Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပြည်တွင်းကိုဗစ်ကူးစက်မှုနှုန်းပြန်များလာ

စစ်​ကောင်စီလက်​အောက်တွင် ကျန်းမာ​ရေး​စောင့်​ရေး​စောင့်​ရှောက်မှုစနစ်ပျက်ယွင်း​နေပြီး ကိုဗစ်ကူးစက်မှုအ​ခြေအ​နေမှန်ကိုသိရှိရန်ခက်ခဲသည်။

(စက်တင်ဘာလ ​နောက်ဆုံးပါတ်တွင် လူမှုကူညီ​ရေးအသင်းတစ်သင်းမှ​စေတနာ့ဝန်ထမ်းများက ကိုဗစ်လူနာအချို့ကို ဆေးရုံသို့ပို​ဆောင်​ပေး​နေစဥ်။ဓါတ်ပုံ- AFS)
(စက်တင်ဘာလ ​နောက်ဆုံးပါတ်တွင် လူမှုကူညီ​ရေးအသင်းတစ်သင်းမှ​စေတနာ့ဝန်ထမ်းများက ကိုဗစ်လူနာအချို့ကို ဆေးရုံသို့ပို​ဆောင်​ပေး​နေစဥ်။ဓါတ်ပုံ- AFS)

▪︎စက်တင်ဘာ တတိယပတ်မှစပြီး ကိုဗစ်ပိုးတွေ့ အတည် ပြုလူနာ နေ့စဥ် (၃၀၀)နှင့်အထက်ရှိ​နေ

မြန်မာနိုင်ငံတွင် ယခုစက်တင်ဘာ တတိယပတ်မှစတင်ပြီး ကိုဗစ်ပိုးတွေ့ အတည်ပြုလူနာ (၃၀၀)ဦးနှင့်အထက်ရှိလာကြောင်း စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်များအရ သိရသည်။

စက်တက်ဘာ ၁ ရက်စစ်ဆေးမှုများအရ ပို့တွေ့အတည် ပြုလူနာ (၈၄)ဦးသာရှိခဲ့ရာမှ စက်တင်ဘာ ၁၃ ရက်တွင် ပိုးတွေ့အတည်ပြုလူနာ (၃၈၄)ဦးတွေ့ရှိခဲ့ပြီး စက်တင် ဘာ ၁၄ ၊ ၁၇၊ ၁၈၊ ရက်များတွင် ပိုးတွေလူနာ (၃၀၀) အောက်ကျဆင်းခဲ့သော်လည်း ၁၉ ရက်နေ့မှ ၂၂ ရက် အထိ(၃၀၀)

အထက် ဆက်ရှိနေသည်ကို တွေ့ရသည်။ အထက်ပါစာရင်းမှာ စစ်​ကောင်စီကျန်းမာ​ရေးဝန်ကြီးဌာန အတည်ပြု​သောစာရင်းသာ ဖြစ်ပြီး အမှန်တွင် အဆိုပါအ​ရေအတွက်ထက်များစွာပိုနိုင်သည်။

(စက်တင်ဘာလ ​နောက်ဆုံးပါတ်တွင် လူမှုကူညီ​ရေးအသင်းတစ်သင်းမှ​စေတနာ့ဝန်ထမ်းများက ကိုဗစ်လူနာအချို့ကို ဆေးရုံသို့ပို​ဆောင်​ပေး​နေစဥ်။ဓါတ်ပုံ- AFS)
(စက်တင်ဘာလ ​နောက်ဆုံးပါတ်တွင် လူမှုကူညီ​ရေးအသင်းတစ်သင်းမှ​စေတနာ့ဝန်ထမ်းများက ကိုဗစ်လူနာအချို့ကို ဆေးရုံသို့ပို​ဆောင်​ပေး​နေစဥ်။ဓါတ်ပုံ- AFS)

ယနေ့ထုတ်ပြန်သော စက်တင်ဘာ ၂၂ ရက်စာရင်းအရ တစ်နိုင်ငံလုံးတွင် ပိုးတွေ့အတည်ပြုလူနာဦးရေ (၃၀၀)ဦးရှိရာ ယင်းအနက် ရန်ကုန်တိုင်းမှ (၁၄၈)ဦးဖြင့် အများဆုံးဖြစ်ပြီး (၃၃)ဦးဖြင့် နေပြည်တော်မှ ဒုတိယနှင့် (၂၃) ဦးဖြင့် မန္တလေးက တတိယ အသီးသီးဖြစ်သည်။

