Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကရင်နီပြည် နေရာအများအပြားတွင် တိုက်ပွဲများဖြစ်ပွားနေ၍ ရှေ့တန်းရဲဘော်များအတွက် ရိက္ခာများပါဝင်ကူညီပေးကြရန် KNDF တောင်းဆို

နေ့စဥ်ရဲဘော်များရှေ့တန်းတွင် ခွန်အားပြည့်ဝစေရေးအတွက် အာဟာရပြည့်ဝမည့် ရိက္ခာများ စုဆောင်းနိုင်ရေးအတွက် နည်းများမဆို ပါဝင်ကူညီလှူဒါန်းပေးကြရန် KNDFက တိုက်တွန်းသည်။

(ရှေ့တန်းရှိ ရဲဘော်များကို ရိက္ခာပို့ဆောင်ပေးရန် ပြင်ဆင်နေစဉ်၊ ဓာတ်ပုံ - KNDF)
(ရှေ့တန်းရှိ ရဲဘော်များကို ရိက္ခာပို့ဆောင်ပေးရန် ပြင်ဆင်နေစဉ်၊ ဓာတ်ပုံ - KNDF)

ကရင်နီ(ကယား)ပြည်နယ် နေရာအများအပြားတွင် စစ်ဗျူဟာအလိုက် တိုက်ပွဲများဖြစ်ပွားနေပြီး ရှေ့တန်းရောက် ရဲ​ဘော်များအတွက် ရိက္ခာများပါဝင်ကူညီပေးကြရန် ကရင်နီအမျိုးသားများကာ ကွယ်ရေးတပ် (KNDF)က ယနေ့(စက်တင်ဘာ ၂၆ရက်) ထုတ်ပြန်သည်။

လက်ရှိ တိုက်ပွဲများဖြစ်ပွားမှုအရ ခဲယမ်းလိုအပ် ချက်သာမက တပ်အသီးသီးမှ ထောင်ချီသော တိုက်ပွဲဝင်ရှေ့တန်းရဲဘော်များအတွက် ရိက္ခာလိုအပ်ချက် များမှာလည်း နေ့စဥ်နှင့်အမျှ မြင့်တက်လျက်ရှိနေကြောင်း အသိပေးသည်။

(ရှေ့တန်းရှိ ရဲဘော်များကို ရိက္ခာပို့ဆောင်ပေးရန် ပြင်ဆင်နေစဉ်၊ ဓာတ်ပုံ - KNDF)
(ရှေ့တန်းရှိ ရဲဘော်များကို ရိက္ခာပို့ဆောင်ပေးရန် ပြင်ဆင်နေစဉ်၊ ဓာတ်ပုံ – KNDF)

Logistics Unit (ဗဟိုထောက်/ပို့ ဌာန )KNDF အနေနှင့် စစ်ဗျူဟာအသီးသီးသို့ရှေ့တန်းစစ်မြေပြင်အရောက် ရိက္ခာများပို့ဆောင်သည့် Mission များကို ထမ်းဆောင်နေယုံသာမက ရိက္ခာစုဆောင်းရှာဖွေရေးအတွက်ပါ ဘဏ္ဍာရေး အခဲအခဲများကြားမှ ရုန်းကန် ဖြေရှင်းလျက်ရှိနေကြောင်း ဖော်ပြသည်။

ထို့ကြောင့် နေ့စဥ်ရဲဘော်များရှေ့တန်းတွင် ခွန်အားပြည့်ဝစေရေးအတွက် အာဟာရပြည့်ဝမည့် ရိက္ခာများ စုဆောင်းနိုင်ရေးအတွက် နည်းများမဆို ပါဝင်ကူညီလှူဒါန်းပေးကြရန် KNDFက တိုက်တွန်းသည်။

“ဒီနေ့လည်း လွိုင်ကော်မှာ တိုက်ပွဲပြင်းထန်နေတယ်။တိုက်ပွဲတွေကတော့ နေ့စဥ်နဲ့အမျှပါပဲ။ နောက်ပြီးတော့ ဒီထက်ပိုပြီး တိုက်ပွဲတွေ ဆက်ဖြစ်လိမ့်မယ်ဆိုတာ သေချာနေတယ်”ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

ယခုလဆန်းပိုင်းကစ၍ ကရင်နီဒေသ(ဒီးမော့ဆို၊ လွိုင်ကော်၊မိုးဗြဲ၊ဖယ်ခုံ၊ဖရူဆို) မြို့နယ်များအတွင်း တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေပြီး စစ် ကောင်စီတပ်မှ သေဆုံးသူများပြားပြီး ပြည်သူ့ကာကွယ်ရေးရဲဘော် ၁၅ဦးခန့်ကျဆုံးခဲ့ရသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

မတူပီမြို့ နှင့် ငလိုင်ရွာကြားတွင် စက်တင်ဘာ ၂၅ရက် နံနက် ၈နာရီခွဲခန့်မှ ၁၁နာရီထိ ၂နာရီခွဲ ကျော် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က လေးဦးသေ၊ ရှစ်ဦးထက်မနည်း ဒဏ်ရာရရှိကာ CDF ရဲဘော် တစ်ဦးဒဏ်ရာပြင်းထန်ခဲ့ကြောင်း ဖော်ပြထားသည်။

သတင်း

စစ်ကောင်စီတပ်က အင်းတော်မြို့နယ်အတွင်းသို့ စစ်အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေ၍ တိုက်ပွဲဖြစ်ပွားနေသည်ဟု အသိပေးထားသည်။

သတင်း

စက်တင်ဘာ၂၂ ရက်နံနက် ၅ နာရီခန့်က မြောင် မြို့နယ်အ​ခြေစိုက်၊ ဗိုလ်နေတိုးပြောက်ကျားအထူးတပ်ဖွဲ့၊ စစ်ကိုင်းခရိုင်တပ်ရင်း(၆)တပ်ခွဲ(၃) ၏ အထိုင်စခန်းအား စစ်ကောင်စီတပ်က အင်အားအမြောက်အများအသုံးပြုကာ စစ်ကြောင်း၂ကြောင်းဖြင့် ပိတ်ဆို့စီးနင်းခဲ့သည်။

သတင်း

ကရင်နီတပ်မတော်(KA)အပြင် PDF များနှင့် KNDF တို့မှ ပူးပေါင်းဆင်နွှဲခြင်းဖြစ်ပြီး လွိုင် ကော် PDF မှ နှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး စနစ်တကျ ဆေးကုသမှုကို ခံယူလျက်ရှိကြောင်း အသိပေးသည်။