Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖာပွန်ခရိုင်အတွင်း ယမန်နေ့ တိုက်ပွဲများတွင် စစ်ကောင်စီတပ် ငါးဦးသေ၊ ကားတစ်စီးဖျက်ဆီးနိုင်ခဲ့ဟု KNUတပ်မဟာ(၅) အသိပေး

KNUတပ်မဟာ(၅)နယ်မြေတွင် တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားလျက်ရှိသည်။

(KNU တပ်မဟာ(၅)မှ ရဲဘော်များအား ရှေ့တန်းတစ်နေရ၌ တွေ့ရစဉ်၊ဓာတ်ပုံ - Salween Press)
(KNU တပ်မဟာ(၅)မှ ရဲဘော်များအား ရှေ့တန်းတစ်နေရ၌ တွေ့ရစဉ်၊ဓာတ်ပုံ - Salween Press)

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင်တွင် ယမန်နေ့က တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်နှင့် ၎င်း၏ လက်အောက်ခံနယ်ခြားစောင့်တပ်(BGF)တပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်ရှိခဲ့ကြောင်း တပ်မဟာ(၅)က ယနေ့ သတင်းထုတ်ပြန်သည်။

စက်တင်ဘာ ၂၄ရက်က ဒွယ်လိုးမြို့နယ် ဝါးဒူးကျေးရွာနှင့် ထိုးဖိုရွာကြားတွင် စစ်ကောင်စီ လက်ပါးစေ BGFနှင့် ရင်ဆိုင်တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်၏ စစ်သုံးထောက်ပို့ကား တစ်စီး ဖျက်ဆီးနိုင်ခဲ့ပြီး စစ်ကောင်စီတပ်သားနှစ်ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

ထို့အတူ ဖာပွန်မြို့ အခြေစိုက် ခလရ(၁၉)စခန်းကို တစ်ကြိမ်၊ ဒွယ်လိုးမြို့နယ် တာဂေါ်ခီးရွာအနီးတွင် တစ်ကြိမ်တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်မှ သုံးဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်သည်။ယင်းတိုက်ပွဲ၌ တပ်မဟာ(၅)ဘက်က ထိခိုက်ကျဆုံးမရှိဟု ဆိုသည်။

စက်တင်ဘာ ၂၃ရက်ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တပ်မဟာ(၅) တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲများဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ ဒွယ်လိုးမြို့နယ် မော့ကူးလူဒေသ၌ တစ်ကြိမ်၊ မူတြော်ကလိုးဒေသ၌ တစ်ကြိမ်၊ ဖာပွန် – ကမမောင်း ကားလမ်းရှိ ဆင်ဆွယ်နှင့် တောင်သုံးလုံးကြား၌ နှစ်ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း အသိပေးထားပြီး စစ်ကောင်စီတပ်က တစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်သည်။

KNUတပ်မဟာ(၅)နယ်မြေတွင် တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားလျက်ရှိသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

လက်ရှိတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား များစွာ အသေအဆုံးရှိသကဲ့သို့ ပြည်သူ့ကာကွယ်ရေးရဲဘော်အချို့လည်း ကျဆုံးခဲ့ရသည်။

သတင်း

အဆိုပါတိုက်ခိုက်မှုကို ABSDF နှင့် ပူးပေါင်း မဟာမိတ် KNA(Burma)နှင့် PDF-CEU တပ်ဖွဲ့များကပူး​ပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အခြား PDFများကလည်း ထပ်မံတိုက်ခိုက်ခဲ့​ကြောင်းလည်း ထုတ်ပြန်ထားသည်။

သတင်း

အဆိုပါ ဗိုလ်မှူးကို ယနေ့ (စက်တင်ဘာ ၂၄ရက်) နံနက်တွင် သေနတ်တစ်လက် ၊ ဆက်သွယ်ရေးစက် ၆လုံးနှင့်အတူ ဖမ်းမိခဲ့ကြောင်း PVTVက ဖော်ပြထားသည်။

သတင်း

စစ်ကောင်စီစစ်ကြောင်းသည် နဘက်ရွာအပြင် ဖွားစော၊ဆွဲလဲအိုနှင့် ကင်းကျေးရွာတို့ကိုလည်း စစ်ကြောင်းထိုးနေ၍ ဒေသခံများလည်း ဘေးလွတ်ရာ ထွက်ပြေးနေရသည်။