Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မိုးဗြဲမြို့တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေ

ယနေ့(စက်တင်ဘာ ၂၃ ရက်) နံနက် ၃နာရီခွဲကစ၍ ထိတွေမှုဖြစ်ခဲ့ပြီး ည ၆နာရီအထိ တစ်နေ ကုန်တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ဆိုသည်။

ဓာတ်ပုံ - MBPDF
ဓာတ်ပုံ - MBPDF

စစ်ကောင်စီတပ်သားအများအပြားသေဆုံးပြီး ရဲဘော်နှစ်ဦးကျဆုံးခဲ့ရဟု PDF ထုတ်ပြန်

ရှမ်း – ကရင်နီ(ကယား)ပြည်နယ်အစပ် မိုးဗြဲမြို့တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီ တပ်သားအများအပြားသေဆုံးကာ ရဲဘော်နှစ်ဦးကျဆုံးခဲ့ရကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF)က ထုတ်ပြန်သည်။

ယနေ့(စက်တင်ဘာ ၂၃ ရက်) နံနက် ၃နာရီခွဲကစ၍ ထိတွေမှုဖြစ်ခဲ့ပြီး ည ၆နာရီအထိ တစ်နေ ကုန်တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲမှာ မိုးဗြဲမြို့လွယ်ယင်းမင်္ဂလာကျေးရွာ၏ ကာလဝါရီတောင်ပေါ်တွင် ထိုးစစ်ဆင်တပ်စွဲထားသော စစ်ကောင်စီတပ်ကို မဟာမိတ်တပ်ပေါင်းစုများ ဖြစ်ကြသော MBPDF 1001၊ MB PDF 1007၊ ဖယ်ခုံ PDF B-01၊ လွိုင်ကော် PDF၊ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့၊ D MO 1102 တပ်ရင်း၊ နေပြည်တော် PDF၊ KNDF၊ KA၊ KGZ၊ URF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

ဓာတ်ပုံ - MBPDF
ဓာတ်ပုံ – MBPDF

တိုက်ပွဲတွင် မဟာမိတ်တပ်ပေါင်းစုများ၏ ရဲဝံ့ကြံ့ခိုင်မှုများကြောင့် စစ်ကောင်စီတပ်မှ အမြောက် အမြားသေဆုံးထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု MBPDF က ပြောသည်။

မဟာမိတ်တပ်ပေါင်းစုအဖွဲ့မှ အသေစားဒဏ်ရာ လေးဦး၊ စိုးရိမ်ရဒဏ်ရာ သုံးဦးရရှိပြီး တာဝန်ထမ်းဆောင်ရင်း ရဲဘော် နှစ်ဦးမှာ နွေဦးတော်လှန်ရေးအတွက် အသက်စတေးခဲ့ရကြောင်း ဖော်ပြသည်။

ထို့အပြင် ယနေ့ည ၉ နာရီခန့်အထိ ပူပေါင်းမဟာမိတ်အဖွဲ့မှ စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်မှု ကို ဆက်လက်တောက်ခံနေဆဲဖြစ်သည်။

ကရင်နီဒေသ၏ စစ်ရေးအရအရေးပါသော မိုးဗြဲမြို့ကို စစ်ကောင်စီက ထိန်းချုပ်နိုင်ရေးကြိုးပမ်းမှုသည် နှစ်ပတ်ကျော်ကြာမြင့်နေပြီလည်း ဖြစ်သည်။

စက်တင်ဘာ ၈ ရက်ကစတင်ခဲ့သည့် ထိုးစစ်ဆင်မှုအတွင်း စစ်ကောင်စီတပ်မှ သေဆုံးသူရာဂဏန်းဝန်းကျင်ရှိကာ ကရင်နီတပ်ပေါင်းစုမှ ရဲဘော်ခြောက်ဦး ကျဆုံးထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

တိုက်ပွဲများဆက်လက်ဖြစ်ပွားနိုင်သောကြောင့်မတူပီ-ဟားခါးလမ်းကို ဖြတ်သန်းသွားလာခြင်းမပြုလုပ်ကြရန် ပြည်သူများသို့ CDFက တိုက်တွန်းသည်။

သတင်း

တန့်ဆည်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များ တိုက်ပွဲများဖြစ်ပွားနေပြီး နယ်ခံတစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

သတင်း

မဟာမိတ်တပ်ပေါင်းစုအဖွဲ့မှာတော့ အသေးစားဒဏ်ရာလေးဦး၊ စိုးရိမ်ရဒဏ်ရာသုံးဦးရရှိခဲ့ပြီး တာဝန်ထမ်းဆောင်ရင်း ရဲဘော်နှစ်ဦးကတော့ နွေဦးတော်လှန်ရေးအတွက် အသက်စတေးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

သတင်း

ပြီးခဲ့သည့် ရက်များကလည်း ကော်ဘရာစစ်ကြောင်းပါဝင်သည့် ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်များကို ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ထားသည်။