Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တန့်ဆည်တွင် စစ်ကောင်စီတပ်နှင့်တိုက်ပွဲ ပြည်သူ့ရဲဘော်တစ်ဦးကျဆုံး

တန့်ဆည်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များ တိုက်ပွဲများဖြစ်ပွားနေပြီး နယ်ခံတစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

(ကျဆုံးသွားသောရဲဘော်အား သယ်ဆောင်လာစဥ်၊ဓာတ်ပုံ-LPDF)
(ကျဆုံးသွားသောရဲဘော်အား သယ်ဆောင်လာစဥ်၊ဓာတ်ပုံ-LPDF)

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့တွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားရာ ပြည်သူ့ရဲဘော်တစ်ဦး ကျဆုံးခဲ့​ကြောင်း သတင်းရရှိသည်။

စက်တင်ဘာ ၂၂ရက်က တန့်ဆည်မြို့နယ်၊ နဘက်ငယ်ကျေးရွာအထွက် ပေကုန်းရွာအ၀င်၌ စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးအဖွဲ့များတိုက်ပွဲဖြစ်ပွားခဲ့သည်။

အဆိုပါတိုက်ပွဲတွင် ရွှေဘိုခရိုင်၊ တပ်ရင်း (၁၆) Taze Revolution Force – TRFအဖွဲ့ဝင် ပြည်သူ့ရဲဘော်တစ်ဦး ကျဆုံးခဲ့ရကြောင်း ဒေသတွင်းသတင်းရင်းမြစ် များက ပြောသည်။

ကျဆုံးခဲ့ရသောရဲဘော်နှင့်ပတ်သက်၍ ဒေသတွင်းကာကွယ်ရေးအဖွဲ့များက ထုတ်ပြန်ခြင်းမရှိသေးပေ။

တန့်ဆည်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များ တိုက်ပွဲများဖြစ်ပွားနေပြီး နယ်ခံတစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

တန့်ဆည်​မြို့နယ် သစ္စေးကုန်းရွာမီးရှို့သွားသောစစ်ကောင်စီတပ်နှင့် ပျူအင်အား ၈၀ခန့်သည် သဲစား(ရ)ရွာ၊ တဆယ်ကျဲရွာ၊ အင်တောသာကျေးရွာတို့ကို ယနေ့(စက်တင်ဘာ၂၄ ရက်)နံနက်ပိုင်း၌ ၀င်ရောက်မီးရှို့ဖျတ်ဆီးနေကြောင်း၊လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများလည်း မကြာခဏကြားနေရကြောင်း ဒေသခံများက ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

တိုက်ပွဲများဆက်လက်ဖြစ်ပွားနိုင်သောကြောင့်မတူပီ-ဟားခါးလမ်းကို ဖြတ်သန်းသွားလာခြင်းမပြုလုပ်ကြရန် ပြည်သူများသို့ CDFက တိုက်တွန်းသည်။

သတင်း

စက်တင်ဘာ ၂၃ရက် နေ့လည်ပိုင်းက သပိတ် တောင် မူဆလင်ရွာကို လက်နက်ကြီးဖြင့် ပစ်ခတ် ပြီး ဒေသခံ ၁၀ဦးခန့်ကို ဖမ်းသွားသည်ဟု ဆိုသည်။

သတင်း

အလားတူ စက်တင်ဘာ ၂၀ရက်တောင်နီရွာအနီးတိုက်ပွဲ၌လည်း လက်ဖြောင့်စစ်သည်များ၏ လက်ချက်ကြောင့် စစ်ကောင်စီတပ်မှ ၂ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

သတင်း

မဟာမိတ်တပ်ပေါင်းစုအဖွဲ့မှာတော့ အသေးစားဒဏ်ရာလေးဦး၊ စိုးရိမ်ရဒဏ်ရာသုံးဦးရရှိခဲ့ပြီး တာဝန်ထမ်းဆောင်ရင်း ရဲဘော်နှစ်ဦးကတော့ နွေဦးတော်လှန်ရေးအတွက် အသက်စတေးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။