Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မိုင်းထိ​သောစစ်​ကောင်စီတပ်ကားပြင်နေစဥ်PDFကတိုက်ခိုက်ရာ စစ်သား၈ဦးသေဆုံး

ဒဏ်ရာဖြင့် အရှင်ဖမ်းဆီးရမိသူ ၂ ဦးအနက် ၁ ဦးမှာ ဖမ်းဆီးခေါ်ဆောင်လာရာလမ်းတွင် သေဆုံး ၁ ဦးမှာ စခန်းတွင်ဆေးဝါးကုသပေး‌စဉ်သေဆုံးသွားခဲ့ကြောင်း ချောင်းဦး PDFက ပြောသည်။

(သိမ်းဆည်းရမိသော ရန်သူ့လက်နက်ပစ္စည်းများ။ ဓာတ်ပုံ-CHUPDF)
(သိမ်းဆည်းရမိသော ရန်သူ့လက်နက်ပစ္စည်းများ။ ဓာတ်ပုံ-CHUPDF)

▪︎လက်နက် ၃ လက်နှင့်ကျည်များအပါအဝင် စစ်အသုံးအဆောင်များသိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးလမ်းတွင် မိုင်းထိသည့်ထောက်ပို့ကားပြင်နေစဥ် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးသေဆုံးပြီး လက်နက်နှင့်ကျည်အပါအဝင် စစ်အသုံးအဆောင်များ သိမ်းဆည်းနိုင်ခဲ့ကြောင်း ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CHUPDF)က သတင်းထုတ်ပြန်သည်။

ယမန်နေ့ (စက်တင်ဘာလ ၂၅ ရက်နေ့)က စစ်ကိုင်းမြို့မှ မုံရွာမြို့သို့ထွက်ခွာလာသည့် စစ်ကောင်စီထောက်ပို့ယာဉ်တန်းကို ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CHUPDF) တပ်ခွဲ ၄ (မိုင်းတပ်ခွဲ) မှ ရဲဘော်များက ချောင်းဦးမြို့နှင့် ခင်မွန်ကျေးရွာကြားတွင် မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီကား(၁)စီးပျက်စီးရပ်တန့်သွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီကားနောက်တစ်စီးကရပ်တန့်ကူညီခဲ့ကြောင်းချောင်းဦး PDFက ပြောသည်။

စစ်ကောင်စီ ကား (၂) စီးရပ်တန့်ပြုပြင်နေကြောင်း CHUPDF တပ်ခွဲ ၄ (မိုင်းတပ်ခွဲ) ရဲဘော်များ၏ သတင်းပေးပို့ချက်အရ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) – ချောင်းဦးမြို့နယ် တာဝန်ခံထံ ဆက်လက်သတင်းပို့ကာ ချောင်းဦးမြို့နယ် ပကဖ အင်အားစုဖွဲ့ရေးနှင့်လေ့ကျင့်ရေးတာဝန်ခံဦးစီး အင်အား ၄ ဦး နှင့် CHUPDF တပ်ခွဲ (၁)၊ တပ်ခွဲ (၄) ပူးပေါင်းအဖွဲ့က အဆိုပါကား (၂) စီးကို ဝင်ရောက်တိုက်ခိုက်ရှင်းလင်းခဲ့သည်။

ကားပေါ်တွင်ပါရှိသော စစ်ကောင်စီ လက်နက်ကိုင် ၅ ဦးနှင့် ခင်မွန်အခြေစိုက် နမခ ဘက်စုံခြံမှလာရောက်ကူညီသည့် စစ်ကောင်စီ လက်နက်ကိုင် ၁ ဦး ပေါင်း (၆) ဦး သေဆုံးခဲ့ပြီး ခင်မွန်အခြေစိုက် နမခ ဘက်စုံခြံမှလာရောက်ကူညီသည့် စစ်ကောင်စီ တပ်သား ၂ ဦး ဒဏ်ရာဖြင့်အရှင်ဖမ်းဆီးရမိခဲ့ကြောင်း ချောင်းဦး PDFက အသိပေးသည်။

ဒဏ်ရာဖြင့် အရှင်ဖမ်းဆီးရမိသူ ၂ ဦးအနက် ၁ ဦးမှာ ဖမ်းဆီးခေါ်ဆောင်လာရာလမ်းတွင် သေဆုံး ၁ ဦးမှာ စခန်းတွင်ဆေးဝါးကုသပေး‌စဉ်သေဆုံးသွားခဲ့ကြောင်း ချောင်းဦး PDFက ပြောသည်။

၎င်းတို့ထံမှ BA-72(G1) ၁လက်၊ MA-3 ၁လက်၊ BA-94(Uzhi) ၁လက်၊ 7.62(ကပစ) ၂၀တောင့်၊ 5.56(ကပစ) ၂၆တောင့်၊ 9mm(ကပစ) ၁၅တောင့်၊ ဓားမြှောင် ၁လက်၊ Mytel Keypad ၁လုံး၊ walkitalki (ဆက်သွယ်ရေးစကားပြောစက်) ၁လုံး သိမ်းဆည်းရရှိခဲ့ကြောင်း ချောင်းဦး PDFက အသိပေးသည်။

ထိုဖြစ်စဥ်တွင် CHUPDF တပ်ခွဲ (၁) မှ ရဲဘော် ၁ ဦး၊ တပ်ခွဲ (၄) မှ ရဲဘော် ၁ ဦး ပေါင်း ၂ ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

ဗီဒီယို

မုန်တိုင်းကြောင့် မိုးသည်းသည်းထန်ထန် ရွာသွန်းပြီး လေပြင်းတွေလည်း တိုက်ခတ်ခဲ့ပါတယ်။ မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုတွေ တော်တော်များများ ဖြစ်ပေါ်ခဲ့ပြီး အသေအပျောက်ကလည်း လက်ရှိထက် မြင့်တက်လာနိုင်ပါတယ်။

သတင်း

ရခိုင်လူထုများအား ပစ်မှတ်ထားတိုက်ခိုက်နေခြင်းသည် စစ်ကောင်စီတပ်၏ အမှားပင်ဖြစ်ကြောင်း၊ ထို့ပြင် ယခုတိုက်ခိုက်မှုများနှင့်ပတ်သက်ပြီး စစ်ကောင်စီတွင် ပါဝင်နေသည့် ရခိုင်များတွင်လည်း တာဝန်ရှိပြီး သမိုင်းတရားခံများဖြစ်လာမည်ဟု ဒေသခံက ပြောသည်။

သတင်း

တောင်သာနယ်သည် စစ်တပ်၏ ဝန်ကြီးဟောင်း ဦးအောင်သောင်းဇာတိဖြစ်ပြီး ယခင်က ပြည်ခိုင် ဖြိုးထောက်ခံသူများပြားခဲ့သည့် နယ်တစ်ခုဖြစ်ခဲ့သည်။

သတင်း

မြိုင်နယ်တွင် စစ်ကောင်စီတပ်က ကျေးရွာများအား စစ်ကြောင်းထိုးဖျက်ဆီးမှုများ ပြုလုပ်နေပြီး ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်နေရသည်။