Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကောလင်းနယ်အတွင်း တရားမဝင် ရွှေနှင့်သစ်ထုတ်လုပ်ခြင်းမပြုရန် တားမြစ်ကြောင်း မြို့နယ် (ပအဖ)ထုတ်ပြန်

ရွှေလုပ်ငန်းအပြင် တရားမဝင် ရွှေမြေစာများ သယ်ဆောင်ခြင်း၊ တရားမဝင် သစ်ထုတ်လုပ်ခြင်းနှင့် သစ်တောသယံဇာတများ ထုတ်ယူခြင်းအား မြို့နယ် သယံဇာတနှင့် သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီမှ ပိတ်ပင်တားမြစ်လိုက်သည်ဟု ဖော်ပြထားသည်။

ကောလင်းနယ်အတွင်း တရားမဝင် ရွှေနှင့်သစ်ထုတ်လုပ်ခြင်းမပြုရန် တားမြစ်ကြောင်း မြို့နယ် (ပအဖ)ထုတ်ပြန်
ကောလင်းနယ်အတွင်း တရားမဝင် ရွှေနှင့်သစ်ထုတ်လုပ်ခြင်းမပြုရန် တားမြစ်ကြောင်း မြို့နယ် (ပအဖ)ထုတ်ပြန်

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်အတွင်း တရားမဝင် ရွှေလုပ်ငန်းလုပ်ကိုင်ခြင်းမပြုရန် ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ယနေ့ ထုတ်ပြန် လိုက်သည်။

ရွှေလုပ်ငန်းအပြင် တရားမဝင် ရွှေမြေစာများ သယ်ဆောင်ခြင်း၊ တရားမဝင် သစ်ထုတ်လုပ်ခြင်းနှင့် သစ်တောသယံဇာတများ ထုတ်ယူခြင်းအား မြို့နယ် သယံဇာတနှင့် သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီမှ ပိတ်ပင်တားမြစ်လိုက်သည်ဟု ဖော်ပြထားသည်။

ယခု ထုတ်ပြန်သည့် အမိန့်သည် စက်တင်ဘာ ၂၁ ရက်မှစ၍ အတည်ဖြစ်ကြောင်း အသိပေးထားသည်။

မြို့နယ်အတွင်းရှိ ဒေသခံများ၏ လိုအပ်ချက်အရ မိမိအိမ်သုံးအတွက် သစ်၊ဝါးများ ထုတ်ယူလိုပါက မြို့နယ် သယံဇာတကော်မတီ သို့မဟုတ် သက်ဆိုင်ရာ ပအဖ အဖွဲ့ဝင်များထံ အကြောင်းကြားပြီး ကော်မတီ ၏ ခွင့်ပြုချက်ရပြီးမှသာ ထုတ်ယူခွင့်ပြုမည်ဟုလည်း ကြေညာခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ထံ လိပ်မူသော စာ၌ ကုလသမဂ္ဂအဖွဲ့အစည်းများသည် မြန်မာစစ်အုပ်စုကို တရားဝင်မှုရရှိစေရေး လုပ်ဆောင်နေမှုများကို ရပ်တန့်ရမည်ဟု ဖော်ပြသည်။

သတင်း

အိန္ဒိယ​ရောက် ၊မြန်မာဒုက္ခသည်များတွင်ဈေးဆိုင်များဖွင့်လှစ်ခြင်းနှင့် နယ်စပ်တလျောက်တွင် မြေကွက်များဝယ်ယူရန် ကြိုးစားနေသည်ဟု သတင်းထွက်ပေါ်လာပြီးနောက် မီဇိုရမ်ပြည်နယ်အစိုးရက ယခုလို့ တားမြစ်လိုက်ခြင်းဖြစ်သည်။

သတင်း

မြို့နယ် ပအဖ၏ ယခုနှစ် ဇန်နဝါရီလက ပြုလုပ်ခဲ့သည့်မြို့နယ်စုံညီအစည်းဝေးဆုံးဖြတ်ချက်အရသားရဲတိရိစ္ဆာန် (၈) မျိုးအား ပစ်ခတ်ဖမ်းဆီးခြင်းမပြုရန် ဆုံးဖြတ်ခဲ့သည်ဟုသိရသည်။

သတင်း

စစ်တပ်​၏ လုပ်ဆောင်မှုများသည် ပဋိပက္ခကို ပိုမိုနက်ရှိုင်းစေပြီး တိုင်းပြည်ကို နိုင်ငံတကာအသိုင်းအဝန်းမှ ပိုမိုဖယ်ကြဉ်စေမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတိပေးထား သည်။