေးရတယ်”ဟု နာရေးကူညီသူက ပြောပြကြောင်း ဖော်ပြထားသည်။

နာရေးပြုလုပ်နေသည်ကို တွေ့ရစဉ်၊ ဓာတ်ပုံ - ခမ်းထီရေဒီယို
နာရေးပြုလုပ်နေသည်ကို တွေ့ရစဉ်၊ ဓာတ်ပုံ – ခမ်းထီရေဒီယို

PNLO လက်အောက်ခံ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) ဒုစုမှူး ခွန်ထွန်းဦး အပါအဝင် တပ်ဖွဲ့ဝင် ၅ဦးကို PNO ပြည်သူ့စစ်တပ်ဖွဲ့က စက်တင်ဘာ ၁၄ရက်တွင် ဖမ်းဆီးပြီး သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု PNLOက ထုတ်ပြန်ထားသည်။

PNLA ရဲဘော်များ နေရပ်သို့ ခေတ္တအလည်ပြန်စဉ် ပင်လောင်းမြို့နယ် ဝါးပြုံးကျေးရွာ၌ အဖမ်းခံရပြီး သတ်ဖြတ်ခံခဲ့ရကြောင်း PNLA တပ်မှူးတစ်ဦးက ပြောကြားထားသည်။

အဆိုပါ သတ်ဖြတ်ခံရမှု ဖြစ်စဉ်အပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချကြောင်း PNLOက ထုတ်ပြန်ခဲ့ပြီး ပြဿနာကို ငြိမ်းချမ်းသောနည်းဖြင့် ဖြေရှင်းမည်ဟု ကြေညာထားသည်။

PNOသည် စစ်ကောင်စီတပ်နှင့် ပူးပေါင်းပြီး ရှမ်းပြည်နယ်တောင်ပိုင်းဒေသအချို့နှင့် ကရင်နီဒေသ၌ စစ်ရေးလှုပ်ရှားမှုတွင် ပါဝင်နေသည့် ပြည်သူ့စစ်တပ်ဖွဲ့ဖြစ်သည်။ PNLOသည် NCA လက်မှတ်ထိုးထားသည့် တပ်ဖွဲ့ဖြစ်ပြီး စစ်ကောင်စီနှင့် ဆွေးနွေးမှု ပြုလုပ်နေသည့်အဖွဲ့ဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

မြောင်နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲများဖြစ်ပွားနေပြီး ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်နေရသည်။

သတင်း

ထို့ပြင် ယင်းတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီဝင်နှစ်ဦး ၊ထွေအုပ်ဝန်ထမ်းနှစ်ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၅ ဦးခန့်ရှိကြောင်း ခရမ်းချန်နယ်က ဖော်ပြထားသည်။

သတင်း

လက်ရှိ သတင်းထုတ်ပြန်သည့် ည ၇နာရီခန့်အထိ စစ်ကောင်စီများမှစက်တော်ရာဘုန်းကြီးကျောင်းနှင့် မွေတောဘုန်းကြီးကျောင်းတို့တွင် အပြစ်မဲ့ပြည်သူ ၁၀၀ ဦးခန့်အား ဓားစာခံလူသားဒိုင်းအဖြစ် အသုံးပြုလျှက်ရှိကြောင်းလည်း ထုတ်ပြန်ချက်၌ဖော်ပြသည်။

သတင်း

အလားတူ အုတ်ဖိုအိုင်ရွာသို့ ဝင်ရောက်ဖျက်ဆီးခဲ့သော စစ်အုပ်စုစစ်ကြောင်းသည် အောင်ချမ်းသာရွာသို့ဝင်ရောက်စဥ် စိတ်မနှံ့သူတစ်ဦးကိုပါ မီးရှို့သတ်ဖြတ်ခဲ့သေးသည်။