Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာ – မန္တလေးလမ်းပိုင်းတွင် စစ်ကောင်စီယာဥ်တန်းအား ပဒေသာမိုင်းဖြင့် နှစ်ကြိမ်တိုက်ခိုက်၊ ထိခိုက်သေဆုံးမှုရှိဟုဆို

လိုက်နာခြင်းမရှိ ဖြစ်သန်းသွားလာမည်ဆိုပါက ဖြစ်သန်းသွားလာသူများ၏ လုံခြုံရေးကို အာမမခံနိုင်သလိုထိခိုက်မှုတစုံတရာဖြစ်ပေါ်လာပါက တာဝန်ယူပေးနိုင်မည်မဟုတ်ကြောင်း People’s Defence Force – South Monywaက အသိပေးထားသည်။

(မုံရွာ - မန္တလေးလမ်းမကြီးပေါ် ဖြတ်သန်းသွားသော စစ်ကောင်စီယာဥ်တန်းအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ။ပုံအဟောင်းကို အသုံးပြုထားသည်)

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် စစ်ကောင်စီယာဥ်တန်းအား ပဒေသာမိုင်းများဖြင့် နှစ်ကြိမ်တိုင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုများကြောင်း မုံရွာမြို့နယ်တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ယနေ့(စက်တင်ဘာလ ၂၅ ရက်) မွန်းလွဲ ၂ နာရီ ၂၈ မိနစ်ခန့်က မုံရွာ – မန္တလေး လမ်းမကြီးပေါ် ဂွေးပင်တောနှင့် ဘိုးမင်းကြီးကင်းကြားတွင် မန္တလေးမှ မုံရွာမြို့ဘက်သို့ လာသော စစ်ကောင်စီယာဥ် သုံးစီးအား ပဒေသာမိုင်း ၇လုံးခွဲကာ တိုက်ခိုက်ခဲ့သည်။

ထိုသို့တိုက်ခိုက်မှုကြောင့် စစ်ကာင်စီယာဥ်များအနက် နှစ်စီးမြောက် ယာဥ်မှာဘော်ဒီထိပြီး သုံးစီးမြောက်ယာဥ်မှာ ခေါင်းပိုင်းထိ၍ မှန်များကွဲကြေသွားကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးပြီး ထိခိုက်မှုများရှိကြောင်းသိရသည်ဟု PDF South-Monywa က ပြောသည်။

Public Service Announcement
Public Service Announcement

ထို့နောက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်တွင် မုံရွာ -မန္တလေးလမ်းမကြီးပေါ်၌ပင် ဂွေးပင်တောရွာနှင့် ရေပိုးစားရွာကြား၌ ပထမ မိုင်းဆွဲလိုက်သောပွိုင့်အား ဖြတ်လာသည့် စစ်ယာဥ်တန်းအား ပဒေသာမိုင်း ၃ လုံးဖြင့် ထပ်မံမိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း PDF South Monywaက အသိပေးသည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် သုံးစီးမြောက် ယာဥ်အား တည့်တည့်မတ်မတ်ထိကာ ရှေ့မဆက်နိုင်တော့ပဲ ထိုးရပ်သွားသည်ဟုဆိုပြီး စစ်ကောင်စီတပ်သား လေးဦးသေဆုံးကာ ထိခိုက်သူများပြားကြောင်း PDF South Monywaက ပြောသည်။

အဆိုပါ စစ်ဆင်ရေးများအား People’s Defence Force – South Monywaနှင့်အတူ Monywa Ranger Group၊ Truth Army အဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ၎င်းတို့က အသိပေးသည်။

မုံရွာ – မန္တလေးလမ်းမကြီး၏ မုံရွာ – ချောင်းဦး လမ်းပိုင်းအတွင်းတွင် စစ်ကောင်စီတပ်များ သွားလာနေ၍ မုံရွာ – ချောင်းဦး လမ်းပိုင်းကို ယခုအချိန်မှ ထပ်မံကြေညာချက်မထုတ်မီအချိန်အထိ လုံးဝ (လုံးဝ) ဖြတ်သန်းသွားလာခြင်း မပြုကြပါရန် People’s Defence Force – South Monywaက မေတ္တာရပ်ခံထားသည်။

လိုက်နာခြင်းမရှိ ဖြစ်သန်းသွားလာမည်ဆိုပါက ဖြစ်သန်းသွားလာသူများ၏ လုံခြုံရေးကို အာမမခံနိုင်သလိုထိခိုက်မှုတစုံတရာဖြစ်ပေါ်လာပါက တာဝန်ယူပေးနိုင်မည်မဟုတ်ကြောင်း People’s Defence Force – South Monywaက အသိပေးထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

မြိုင်နယ်တွင် စစ်ကောင်စီတပ်က ကျေးရွာများအား စစ်ကြောင်းထိုးဖျက်ဆီးမှုများ ပြုလုပ်နေပြီး ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်နေရသည်။

သတင်း

မတူပီမြို့ နှင့် ငလိုင်ရွာကြားတွင် စက်တင်ဘာ ၂၅ရက် နံနက် ၈နာရီခွဲခန့်မှ ၁၁နာရီထိ ၂နာရီခွဲ ကျော် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က လေးဦးသေ၊ ရှစ်ဦးထက်မနည်း ဒဏ်ရာရရှိကာ CDF ရဲဘော် တစ်ဦးဒဏ်ရာပြင်းထန်ခဲ့ကြောင်း ဖော်ပြထားသည်။

သတင်း

ရေး - ထားဝယ်လမ်းအတိုင်းမောင်းနှင်လာသည့် အထက်ပါ စစ်ကောင်စီတပ်မှ ကားလေးစီးတွင် နှစ်စီးမိုင်းထိပြီး ထိုးရပ်သွားရာ စစ်ကောင်စီတပ်ဘက်မှ (၄၀)မမအပါအဝင် စစ်သေနတ်များဖြင့် ၅ မိနစ်ခန့်ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိခဲ့ဟု ဆိုသည်။

သတင်း

ပူးပေါင်းတပ်ဖွဲ့မှ စနိုက်ပါစစ်သည်များ၏ စွမ်းဆောင်ချက်ဖြင့် စစ်ကောင်စီတပ်ဘက်မှ သုံးဦး သေဆုံးခဲ့ကြောင်း စစ်မြေပြင်သတင်းရရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။