Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ခေါက်ပလော့ရွာတိုက်ပွဲ နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိဟု PDF လွိုင်ကော် ထုတ်ပြန်

ကရင်နီတပ်မတော်(KA)အပြင် PDF များနှင့် KNDF တို့မှ ပူးပေါင်းဆင်နွှဲခြင်းဖြစ်ပြီး လွိုင် ကော် PDF မှ နှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး စနစ်တကျ ဆေးကုသမှုကို ခံယူလျက်ရှိကြောင်း အသိပေးသည်။

(PDF လွိုင်ကော်မှ ရဲဘော်တစ်ဦးအား တွေ့ရစဉ်)
(PDF လွိုင်ကော်မှ ရဲဘော်တစ်ဦးအား တွေ့ရစဉ်)

ဒီးမော့ဆိုမြို့နယ်၊ ခေါက်ပလော့ကျေးရွာ တိုက်ပွဲ နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိကြောင်း PDF လွိုင် ကော်က ယနေ့(စက်တင်ဘာ ၂၅ ရက်) ထုတ်ပြန် သည်။

တိုက်ပွဲမှာ ယမန်နေ့ (စက်တင်ဘာ ၂၄ ရက်)ကခေါက်ပလော့ ကျေးရွာ၊ ပြည်သူ့ နေအိမ်များ၌ တပ်စွဲထားသော စစ်ကောင်စီအား ကရင်နီမဟာမိတ်ပြည်သူ့တပ်များမှ ပူးပေါင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီမှ လက်နက်ကြီးအင်အား မတန်တဆသုံးခဲ့သော်လည်း မဟာမိတ်များမှ ကြံ့ကြံ့ခံခုခံတိုက်ပွဲဝင်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်မှုရှိခဲ့ပြီးတိကျသော အရေအတွက်ကိုမူ မသိနိုင်သေးပေ။

ကရင်နီတပ်မတော်(KA)အပြင် PDF များနှင့် KNDF တို့မှ ပူးပေါင်းဆင်နွှဲခြင်းဖြစ်ပြီး လွိုင် ကော် PDF မှ နှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး စနစ်တကျ ဆေးကုသမှုကို ခံယူလျက်ရှိကြောင်း အသိပေးသည်။

“ကျတာ KNDF တပ်ရင်း (၁)ဘက်က ရဲဘော်နှစ် ဦးလို့သိရတယ်။မနေ့က မနက်ကတည်းက တိုက် ပွဲဖြစ်နေတာ။ဒီနေ့လည်း တိုက်ပွဲဆက်ပြင်းထန်နေတယ်။စကစ ဘက်က ဂျက်လေယာဥ်တစ်စီး ပါ တွေ့ရတယ်”ဟု ကရင်နီစစ်ရေးသတင်းရင်း မြစ်က ပြောသည်။

တိုင်းပြည်အတွက် အသက်ပေးလှူသွားကြသော တပ်ရင်းအသီးသီးမှ သူရဲကောင်းရဲဘော်များအားလွိုင်ကော် PDF မှ အလေးပြုဦးညွှတ်ပြီးအရေးတော်ပုံပြီးဆုံးသည်ထိ တိုက်စစ်နေရာမှ ပါဝင်မည်ဟု ကတိပြုဖော်ပြသည်။

ယခုလအတွင်း ကရင်နီဒေသရှိ မြို့နယ်အများစု (ဒီးမော့ဆို၊လွိုင်ကော်၊မိုးဗြဲ၊ဖယ်ခုံနှင့် ဖရူဆို)တို့တွင် နေ့စဥ်တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီတပ်မှ အများအပြားသေဆုံးကာ ကရင်နီတပ်ပေါင်းစုမှ ရဲဘော် ၁၄ဦး ကျဆုံးခဲ့ရသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီတပ်က အင်းတော်မြို့နယ်အတွင်းသို့ စစ်အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေ၍ တိုက်ပွဲဖြစ်ပွားနေသည်ဟု အသိပေးထားသည်။

သတင်း

စက်တင်ဘာ၂၂ ရက်နံနက် ၅ နာရီခန့်က မြောင် မြို့နယ်အ​ခြေစိုက်၊ ဗိုလ်နေတိုးပြောက်ကျားအထူးတပ်ဖွဲ့၊ စစ်ကိုင်းခရိုင်တပ်ရင်း(၆)တပ်ခွဲ(၃) ၏ အထိုင်စခန်းအား စစ်ကောင်စီတပ်က အင်အားအမြောက်အများအသုံးပြုကာ စစ်ကြောင်း၂ကြောင်းဖြင့် ပိတ်ဆို့စီးနင်းခဲ့သည်။

သတင်း

လက်ရှိတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား များစွာ အသေအဆုံးရှိသကဲ့သို့ ပြည်သူ့ကာကွယ်ရေးရဲဘော်အချို့လည်း ကျဆုံးခဲ့ရသည်။

သတင်း

KNUတပ်မဟာ(၅)နယ်မြေတွင် တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားလျက်ရှိသည်။