Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေဘို-မန္တလေးလမ်းတွင် စစ်ကောင်စီယာဥ်နှစ်စီးအား မိုင်းခွဲတိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများပြား

ရွှေဘို-မန္တလေးလမ်းပေါ်၊ စိုင်နိုင်ကွေ့တွင် ယခင်ကလည်း စစ်ကောင်စီယာဥ်များ မကြာခဏ မိုင်းခွဲတိုက်ခိုက်ခံရဖူးပြီး ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။

(စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်နေ၍ ရွှေဘို-မန္တလေးလမ်းဘေးတွင် ညအိပ်စောင့်ဆိုင်းနေရသော ခရီးသွားယာဥ်များ။ ။ဓါတ်ပုံ-AN)
(စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်နေ၍ ရွှေဘို-မန္တလေးလမ်းဘေးတွင် ညအိပ်စောင့်ဆိုင်းနေရသော ခရီးသွားယာဥ်များ။ ။ဓါတ်ပုံ-AN)

▪︎စစ်ကောင်စီတ​ပ်က ရမ်းသမ်းပစ်ခတ်နေ၍ ခရီးသွားယာဥ်များ ရပ်တန့်ထားခဲ့ရ

ရွှေဘို-မန္တလေး လမ်းမကြီးပေါ်တွင် စစ်ကောင်စီယာဥ်နှစ်စီး မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားများအများအပြားသေဆုံးကြောင်း သိဒ္ဓိရှင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း၊ ရွှေဘို-မန္တလေးလမ်းမကြီးပေါ်တွင် စက်တင်ဘာလ ၂၂ ရက်နေ့ ညနေ (၅)နာရီ (၄၀)မိနစ်ခန့်က ရွှေဘိုဘက်မှ ထွက်လာသော စစ်ကောင်စီတပ်၏ အင်အား(၇၀)ပါ သံပြားကာ ကား(၂)စီးကို ဝက်လက်မြို့နယ်တွင်းတစ်နေရာ၌ သိဒ္ဓိရှင်တိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က မိုင်း(၂)ကြိမ်ခွဲကာ တိုက်ခိုက်ခဲ့သည်။

(စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်နေ၍ ရွှေဘို-မန္တလေးလမ်းဘေးတွင် ညအိပ်စောင့်ဆိုင်းနေရသော ခရီးသွားယာဥ်များ။ ။ဓါတ်ပုံ-AN)
(စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်နေ၍ ရွှေဘို-မန္တလေးလမ်းဘေးတွင် ညအိပ်စောင့်ဆိုင်းနေရသော ခရီးသွားယာဥ်များ။ ။ဓါတ်ပုံ-AN)

အဆိုပါ မိုင်းခွဲတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသည့် စစ်ကောင်စီတပ်များကို ဆေးရုံသို့ခေါ်ဆောင်သွားရာ (၁၅)ဦးသေဆုံးခဲ့ကြောင်း၊ စက်တင်ဘာလ ၂၃ ရက်နေ့တွင်လည်း ၃ ဦးထပ်မံသေဆုံးခဲ့ပြီး (၅)ဦးမှာ အပြင်းအထန်ဒဏ်ရာဖြင့် ဆေးကုနေရကြောင်း သိဒ္ဓိရှင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးသည်။

​သေဆုံးသူများထဲတွင် စစ်ကောင်စီအရာရှိတစ်ဦးပါနိုင်သည်ဟု သိဒ္ဓိရှင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ စစ်ကောင်စီဘက်က သေဆုံးထိခိုက်မှုအခြေအနေကို ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

သိဒ္ဓိရှင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းရန် ကြိုးစားသော်လ​ည်း လက်တလောဆက်သွယ်၍ မရသေးပေ။

(စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်နေ၍ ရွှေဘို-မန္တလေးလမ်းဘေးတွင် ညအိပ်စောင့်ဆိုင်းနေရသော ခရီးသွားယာဥ်များ။ ။ဓါတ်ပုံ-AN)
(စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်နေ၍ ရွှေဘို-မန္တလေးလမ်းဘေးတွင် ညအိပ်စောင့်ဆိုင်းနေရသော ခရီးသွားယာဥ်များ။ ။ဓါတ်ပုံ-AN)

ထိုနေ့က စစ်ကောင်စီယာဥ်များသ​ည် ရွှေဘို-မန္တလေးလမ်းပေါ် စိုင်နိုင်ကွေ့အနီးတွင် မိုင်းခွဲတိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း၊ မိုင်းထိပြီးနောက် စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်နေ၍ ကားအစီးရေများစွာ ဆက်မထွက်နိုင်ဘဲ ပိတ်မိခဲ့ကြောင်း ခရီးသွားပြည်သူတစ်ဦးက ပြောသည်။

ရွှေဘို-မန္တလေးလမ်းပေါ်၊ စိုင်နိုင်ကွေ့တွင် ယခင်ကလည်း စစ်ကောင်စီယာဥ်များ မကြာခဏ မိုင်းခွဲတိုက်ခိုက်ခံရဖူးပြီး ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စုစုပေါင်း ထောက်ပံ့သောငွေ ၂၁ သိန်းကျော်နှင့် ဆီပိဿာချိန် ၇၀နီးပါးရှိပြီး ကျပ်သိန်း ၂၀ကျော်တန်ဖိုးရှိ အသုံးအဆောင်ပစ္စည်းများဖြန့်ဝေ ထောက်ပံ့ခဲ့ရာ စုစုပေါင်း ကျပ်သိန်း ၅၀ကျော် ကို စစ်ဘေးရှောင်နှင့် မီးဘေးသင့် ပြည်သူများကို ကူညီပေးခဲ့သည်ဟု​ဖော်ပြထားသည်။

သတင်း

CDM တပ်ကြပ်ကြီးမျိုးအောင်က စစ်ကောင်စီတပ်တွင်း အခြေအနေကိုပြောပြမည့် အင်တာဗျူးကိုလည်း မကြာမီထုတ်လွှင့်သွားမည်ဟု The Voice Of Spring က အသိပေးထားသည်။

သတင်း

စစ်ကောင်စီတပ်သောင်းကျန်းနေ၍ ရွှေဘို-ဝက်လက်-အုန်းတောလမ်း၊ ဝက်လက်-လှတော လမ်းပိုင်းများအား ယနေ့လုံးဝ ဖြတ်သန်းသွားလာခြင်း မပြုကြပါရန် ဒေသတွင်းအဖွဲ့များက အသိပေးထားသည်။

သတင်း

သင်တန်းတက်ရမည့်အကြောင်းကို ရဲတပ်ဖွဲ့က ကြိုတင်အသိမပေးဘဲ ရုတ်တရက်ညွှန်ကြားခြင်းဟု ရဲမေ နှင်းဝတ်ရည်ဝင်း၏ သူငယ်ချင်းတစ်ဦးက ပြောသည်။