Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စနိုက်ပါစစ်သည်များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ သုံးဦးထပ်သေဟု ကော်ဘရာ စစ်ကြောင်း အသိပေး

ပူးပေါင်းတပ်ဖွဲ့မှ စနိုက်ပါစစ်သည်များ၏ စွမ်းဆောင်ချက်ဖြင့် စစ်ကောင်စီတပ်ဘက်မှ သုံးဦး သေဆုံးခဲ့ကြောင်း စစ်မြေပြင်သတင်းရရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း
ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း

▪️တစ်ပတ်အတွင်း စနိုက်ပါလက်ချက်ကြောင့် စစ်ကောင်စီတပ်သား ၁၄ဦးထက်မနည်းသေ

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆)နယ်မြေ တောင်နီကျေးရွာအနီး တွင်ယနေ့ တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်မှ သုံးဦးသေဆုံးခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

တောင်နီကျေးရွာအနီး တောင်ကုန်းတစ်ခုပေါ်ရှိ စစ်ကောင်စီ လက်အောက်ခံ ခမရ(၁၀၄)တပ်အား KNLA တပ်ရင်း (၂၇)ကော်ဘရာစစ်ကြောင်းနှင့် တပ်မဟာစစ်ကြောင်း၏ တပ်ခွဲ(၂) ပူးပေါင်းတပ်ဖွဲ့ များဘက်က စက်တင်ဘာ ၂၅ရက် နေ့လည်ပိုင်းတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ပူးပေါင်းတပ်ဖွဲ့မှ စနိုက်ပါစစ်သည်များ၏ စွမ်းဆောင်ချက်ဖြင့် စစ်ကောင်စီတပ်ဘက်မှ သုံးဦး သေဆုံးခဲ့ကြောင်း စစ်မြေပြင်သတင်းရရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။

Public Service Announcement
Public Service Announcement

အဆိုပါဒေသတွင် ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင် စီတပ်တို့ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိရာ စစ်ကောင်စီတပ်များကို စနိုင်ပါဖြင့် တိုက်ခိုက်ခြင်း၊ ဒရုန်းဖြင့် ဗုံးကြဲခြင်းများလုပ်ဆောင်ခဲ့ ကြောင်း ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

ကော်ဘရာစစ်ကြောင်း၏ ထုတ်ပြန်ချက်များအရ ပြီးခဲ့သည့် တစ်ပတ်တာအတွင်း ပူးပေါင်းတပ်ဖွဲ့မှ စနိုက်ပါ စစ်သည်တော်များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ၁၄ဦးထက်မနည်း သေဆုံးခဲ့သည်ကို တွေ့ရသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

လိုက်နာခြင်းမရှိ ဖြစ်သန်းသွားလာမည်ဆိုပါက ဖြစ်သန်းသွားလာသူများ၏ လုံခြုံရေးကို အာမမခံနိုင်သလိုထိခိုက်မှုတစုံတရာဖြစ်ပေါ်လာပါက တာဝန်ယူပေးနိုင်မည်မဟုတ်ကြောင်း People's Defence Force - South Monywaက အသိပေးထားသည်။

သတင်း

ယနေ့ (စက်တင်ဘာလ ၂၅ ရက်)နံနက် ၁၁နာရီ ၃၅ မိနစ်ခန့်က မြိုင်မြို့နယ် ကျောက်ခွက်ကျေးရွာသို့ စစ်ကြောင်းထိုးလာသော အင်အား ၆၀ခန့်ပါ စစ်ကောင်စီတပ်နှင့်ပျူမျုးအား မိုင်းပွိုင့်အကြီး ၂ပွိုင့်ဖြင့် တိုက်ခိုက်ခဲ့ကြောင်း မြိုင် (ပကဖ) အဖွဲ့က အသိပေးသည်။

သတင်း

စစ်ကောင်စီတပ်က အင်းတော်မြို့နယ်အတွင်းသို့ စစ်အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေ၍ တိုက်ပွဲဖြစ်ပွားနေသည်ဟု အသိပေးထားသည်။

သတင်း

စက်တင်ဘာ၂၂ ရက်နံနက် ၅ နာရီခန့်က မြောင် မြို့နယ်အ​ခြေစိုက်၊ ဗိုလ်နေတိုးပြောက်ကျားအထူးတပ်ဖွဲ့၊ စစ်ကိုင်းခရိုင်တပ်ရင်း(၆)တပ်ခွဲ(၃) ၏ အထိုင်စခန်းအား စစ်ကောင်စီတပ်က အင်အားအမြောက်အများအသုံးပြုကာ စစ်ကြောင်း၂ကြောင်းဖြင့် ပိတ်ဆို့စီးနင်းခဲ့သည်။