Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မင်္ဂလာတောင်ညွှန့်​မြို့နယ် ကန်တော်လေး(တောင်) ရပ်ကွက် အုပ်ကြီးရုံးကိုအဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်

ယမန်နေ့ည ၈ နာရီဝန်းကျင်တွင် UMCD အင်အားစု Burma Royal Guerrilla Force တပ်ဖွဲ့ နှင့် မဟာမိတ် MFF ( Marauder Front Five)တို့ပူးပေါင်း၍ အဝေးထိန်း လက်လုပ်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

(ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ကန်တော်လေး အုပ်ချုပ်ရေးမှူးရုံးအား တွေ့ရစဥ်၊ဓာတ်ပုံ - CJ)
(ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ကန်တော်လေး အုပ်ချုပ်ရေးမှူးရုံးအား တွေ့ရစဥ်၊ဓာတ်ပုံ - CJ)

ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ် ကန်တော်လေး(တောင်) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ယမန်နေ့ (စက်တင်ဘာ ၂၅) ညပိုင်းတွင် မြို့ပြပျောက်ကြားတပ်ဖွဲ့များက အဝေးထိန်း လက်လုပ်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း UMCDက ထုတ်ပြန်သည်။

ယမန်နေ့ည ၈ နာရီဝန်းကျင်တွင် UMCD အင်အားစု Burma Royal Guerrilla Force တပ်ဖွဲ့ နှင့် မဟာမိတ် MFF ( Marauder Front Five)တို့ပူးပေါင်း၍ အဝေးထိန်း လက်လုပ်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

“ညက ၉၁ လမ်းဘက်က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနားမှာ ဗုံးပေါက်တာပါ။ အရပ်ဝတ်တွေရော၊ ရဲတွေရော၊ စစ်သားတွေရော အများကြီး ရောက်လာတယ်။ ထိခိုက်မှု ရှိ မရှိတော့ မသိရဘူး။ ဆေးရုံကားတစ်စီး ဖြတ်သွားတာတော့ တွေ့လိုက်တယ် “ဟု မင်္ဂလာတောင်ညွန့်မြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

ထို့အပြင် ယမန်နေ့ညပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် (၉၁)လမ်းအား စစ်ကောင်စီဝင်များက ရဲကားတစ်စီး၊ DC ကား နှစ်စီးတို့ဖြင့် ဧည့်စာရင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါမစ်ရှင်ပြီးဆုံးပြီးနောက် တော်လှန်ရေးအဖွဲ့သားများအားလုံး ဘေးကင်းရာသို့ ရောက်ရှိနေပြီဖြစ်ကြောင်းကိုလည်း UMCD က သတင်းထုတ်ပြန်ခဲ့သည်။

ထို့အပြင် ယင်းပေါက်ကွဲမှုနေရာသို့ စစ်ကောင်စီ ဝင်များနှင့်အတူ ရောက်ရှိလာသည့် အရပ်ဝတ်ဒလန်များကိုလည်း ဆက်လက်သုတ်သင်ရှင်းလင်းသွားမည်ဖြစ်ကြောင်း UMCD က အသိပေးလိုက်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ရေး - ထားဝယ်လမ်းအတိုင်းမောင်းနှင်လာသည့် အထက်ပါ စစ်ကောင်စီတပ်မှ ကားလေးစီးတွင် နှစ်စီးမိုင်းထိပြီး ထိုးရပ်သွားရာ စစ်ကောင်စီတပ်ဘက်မှ (၄၀)မမအပါအဝင် စစ်သေနတ်များဖြင့် ၅ မိနစ်ခန့်ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိခဲ့ဟု ဆိုသည်။

သတင်း

" အုပ်ချုပ်ရေးမှူး ရုံးဖွင့်ချိန်ဆိုရင် ဧည့်စာရင်းတိုင်တဲ့ ပြည်သူတွေ ရှိနေတတ်သောကြောင့် ထိခိုက်မှာစိုးလို့ ရုံးပိတ်ချိန်မှ ရှောင်ရှားလုပ်ဆောင်ခဲ့တာပါ "ဟု FLA အဖွဲ့က ဆိုသည်။

သတင်း

တိုက်ခိုက်မှုအပြီးနောက် စစ်ကောင်စီဝင်များက လမ်းများပိတ်ဆို့၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့​သော်လည်း မဟာမိတ်အဖွဲ့သားအားလုံး ပစ်မှတ်မြို့နယ်မှ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း FLA က ဖော်ပြထားသည်။

သတင်း

ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီနှင့် ပတ်သက်သည့် နေရာများအား ရှောင်ရှားသွားလာကြစေရန်လည်း မြို့ပြပြောက်ကြားတပ်ဖွဲ့များက မေတ္တာရပ်ခံခဲ့သည်။