အလားတူ စက်တင်ဘာ ၂၁ ရက်က အတည်ပြုလူနာ (၄၆၉)ဦးရှိခဲ့ရာ ရန်ကုန်းတိုင်းမှ ပိုးတွေ့လူနာ (၂၁၅)ဦးဖြင့် အများဆုံးဖြစ်ကာ နေပြည်တော်မှ (၈၁)ဦးဖြင့် ဒုတိ ယအဆုံးဖြစ်ပြီး မန္တလေးမှ ပို့တွေ့လုနာ (၅၇)ဦးဖြင့် တတိယအများဆုံးဖြစ်ကြောင်း စစ်ကောင်စီ ကျန်းမာ ရေးဌာနစာရင်းများတွင် ဖော်ပြသည်။

စစ်​ကောင်စီလက်​အောက်တွင် ကျန်းမာ​ရေး​စောင့်​ရေး​စောင့်​ရှောက်မှုစနစ်ပျက်ယွင်း​နေပြီး ကိုဗစ်ကူးစက်မှုအ​ခြေအ​နေမှန်ကိုသိရှိရန်ခက်ခဲသည်။

NUG အစိုးရ ကျန်းမာရေးဝန်ကြီးဌာနကလည်း ​မြန် မာနိုင်ငံတွင် ရက်သတ္တနှစ်ပတ်အတွင်း ကိုဗစ်ရောဂါကူးစက်ပြန့်ပွားမှု နှစ်ဆတိုးလာသည်ကိုတွေ့ရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏စာရင်းများကို ကိုးကားပြီး သတိပေးသည်။

ထို့ကြောင့် COVID-19 ရောဂါလက္ခဏာသံသယရှိပါက အိမ်တွင် အနည်းဆုံး (၅)ရက်သီးခြားနေထိုင်ရန်၊ (၁၀)ရက်အတွင်း အခြားသူများနှင့်စကားပြောရာတွင် Mask တပ်ရန်၊ အနားယူပြီး အရေများများသောက်ရန်၊ နီးစပ်ရာဆရာဝန် သို့မဟုတ် တယ်လီကျန်းမာကဲ့သို့ အခ မဲ့ အွန်လိုင်းဆေးခန်းများတွင် မေးမြန်းဆွေးနွေးရန် စသည်တို့ကို နှိုးဆော်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

နိုင်ငံတကာ

ဓာတ်ငွေ့ တာဘိုင် ၄ လုံးနဲ့ လည်ပတ်တဲ့ သင်္ဘောကြီးဟာ အမြင့်ဆုံးမြန်နှုန်း တစ်နာရီ ၃၂ မိုင်နှုန်းနဲ့ တစ်ကြိမ် လောင်စာဖြည့်ပြီးတိုင် မိုင်ပေါင်း ၈၆၀၀ လောက်ထိ ခရီးပေါက်အောင် ခုတ်မောင်းနိုင်မယ်လို့ ယုံကြည်ရပါတယ်။

နိုင်ငံတကာ

ဥရောပတိုက်ဟာ မျောက်ကျောက်ရောဂါ ကူးစက်မှုတွေကို အဆိုးဆုံး ကြုံတွေ့ခဲ့တဲ့ ဒေသကြီးလည်း ဖြစ်ပါတယ်။ အခုတော့ ပြင်သစ်၊ ဂျာမနီ၊ ပေါ်တူဂီ၊ စပိန်နဲ့ ဗြိတိန်တို့ အပါအဝင် ဥရောပ နိုင်ငံ တော်တော်များများမှာ ရောဂါ ထိန်းချုပ်ရေးနဲ့ ပတ်သက်လို့ အားတက်စရာ သတင်းတွေ ဆက်တိုက် ကြားနေရပြီလို့...

သတင်း

ယနေ့ (သြဂုတ် ၂၇ ရက်)ဖြင့် ထုတ်ပြန်သည့် အထက်ပါသတိပေးချက်တွင် ယခုလုပ်ရပ်များအား ရပ်တန်းကမရပ်ဘဲ ဆက်လက်ပြုလုပ်နေမည်ဆိုပါက လိုအပ်သလို အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဖော်ပြသည်။

နိုင်ငံတကာ

ကလေးတွေက အနီကွက်တွေ၊ အနာဖုတွေကို လက်သည်းတွေနဲ့ ကုတ်တာ၊ ဆိတ်တာမျိုး မလုပ်မိဖို့လိုပြီး အဲဒီကျရင် ရောဂါ လက္ခဏာတွေက ပိုပြင်းထန်သွားနိုင်တယ်လို့လည်း သိရပါတယ်။