Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပြည်သူ့ငွေစာရင်းများအား အကြောင်းမဲ့ပိတ်သိမ်းနေ၍ ပခုက္ကူမြို့ရှိ ကမ္ဘောဇဘဏ်ခွဲအား Pakokku Rangerအဖွဲ့ သတိပေး

စစ်ကောင်စီအလိုကျ ဆောင်ရွက်ပေးလေ့ရှိသည့် ကမ္ဘောဇဘဏ်သည် ယခင်ကလည်းမန္တလေး၊ မုံရွာ၊ မြင်းခြံနှင့် ဒေသအချိူ့ရှိ ဘဏ်ခွဲများတွင် မကြာခဏဖောက်ခွဲသတိပေးခြင်းများ ခံခဲ့ရဖူးသည်။

ပခုက္ကူမြိူ့ရှိ ကမ္ဘောဇဘဏ်ခွဲတစ်ခုအား တွေ့ရစဥ်၊ဓာတ်ပုံ-Cj(ပုံအဟောင်းဖြစ်ပါသည်။)
ပခုက္ကူမြိူ့ရှိ ကမ္ဘောဇဘဏ်ခွဲတစ်ခုအား တွေ့ရစဥ်၊ဓာတ်ပုံ-Cj(ပုံအဟောင်းဖြစ်ပါသည်။)

ပြည်သူများ၏ ငွေစာရင်းများအား အကြောင်းမဲ့ပိတ်သိမ်းနေ၍ မကွေးတိုင်း၊ ပခုက္ကူမြို့ရှိ ကမ္ဘောဇဘဏ်များ တန်ပြန်ခံစားရမည်ဟု Pakokku Rangerအဖွဲ့က သတိပေးလိုက်သည်။

ကမ္ဘောဇဘဏ်သည် စစ်အာဏာရှင်အလိုကျပြည်သူလူထုများစွာ၏ K Pay အကောင့်များအား ဗဟိုဘဏ်ညွှန်ကြားချက်ဆိုသည့် အကြောင်းပြချက်ဖြင့် လိုက်လံပိတ်သိမ်းနေသည်။

ထိုသို့ပိတ်သိမ်းရန်ဆောင်ရွက်ပေးနေ၍ ပခုက္ကူမြို့ရှိ KBZ Bank များအား မိတို့​ပြုလုပ်ပေးနေသော အကျိုးအပြစ်များကို မကြာမီကာလအတွင်း ပြန်လည်ခံစားစေရမည်ဟု ပခုက္ကူအခြေစိုက် Pakokku Rangerအဖွဲ့က စက်တင်ဘာလ ၂၂ ရက်တွင် ထုတ်ပြန်သတိပေးသည်။

ပြည်သူလူထုက ၎င်းတို့ ခက်ခက်ခဲခဲရှာထားရသော ချွေးနည်းစာငွေသားများအား ကမ္ဘောဇဘဏ်က အကြောင်းမဲ့ပိတ်သိမ်းနေမှုကို တိုင်ကြားကြ၍ ယခုကဲ့သို့ သတိပေးရခြင်းဖြစ်ကြောင်း၊ တော်လှန်ရေးအဖွဲ့များအနေဖြင့် စစ်တပ်၊ ရဲနှင့် စစ်ကောင်စီအလိုကျ လက်အောက်ခံမည်သည့် ပုဂ္ဂိုလ်အဖွဲ့အစည်းကိုမဆို အစွမ်းကုန်တိုက်ထုတ်သွားမည်ဖြစ်ကြောင်း Pakokku Ranger အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီအလိုကျ ဆောင်ရွက်ပေးလေ့ရှိသည့် ကမ္ဘောဇဘဏ်သည် ယခင်ကလည်းမန္တလေး၊ မုံရွာ၊ မြင်းခြံနှင့် ဒေသအချိူ့ရှိ ဘဏ်ခွဲများတွင် မကြာခဏဖောက်ခွဲသတိပေးခြင်းများ ခံခဲ့ရဖူးသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စက်တင်ဘာ ၂၁ ရက်က ပခုက္ကူမြိုနယ်၊ပန်းတိုင်းခြုံ ကျေးရွာအုပ်စု၊ ပန်းတိုင်းခြုံရွာရှိ အုပ်ချုပ်ရေးမှူးကိုယ်စား ဆောင်ရွက်ပေးနေသော ဒေါ်မြင့်ခင်အား ဝင်ရောက်ထိန်းသိမ်းခဲ့သည်။

သတင်း

ထုတ်ပြန်ချက်နှင့်ပတ်သက်၍ သမန်းကျားပြောက်ကျားတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

သတင်း

ကရင်နီ(ကယား)ပြည်နယ်၏ စစ်ရေးအရအရေးပါသော မိုးဗြဲမြို့ကို ထိန်းချုပ်ရန် စစ်ကောင်စီတပ်က ယခုလ ဒုတိယပတ်ကစ၍ ကြိုးပမ်းခဲ့သည်။

သတင်း

"လက်နက်ကြီး နှစ်လုံးကျတယ်။ လူထိုခိုက်မှုရှိ၊မရှိ ကျွန်တော်တို့ စုံစမ်းလိုက်တော့ အထိအခိုက် မရှိဘူးလို့ သိရတယ်"ဟု ၎င်းက ရှင်းပြသည်။