Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မတူပီ – ဟားခါးလမ်းပိုင်းတွင် စစ်ကောင်စီတပ်နှင့် CDF တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်သား သုံးဦးသေ

တိုက်ပွဲများဆက်လက်ဖြစ်ပွားနိုင်သောကြောင့်မတူပီ-ဟားခါးလမ်းကို ဖြတ်သန်းသွားလာခြင်းမပြုလုပ်ကြရန် ပြည်သူများသို့ CDFက တိုက်တွန်းသည်။

(ရှေ့တန်းတိုက်ပွဲတစ်နေရာတွင် တွေ့ရသာ CDF -Matupi ရဲဘော်များ၊ဓာတ်ပုံ - CDF -မတူပီ)
(ရှေ့တန်းတိုက်ပွဲတစ်နေရာတွင် တွေ့ရသာ CDF -Matupi ရဲဘော်များ၊ဓာတ်ပုံ - CDF -မတူပီ)

မတူပီ – ဟားခါးလမ်းပိုင်းတွင် နယ်မြေရှင်းလင်းရေး ပြုလုပ်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်နှင့်တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးကြောင်း CDF – မတူပီက ထုတ်ပြန်သည်။

ယနေ့(စက်တင်ဘာ ၂၄ ရက်) နံနက် ၇ နာရီတွင်မတူပီအခြေစိုက် ခလရ(၁၄၀) တပ်ရင်းမှ ​မတူပီ-ဟားခါးလမ်းဖက်ကို နယ်မြေရှင်းလင်းရေးပြုလုပ်လာစဥ် CDF တို့ ထိပ်တိုက် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲ၌ စစ်ကောင်စီတပ်သား သုံးဦးသေဆုံး ပြီး အများအပြားဒဏ်ရာရရှိကြောင်း ဖော်ပြသည်။

“ရန်သူက အင်အား ၅၀ လောက်နဲ့တက်လာတာကို ကျွန်တော်တို့ ကြိုသတင်းရလို့ စောင့်တိုက်နိုင်ခဲ့တာ။တိုက်ပွဲက နာရီဝက်လောက်ကြာခဲ့တယ်”ဟု CDF – မတူပီတာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

CDF- မတူပီ ရဲဘော်များအနေဖြင့် အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟုလည်း အသိပေးသည်။

တိုက်ပွဲများဆက်လက်ဖြစ်ပွားနိုင်သောကြောင့်မတူပီ-ဟားခါးလမ်းကို ဖြတ်သန်းသွားလာခြင်းမပြုလုပ်ကြရန် ပြည်သူများသို့ CDFက တိုက်တွန်းသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့၏ တကျော့ပြန်တိုက်ပွဲများကြောင့် မောင်တောနှင့် ရသေ့တောင်အပါအဝင် စစ်ဘေးရှောင်ဦးရေများထပ်မံတိုးပွားလာရာ စုစုပေါင်း စစ်ရှောင် ‌‌ခြောက်သောင်းကျော်ရှိသည်ဟု ဆိုသည်။

သတင်း

စစ်ကောင်စီတပ်သည် စက်တင်ဘာ ၂၂ ရက်နံနက် ၆ နာရီခန့်က ပခုက္ကူမြို့နယ်၊ ဂဝံလေးတိုင်ကျေးရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၁၆လုံး မီးရှို့ဖျက်ဆီးခံရကြောင်း ဒေသခံများက ပြောသည်။

သတင်း

ယနေ့(စက်တင်ဘာ ၂၄ ရက်) နံနက် ၄ နာရီခန့်က မုံရွာ - မန္တလေးလမ်းမကြီးပေါ်၊ မုံရွာ-ချောင်းဦးကြား လမ်းပိုင်းတစ်နေရာတွင် မုံရွာဘက်မှ မန္တလေးမြို့ဘက်သို့ သွားသော စစ်ကောင်စီ၏ ယာဥ်ကြီး နှစ်စီးအား မိုင်း၂ လုံးခွဲကာ တိုက်ခိုက်ခဲ့ကြောင်း PDF-South Monywa ၏ ထုတ်ပြန်ချက်တွင်...

သတင်း

ယမန်နေ့(​စက်တင်ဘာလ ၂၃ရက်) နံနက် ၁နာရီခန့်ကလည်း အောင်သီရိရပ်ကွက် အတွင်းရှိ ပြည်သူ နှစ်ဦးအား ရှာဖွေ ဖမ်းဆီးသွားခဲ့သည်။