Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြဝတီ – ဝေါ်လေလမ်းစစ်မြေပြင်က စစ်ကောင်စီ တပ်ကြပ်တစ်ဦး CDM ပြုလုပ်

CDM တပ်ကြပ်ကြီးမျိုးအောင်က စစ်ကောင်စီတပ်တွင်း အခြေအနေကိုပြောပြမည့် အင်တာဗျူးကိုလည်း မကြာမီထုတ်လွှင့်သွားမည်ဟု The Voice Of Spring က အသိပေးထားသည်။

ဓာတ်ပုံ - The Voice Of Spring
ဓာတ်ပုံ - The Voice Of Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆)နယ်မြေ မြ၀တီ -ဝေါ်လေလမ်း ရှေ့တန်းစစ် မြေပြင်မှ စစ်ကောင်စီတပ်ကြပ်တစ်ဦး ပြည်သူ့ရင်ခွင် ခိုလှုံလာကြောင်း The Voice Of Spring က ယနေ့ သတင်းဖော်ပြသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကော်ဘရာ စစ်ကြောင်း နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသည့် မြ၀တီ -ဝေါ်လေလမ်းပိုင်း၌ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီ၏ ခမရ (၁၀၄)တပ်ရင်းမှ တပ်ကြပ်မျိုးအောင်သည် စက်တင်ဘာ ၂၄ရက်တွင် ပြည်သူ့ရင်ခွင် ခိုလှုံလာခြင်းဖြစ်သည်ဟု ဆိုသည်။

တပ်ကြပ်မျိုးအောင်အနေဖြင့် အသက်လုပြီး CDM ပြုလုပ်လာခြင်းဖြစ်ပြီး ကျန်နေသည့် စစ်ကောင်စီတပ်သားများလည်း CDM လုပ်ချင် ကြကြောင်း ကာယကံရှင် တပ်ကြပ်မျိုးအောင်က ပြောကြားခဲ့သည်ဟု ဖော်ပြထားသည်။

“လုပ်ချင်တဲ့ ဆန္ဒသူတို့မှာ ရှိပေမဲ့ အခွင့်အရေးမသာကြလို့ မလုပ်ကြသေးတာ”ဟု တပ်ကြပ်မျိုးအောင်က ပြောကြားခဲ့သည်ဟု ဆိုသည်။

လက်ရှိတွင် စစ်ကောင်စီတပ်များအနေဖြင့် စိတ်ဓာတ်ရေးရာအရကျဆင်းနေပြီး စစ်ရေးအရလည်း စစ်ကောင်စီတပ်များ အထိနာလျက်ရှိသည်။

CDM တပ်ကြပ်ကြီးမျိုးအောင်က စစ်ကောင်စီတပ်တွင်း အခြေအနေကိုပြောပြမည့် အင်တာဗျူးကိုလည်း မကြာမီထုတ်လွှင့်သွားမည်ဟု The Voice Of Spring က အသိပေးထားသည်။

မြ၀တီ – ဝေါ်လေလမ်း၌ တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်သား အများအပြားထိခိုက် သေဆုံးခဲ့သည့်အပြင် စစ်ကောင်စီတပ်မှ ရုန်းထွက်ပြီး ပြည်သူ့ဘက်ရပ်တည်သည့် တပ်သား အရေအတွက်များ တိုးတက်များပြားလျက်ရှိသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စုစုပေါင်း ထောက်ပံ့သောငွေ ၂၁ သိန်းကျော်နှင့် ဆီပိဿာချိန် ၇၀နီးပါးရှိပြီး ကျပ်သိန်း ၂၀ကျော်တန်ဖိုးရှိ အသုံးအဆောင်ပစ္စည်းများဖြန့်ဝေ ထောက်ပံ့ခဲ့ရာ စုစုပေါင်း ကျပ်သိန်း ၅၀ကျော် ကို စစ်ဘေးရှောင်နှင့် မီးဘေးသင့် ပြည်သူများကို ကူညီပေးခဲ့သည်ဟု​ဖော်ပြထားသည်။

သတင်း

စစ်ကောင်စီတပ်သောင်းကျန်းနေ၍ ရွှေဘို-ဝက်လက်-အုန်းတောလမ်း၊ ဝက်လက်-လှတော လမ်းပိုင်းများအား ယနေ့လုံးဝ ဖြတ်သန်းသွားလာခြင်း မပြုကြပါရန် ဒေသတွင်းအဖွဲ့များက အသိပေးထားသည်။

သတင်း

ရွှေဘို-မန္တလေးလမ်းပေါ်၊ စိုင်နိုင်ကွေ့တွင် ယခင်ကလည်း စစ်ကောင်စီယာဥ်များ မကြာခဏ မိုင်းခွဲတိုက်ခိုက်ခံရဖူးပြီး ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။

သတင်း

KNUတပ်မဟာ(၅)နယ်မြေတွင် တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားလျက်ရှိသည်။