Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အန်တိုနီယာ၏ MMA ပြိုင်ပွဲဝင်လက်အိတ်ရောင်းချ၍ စစ်ဘေးရှောင်များအား လှူဒါန်းမည်

ကယန်းတိုင်းရင်းသူ အန်တိုနီယာသည် One Championship MMA ပြိုင်ပွဲ ငါးပွဲယှဥ်ပြိုင်ထားသူ ဖြစ်ပြီး သုံးပွဲနိုင် နှစ်ပွဲသရေ ရလဒ်ရရှိထားသည်။

ဓာတ်ပုံ - One Championship
ဓာတ်ပုံ - One Championship

One Championship MMA ကစားသမား အန်တိုနီယာသည် ကယားပြည်နယ်ရှိ စစ်ဘေးရှောင် လိုအပ်နေသူများအား လှူဒါန်းရန်အတွက် ၎င်း၏ ပြိုင်ပွဲဝင် လက်အိတ်ကို မဲဖောက်ရောင်းချသွားမည်ဖြစ်ကြောင်း ယနေ့ (စက်တင်ဘာ ၂၄) တွင် လူမှုကွန်ရက်မှတဆင့် ‌ကြေညာသည်။

” ​ခုခေတ် ခက်ခဲနေတဲ့ ကာလမှာ လိုအပ်တဲ့သူတွေကို ကူညီဖို့အတွက် (အန်တိုနီယာ) တိုတို့ရဲ့ One championship ပြိုင်ပွဲတွေမှာ ယှဥ်​ပြိုင်ပြီး ရလာတဲ့ One Championship Glove တစ်စုံကို လက်မှတ်ရေးထိုးပြီး ကံစမ်းမဲ လက်မှတ်အနေနဲ့ ရောင်းချပေးချင်တယ်ရှင့်။ Lucky Draw တစ်စောင်ကို (၅၀၀၀)ကျပ်ဖြင့် ရောင်းချမှာဖြစ်ပြီး အောက်တိုဘာ ၅ ရက် မှာ Live လွင့်ပြီး မဲဖောက်ပေးပါမယ်ရှင့် “ဟု အန်တိုနီယာက ရေးသားထားသည်။

ဓာတ်ပုံ - One Championship
ဓာတ်ပုံ – One Championship

ရရှိသည့် အလှူငွေများအားလုံးကို ကယားပြည်နယ်ရှိ စစ်ဘေးရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာ၊ ဆေးဝါး စသည့် လိုအပ်သော နေရာများတွင် ခွဲဝေပြီး လှူဒါန်းသွားမည်ဖြစ်ပြီး ပြည်သူများ ပူးပေါင်းပါဝင်ပေးကြရန်လည်း အန်တိုနီယာက မေတ္တာရပ်ခံခဲ့သည်။

” Glove Size ကတော့ XS ဆိုပေမယ့် ကိုယ့်ရဲ့ အိမ်မှာ အမှတ်တရတစ်ခုအနေနဲ့ သိမ်းလို့ရပါတယ်ရှင့်။ တိုတိုတို့ကတော့ ဒီ Glove တစ်စုံရဖို့ ချွေး၊သွေး၊အသက်နဲ့ရင်းပြီး ခက်ခက်ခဲခဲယှဥ်ပြိုင်ပြီးမှ ရလာတာ ဖြစ်ပါတယ် ” ဟု ၎င်းက ဆိုသည်။

ကယန်းတိုင်းရင်းသူ အန်တိုနီယာသည် One Championship MMA ပြိုင်ပွဲ ငါးပွဲယှဥ်ပြိုင်ထားသူ ဖြစ်ပြီး သုံးပွဲနိုင် နှစ်ပွဲသရေ ရလဒ်ရရှိထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီတပ်ဟာ တောင်စုကျေးရွာသားတွေကို ရွာထဲကနေ အတင်းအဓမ္မထွက်ခွာခိုင်းတဲ့ စက်တင်ဘာ(၁၁)ရက်ကနေ ဒီကနေ့(၁၉)ရက်အထိ စစ်ကောင်စီတပ်က ကျေးရွာထဲကို လက်နက်ကြီးငါးကြိမ် ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

သတင်း

စစ်ကောင်စီတပ်သည် စက်တင်ဘာ ၆ရက်တွင် ရွှေတောင်ကျေးရွာသို့ ဝင်ရောကက်ကာ ဒေသခံများ၏ ပစ္စည်းများကို ဖျက်ဆီးခြင်း၊ နေအိမ်များကို မီးရှို့ခြင်းနှင့် ဆန်တင်း ၁၅၀ ကျော်ကို ဖျက်ဆီးခြင်းတို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

အကြမ်းဖက်စစ်ကောင်စီတပ်သည် ယနေ့ (စက်တင်ဘာ ၁ ရက်) နံနက်ပိုင်းတွင် မြစ်သာကျေးရွာကို ပစ်ခတ်ဝင်ရောက်သွားကြောင်း သိရသည်။

သတင်း

စစ်ကောင်စီတပ်သည် သြဂုတ် ၂၈ ရက်နှင့် ၂၉ ရက်များက ကနီမြို့နယ်ရှိ သရက်ပင်ရွာ၊ ဝါးတန်းအရှေ့ရွာ ၊ဝါးတန်းအနောက်ရွာ ၊အုန်းပင်ဆိပ်ရွာများအား ဝင်ရောက်မွှေနှောက် ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။