Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

KNU တပ်မဟာ(၆)နယ်မြေတွင် စစ်ကောင်စီတပ် ဗိုလ်မှူးတစ်ဦးကို လက်နက်နှင့်အတူ ဖမ်းမိ

အဆိုပါ ဗိုလ်မှူးကို ယနေ့ (စက်တင်ဘာ ၂၄ရက်) နံနက်တွင် သေနတ်တစ်လက် ၊ ဆက်သွယ်ရေးစက် ၆လုံးနှင့်အတူ ဖမ်းမိခဲ့ကြောင်း PVTVက ဖော်ပြထားသည်။

KNU တပ်မဟာ(၆)နယ်မြေတွင် စစ်ကောင်စီတပ် ဗိုလ်မှူးတစ်ဦးကို လက်နက်နှင့်အတူ ဖမ်းမိ
KNU တပ်မဟာ(၆)နယ်မြေတွင် စစ်ကောင်စီတပ် ဗိုလ်မှူးတစ်ဦးကို လက်နက်နှင့်အတူ ဖမ်းမိ

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆)နယ်မြေ ကြာအင်းဆိပ်ကြီး(KNU နို့တကော) မြို့နယ်တွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူးတစ်ဦးကို လက်နက်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) သတင်းပြန်ကြားရေးဌာန PVTVကလည်း သတင်းဖော်ပြထားသည်။

ဖမ်းဆီးရမိသူမှာ တနင်္သာရီတိုင်း မြိတ်မြို့ အခြေစိုက် ခြေမြန်တပ်ရင်း တစ်ခုဖြစ်သည့် ခမရ (၅၅၆)မှ ဗိုလ်မှူးဝင်းမင်းခန့် ဖြစ်ပြီး မော်လမြိုင် အခြေစိုက် စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း (၉၀၄)မှ သေ့ဘော့ဘိုးဘက်သို့ အင်အားဖြည့်ရန်အတွက် ကြာအင်းဆိပ်ကြီးမြို့နယ် အခြေစိုက် ခလရ (၂၈၃)သို့ ယခု (စက်တင်ဘာ ၂၃ရက်)တွင် ရောက်ရှိလာသူဖြစ်သည် ဟု ဆိုသည်။

အဆိုပါ ဗိုလ်မှူးကို ယနေ့ (စက်တင်ဘာ ၂၄ရက်) နံနက်တွင် သေနတ်တစ်လက် ၊ ဆက်သွယ်ရေးစက် ၆လုံးနှင့်အတူ ဖမ်းမိခဲ့ကြောင်း PVTVက ဖော်ပြထားသည်။

ဗိုလ်မှူးဝင်းမင်းခန့်သည် ကြာအင်းဆိပ်ကြီးမြို့နယ် ခလရ(၃၂)သို့ ဆက်သွယ်ရေးစက်များ သွားရောက်ပို့ဆောင်ချိန်တွင် KNLA/PDF ပူးပေါင်းတပ်ဖွဲ့ဝင်များ လုံခြုံရေး ဆောင်ရွက်နေသည့် စစ်ဆေးရေးဂိတ်၌ စစ်ဆေးတွေ့ရှိ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး KNU တပ်မဟာ (၆)နယ်မြေရှိ သတင်းရင်းမြစ်တစ်ဦးက ဗိုလ်မှူးတစ်ဦးအား ဖမ်းမိသည့် သတင်းကို KNU တာဝန်ရှိသူထံမှ ကြားသိရသော်လည်း အသေးစိတ်ဖြစ်စဉ်ကို မသိရသေးဟု ဆိုသည်။

“ကြာအင်ဆိပ်ကြီးက KNU ဆိုရင် နို့တကောမြို့နယ် လို့ ပြောလို့ရတယ်။ အဲဒီအနီးအနားတဝိုက်မှာ KNLA တပ်ရင်း (၁၇)တပ်ရင်းတွေရှိတယ်။ တပ်ရင်း (၁၇)ဂွင်ထဲမှာ ဖမ်းမိတာဖြစ်နိုင်တာပေါ့”ဟု ဒေသခံသတင်းရင်းမြစ်က ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း ကော့ကရိတ်မြို့နယ် KNLA တပ်ရင်း(၁၈)သည် စစ်ကောင်စီ၏ ကျိတ်တပ်စခန်းကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ရာ အဆိုပါ စခန်းမှ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများလည်း ရှိနေကြောင်း ဒေသခံသတင်းရင်းမြစ်က ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

KNUတပ်မဟာ(၅)နယ်မြေတွင် တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားလျက်ရှိသည်။

သတင်း

အဆိုပါတိုက်ခိုက်မှုကို ABSDF နှင့် ပူးပေါင်း မဟာမိတ် KNA(Burma)နှင့် PDF-CEU တပ်ဖွဲ့များကပူး​ပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အခြား PDFများကလည်း ထပ်မံတိုက်ခိုက်ခဲ့​ကြောင်းလည်း ထုတ်ပြန်ထားသည်။

သတင်း

ပျူစောထီးနှင့် စစ်ကောင်စီတပ်ပူးပေါင်းအဖွဲ့အား နေ့လယ် ၁ နာရီခန့်တွင် မိုင်ပွိုင့်သုံးကြိမ်၊ ၂နာရီခွဲခန့်တွင် မိုင်းပွိုင့်တစ်ကြိမ်၊ ၂ နာရီ ၅၀မိနစ် ခန့်တွင် မိုင်းပွိုင့်တစ်ကြိမ်ဖြင့် စုစုပေါင်း ငါးကြိမ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။

သတင်း

ယနေ့ (စက်တင်ဘာ ၂၄ရက်) နံနက် ၉နာရီခန့်က အင်းပတ်ရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးနေသော စစ်ကောင်စီတပ်များကို ခင်ဦး PDFနှင့် အခြားဒေသတွင်း PDF များ၊ ပကဖ အဖွဲ့များ ဝိုင်းဝန်း တိုက်ခိုက်ခဲ့ကြကြောင်း SSTF ( MRDA တပ်ခွဲ-ခင်ဦး )က အသိပေးသည်။