Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မကွေးတိုင်း တန့်ကြည့်တောင်အနောက်ဘက် ရွာအများအပြား ထွက်ပြေးတိမ်းရှောင်နေရ၍ စားနပ်ရိက္ခာအခက်အခဲကြုံနေရ

“စစ်ဘေးရှောင်တွေထဲမှာ ဖျားတဲ့နာတဲ့လူတွေလည်းများပြီး ကလေးတွေမှာ ဖိနပ်တောင်မပါကြဘဲ ငုတ်စူးတဲ့ကလေးတွေလည်းရှိတယ်လို့ သိရပါတယ်။”ဟု We Love Seikphyu Group က ပြောသည်။

(စစ်ဘေးရှောင် ကျေးရွာများအား ဒေသကာကွယ်ရေးအဖွဲ့များက လာရောက်လှူဒါန်းနေစဥ်၊ဓာတ်ပုံ-B.H.S.R.F)
(စစ်ဘေးရှောင် ကျေးရွာများအား ဒေသကာကွယ်ရေးအဖွဲ့များက လာရောက်လှူဒါန်းနေစဥ်၊ဓာတ်ပုံ-B.H.S.R.F)

မကွေးတိုင်း၊ တန့်ကြည့်တောင်အနောက်ဘက်၊ ပခုက္ကူမြို့နယ်နှင့် ဆိ​ပ်ဖြူမြို့နယ်စပ်ရှိ ကျေးရွာများအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးအကြမ်းဖက်နေ၍ ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာအခက်အခဲ ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။

စစ်ကောင်စီတပ်သည် စက်တင်ဘာ ၁၆ ရက်ဝန်းကျင်ကစတင်ကာ ပခုက္ကူနှင့် ဆိပ်ဖြူမြို့နယ်စပ်ရှိ တောင်ပလူ၊ ရှာဒူး၊စိုင်ဖြူ၊အရှေ့ကမ်းဖြူနှင့် ဥယျာဉ်စုကျေးရွာများအား ဝင်ရောက်အကြမ်းဖက် ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။

စစ်ကောင်စီတပ်သည် စက်တင်ဘာ ၂၂ ရက်နံနက်ပိုင်းက ပခုက္ကူမြို့နယ်၊ ဂဝံလေးတိုင်ကျေးရွာရှိ နေအိမ် ၁၆လုံး၊ စက်တင်ဘာလ ၂၃ ရက်ကလည်း ပခုက္ကူမြို့နယ်၊ မြစ်ဖျားကျေးရွာရှိ နေအိမ် ၄၅လုံးတို့ကို ဝင်ရောက်မီးရှို့ဖျက်ဆီးသွားခဲ့သည်။

ယင်းကျေးရွာများသည် မကြာခဏ ထွက်ပြေးတိမ်းရှောင်နေရပြီး နီးစပ်ရာရွာများက လက်ခံကျွေးမွေးနေကြောင်း၊ စစ်ဘေးရှောင်သူများ၍ စားနပ် ရိက္ခာမလုံလောက်မှု ရင်ဆိုင်နေရကြောင်း ဒေသခံများက ပြောသည်။

“စစ်ဘေးရှောင်တွေထဲမှာ ဖျားတဲ့နာတဲ့လူတွေလည်းများပြီး ကလေးတွေမှာ ဖိနပ်တောင်မပါကြဘဲ ငုတ်စူးတဲ့ကလေးတွေလည်းရှိတယ်လို့ သိရပါတယ်။”ဟု We Love Seikphyu Group က ပြောသည်။

(စစ်ဘေးရှောင် ကျေးရွာများအား ဒေသကာကွယ်ရေးအဖွဲ့များက လာရောက်လှူဒါန်းနေစဥ်၊ဓာတ်ပုံ-B.H.S.R.F)
(စစ်ဘေးရှောင် ကျေးရွာများအား ဒေသကာကွယ်ရေးအဖွဲ့များက လာရောက်လှူဒါန်းနေစဥ်၊ဓာတ်ပုံ-B.H.S.R.F)

ယမန်နေ့ (စက်တင်ဘာ၂၄ရက်)ကလည်း ပခုက္ကူမြို့နယ် တောင်ပလူကျေးရွာကို စစ်တပ်နှင့် ပျူ အင်အား ၁၅၀ခန့် ထပ်မံရောက်ရှိလာပြီး ဝင်ရောက်ရှာဖွေဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

စစ်ဘေးရှောင်လာကြသော ပခုက္ကူမြို့နယ် ၊ မြစ်ဖျားကျေးရွာနှင့် ဆိပ်ဖြူမြို့နယ် အနောက်ကမ်းဖြူကျေးရွာမှ ပြည်သူဦးရေ ၆၀၀ကျော်အား သိန်းငှက်နက် ဆိပ်ဖြူတပ်ဦး(B.H.S.R.F)နှင့် နက္ခတ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (N K PDF) တို့ပူးပေါင်းကာ စက်တင်ဘာလ ၂၃ ရက်က စားနပ် ရိက္ခာများကို လှူဒါန်းခဲ့ပြီး ကျန်းမားရေးစောင့်ရှောက်မှုများ ဆေးဝါးကုသမှုများ ပြုလုပ်ခဲ့ကြောင်း ၎င်းအဖွဲ့များက အသိပေးထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့၏ တကျော့ပြန်တိုက်ပွဲများကြောင့် မောင်တောနှင့် ရသေ့တောင်အပါအဝင် စစ်ဘေးရှောင်ဦးရေများထပ်မံတိုးပွားလာရာ စုစုပေါင်း စစ်ရှောင် ‌‌ခြောက်သောင်းကျော်ရှိသည်ဟု ဆိုသည်။

သတင်း

တိုက်ပွဲအပြီး နယ်မြေရှင်းလင်းရာ MA ကျည် ၂၀၀ တောင့်၊ (၄၀) မမ ကျည် သုံးလုံး၊ ကျည်ကာ တစ်ခု သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြထားသည်။

သတင်း

စစ်ကြောင်းတစ်ကြောင်းသည် မွန်းလွဲပိုင်းတွင် တန့်ဆည်မြို့နယ်ရှိ ဂွေးကုန်းကျေးရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၁၀လုံးခန့် မီးလောင်ပြာကျခဲ့ကြောင်း ဒေသခံများက ပြောသည်။

သတင်း

ပြီးခဲ့သည် သြဂုတ် ၁၀ ရက်က ဆီမီးခုံလောင်းကစားဝိုင်းမှပြန်သွားသည့် စစ်ကောင်စီတပ်က ဗိုလ် ကြီးအောင်ကိုကိုနှင့်တပ်သားတစ်ဦး ပစ်ခတ်ခံရပြိီးနောက် သေဆုံးသွားခဲ့သည်။