Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရဲကားနှင့်စစ်ကား မျက်နှာချင်းဆိုင်တိုက်၊ ရဲမေတစ် ဦးအပါအဝင် ရဲနှစ်ဦးသေ

သင်တန်းတက်ရမည့်အကြောင်းကို ရဲတပ်ဖွဲ့က ကြိုတင်အသိမပေးဘဲ ရုတ်တရက်ညွှန်ကြားခြင်းဟု ရဲမေ နှင်းဝတ်ရည်ဝင်း၏ သူငယ်ချင်းတစ်ဦးက ပြောသည်။

(ယာဉ်တိုက်မှုဖြစ်ပြီးနောက် တွေ့ရစဉ်၊ဓာတ်ပုံ - CJ)
(ယာဉ်တိုက်မှုဖြစ်ပြီးနောက် တွေ့ရစဉ်၊ဓာတ်ပုံ - CJ)

သင်တန်းတက်ရန် ရမည်းသင်းမြို့သို့သွားရောက်သည့် ရဲတပ်ဖွဲ့ဝင်များလိုက်ပါလာသော အိမ်စီးကားတစ်စီးသည် မန္တလေး- လားရှိုးပြည်ထောင်စုလမ်းပိုင်းတွင် စစ်ကားတစ်စီးဖြင့် မျက်နှာချင်းဆိုင်တိုက်မိပြီး ရဲမေတစ်ဦးအပါအဝင် ရဲနှစ်ဦးသေဆုံးခဲ့သည်။

ယမန်နေ့(စက်တင်ဘာ ၂၄ရက်)က ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်ရဲတပ်ဖွဲ့မှ ရဲမေ နှင်းဝတ်ရည်ဝင်းနှင့် နယ်ထိန်း ရဲအုပ်အောင်ချိုလင်းတို့လိုက်ပါလာသောကားသည် မန္တလေး- လားရှိုး ပြည်ထောင်စုလမ်း၊ နောင်ချိုမြို့နယ် ဘန့်ဘွေးကုန်းရွာအနီးတွင် စစ်ကားဖြင့် တိုက်မိခြင်းဖြစ် သည်။

“ရမည်းသင်း ရဲသင်တန်းကျောင်းကို သွားကြတာ။ PDF ရန်ကိုကြောက်လို့ အရပ်သားလို ခိုးသွားတာ။ဖြစ်ချင်တော့ စစ်တပ်ကားနဲ့ တည့် တိုက်မိတာပဲ။ နှင်းဝတ်ရည်ဝင်းရော၊ အောင်ချိုလင်းရော သေတာပဲ။ ကားလည်း စုတ်ပြတ်သွားတယ်”ဟု နောင်ချိုမြို့ရဲတပ်ဖွဲဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ရဲမေ နှင်းဝတ်ရည်ဝင်းသည် ရမည်းသင်းမြို့တွင် ရဲသင်တန်းတက်ရန် သွားရောက်သည်ကို နယ်ထိန်း ရဲအုပ်အောင်ချိုလင်းက ကားဖြင့်လိုက်ပို့စဥ် အထက်ပါ ဖြစ်ရပ် ကြုံတွေ့ခြင်းဖြစ်သည်။

သင်တန်းတက်ရမည့်အကြောင်းကို ရဲတပ်ဖွဲ့က ကြိုတင်အသိမပေးဘဲ ရုတ်တရက်ညွှန်ကြားခြင်းဟု ရဲမေ နှင်းဝတ်ရည်ဝင်း၏ သူငယ်ချင်းတစ်ဦးက ပြောသည်။

” အခုက ဘယ်လို မူဝါဒတွေလဲ မသိဘူး။ သင်တန်းတက်ဖို့ကိုလည်း ကြိုမပြောဘူး။ ကပ်ပြီးမှပြောတော့ ရေးကြီးသုတ်ပြာထွက်ရတာ။ မဟုတ်ရင် အခုလိုသေမှာမဟုတ်ဘူး။ ရဲတပ်ဖွဲ့က တာဝန်မဲ့လွန်းတယ်”ဟု ၎င်းက ပြောသည်။

ရဲမေ နှင်းဝတ်ရည်ဝင်းသည် အိမ်ထောင်သည်တစ်ဦးဖြစ်ပြီး ၎င်း၏ အမျိုးသားမှာလည်း ရဲတပ်ဖွဲ့ဝင်တစ်ဦး ဖြစ်သည်။ ယာဥ်တိုက်မှုဖြစ်ချိန်တွင် ၎င်းတို့၏ ကားပေါ်၌ ကလေးနှစ်ဦးပါဝင်ကြောင်းသိရသော် လည်း အသေးစိတ်မသိရသေးပေ။

၎င်းမှာ ကျောက်မဲမြို့ဇာတိဖြစ်ကြောင်း စုံစမ်းသိရသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ရွှေဘို-မန္တလေးလမ်းပေါ်၊ စိုင်နိုင်ကွေ့တွင် ယခင်ကလည်း စစ်ကောင်စီယာဥ်များ မကြာခဏ မိုင်းခွဲတိုက်ခိုက်ခံရဖူးပြီး ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။

သတင်း

ပျူစောထီးနှင့် စစ်ကောင်စီတပ်ပူးပေါင်းအဖွဲ့အား နေ့လယ် ၁ နာရီခန့်တွင် မိုင်ပွိုင့်သုံးကြိမ်၊ ၂နာရီခွဲခန့်တွင် မိုင်းပွိုင့်တစ်ကြိမ်၊ ၂ နာရီ ၅၀မိနစ် ခန့်တွင် မိုင်းပွိုင့်တစ်ကြိမ်ဖြင့် စုစုပေါင်း ငါးကြိမ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။

သတင်း

သေဆုံးသူမှာ နှစ်တန်းကျောင်းသား မောင်ဇွဲနိုင်မိုးဖြစ်ပြီး လက်နက်ကြီးကျည်ထိမှန်ကာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

သတင်း

စက်တင်ဘာ ၂၂ရက် နှင့် ၂၁ရက်နှင့် ၂၀ရက်နေ့များ၌ ဖာပွန်ခရိုင်အတွင်း တိုက်ပွဲသတင်းနှင့် စစ်ရေးအခြေအနေများကို အသိပေး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။