Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

နှစ်ပတ်ကျော်ကြာမြင့်လာသည့် မိုးဗြဲမြို့ ယနေ့ တိုက်ပွဲ ကရင်နီတပ်ပေါင်းစုမှ ရဲဘော်ငါးဦးဒဏ်ရာရ

ယနေ့ ညပိုင်းအချိန်ထိ ပူပေါင်းမဟာမိတ်အဖွဲ့မှ စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်မှုကိုဆက်လက် တောက်ခံနေဆဲ ဖြစ်ကြောင်း ဖော်ပြသည်။

(မိုးဗြဲ PDF ရဲဘော်များအား တွေ့ရစဉ်၊ ဓာတ်ပုံ - MBPDF)
(မိုးဗြဲ PDF ရဲဘော်များအား တွေ့ရစဉ်၊ ဓာတ်ပုံ - MBPDF)

မိုးဗြဲမြို့တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ထိခိုက် သေဆုံးမှုများရှိခဲ့ပြီး ကရင်နီတပ်ပေါင်းစုမှ ရဲဘော်ငါးဦးဒဏ်ရာရရှိကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF)က ထုတ်ပြန်သည်။

နှစ်ပတ်ကျော်ကြာမြင့်ပြီဖြစ်သည့် မိုးဗြဲမြို့တိုက် ပွဲမှာ ယနေ့(စက်တင်ဘာ ၂၄ ရက်) နံနက် ၁၁နာရီခွဲကစ၍ ညနေ ၅ နာရီခွဲအထိ လွယ်ယင်းမင်္ဂလာကျေးရွာ၊ကာလဝါရီတောင်ပေါ်တွင် ထိုးစစ်ဆင် တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် တိုက်ပွဲထပ် မံ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်ကို ကရင်နီမဟာမိတ်တပ်ပေါင်းစုများဖြစ်သည့် MBPDF 1001၊ MBPDF 1007၊ ဖယ်ခုံ PDF B-01၊ လွိုင်ကော် PDF၊ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့၊ DMO 1102 တပ်ရင်း၊ နေပြည်တော် PDF၊ KNDF၊ KGZ နှင့် URF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းဖော်ပြ သည်။

(မိုးဗြဲ PDF ရဲဘော်များအား တွေ့ရစဉ်၊ ဓာတ်ပုံ - MBPDF)
(မိုးဗြဲ PDF ရဲဘော်များအား တွေ့ရစဉ်၊ ဓာတ်ပုံ – MBPDF)

ယနေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်သားများထိခိုက်သေဆုံးမှုများရှိခဲ့ပြီး အရေအတွက်ကို အတည်မပြုနိုင်သေးပေ။

အလားတူ မဟာမိတ်တပ်ပေါင်းစုအဖွဲ့မှာလည်း အသေစားဒဏ်ရာ ငါးဦးရရှိခဲ့ကြောင်း MBPDF က ပြောသည်။

Public Service Announcement
Public Service Announcement

ယနေ့ ညပိုင်းအချိန်ထိ ပူပေါင်းမဟာမိတ်အဖွဲ့မှ စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်မှုကိုဆက်လက် တောက်ခံနေဆဲ ဖြစ်ကြောင်း ဖော်ပြသည်။

“စခ ဘက်က မိုးဗြဲကိုရဖို့ အသည်းအသန်းလုံး ပန်းနေတယ်ပဲ ပြောချင်တယ်။အခုဆို သူတို့ဘက်ကမြေပြင်အင်အားပါထပ်တိုးလာနေတယ်။တိုက်ပွဲက ဆက်ပြင်းထန်ဖို့ပဲရှိတယ်”ဟု MBPDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

(မိုးဗြဲ PDF ရဲဘော်များအား တွေ့ရစဉ်၊ ဓာတ်ပုံ - MBPDF)
(မိုးဗြဲ PDF ရဲဘော်များအား တွေ့ရစဉ်၊ ဓာတ်ပုံ – MBPDF)

ထို့အပြင် ယခုသတင်းထုတ်ပြန်သည့် ည ၈နာရီဝန်းကျင်အထိ စစ်ကောင်စီက တာဝေးပစ်လက် နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်လျှက်ရှိကြောင်းလည်း အသိပေးသည်။

ကရင်နီဒေသ၏ စစ်ရေးအရအရေးပါသော မိုးဗြဲမြို့ကို စစ်ကောင်စီက ထိန်းချုပ်နိုင်ရေးကြိုးပမ်းမှုသည် နှစ်ပတ်ကျော်ကြာမြင့်နေပြီလည်း ဖြစ် သည်။

စက်တင်ဘာ ၈ရက်ကစတင်ခဲ့သည့် ထိုးစစ်ဆင်မှုအတွင်း စစ်ကောင်စီတပ်မှ သေဆုံးသူရာဂဏန်းဝန်းကျင်ရှိကာ ကရင်နီတပ်ပေါင်းစုမှ ရဲဘော်ခြောက်ဦး ကျဆုံးထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီစစ်ကြောင်းသည် နဘက်ရွာအပြင် ဖွားစော၊ဆွဲလဲအိုနှင့် ကင်းကျေးရွာတို့ကိုလည်း စစ်ကြောင်းထိုးနေ၍ ဒေသခံများလည်း ဘေးလွတ်ရာ ထွက်ပြေးနေရသည်။

သတင်း

စက်တင်ဘာကစ၍ ကရင်နီဒေသတွင် အကြီး အကျယ်ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို ခုခံကာကွယ်မှု၌ ကရင်နီတပ်ပေါင်းစုများမှယနေ့(စက်တင်ဘာ ၂၄ ရက်)အထိ ရဲဘော် ၁၄ဦးကျဆုံးထားရသည်။

သတင်း

တိုက်ပွဲများဆက်လက်ဖြစ်ပွားနိုင်သောကြောင့်မတူပီ-ဟားခါးလမ်းကို ဖြတ်သန်းသွားလာခြင်းမပြုလုပ်ကြရန် ပြည်သူများသို့ CDFက တိုက်တွန်းသည်။

သတင်း

တန့်ဆည်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များ တိုက်ပွဲများဖြစ်ပွားနေပြီး နယ်ခံတစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။