Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဘူးသီးတောင်နှင့် ပလက်ဝရှိ စစ်ကောင်စီတပ်စခန်းကို AA တိုက်ခိုက်

ရခိုင်လူထုများအား ပစ်မှတ်ထားတိုက်ခိုက်နေခြင်းသည် စစ်ကောင်စီတပ်၏ အမှားပင်ဖြစ်ကြောင်း၊ ထို့ပြင် ယခုတိုက်ခိုက်မှုများနှင့်ပတ်သက်ပြီး စစ်ကောင်စီတွင် ပါဝင်နေသည့် ရခိုင်များတွင်လည်း တာဝန်ရှိပြီး သမိုင်းတရားခံများဖြစ်လာမည်ဟု ဒေသခံက ပြောသည်။

(ရခိုင်ပြည်နယ်တစ်​နေရာတွင် စစ်​ကောင်စီတပ်သားများကို ယခုနှစ်အတွင်း​တွေရစဥ်။ဓာတ်ပုံ-Narinjara news)
(ရခိုင်ပြည်နယ်တစ်​နေရာတွင် စစ်​ကောင်စီတပ်သားများကို ယခုနှစ်အတွင်း​တွေရစဥ်။ဓာတ်ပုံ-Narinjara news)

▪️ကျောက်တော်တွင်တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်လက်နက်ကြီးဖြင့် ပစ်ခတ်၍ ကလေးငယ်တစ်ဦးသေဆုံး

▪️ဒေသခံလူထုများ ဖမ်းဆီးခံရမှု၊တိုက်ခိုက်ခံရမှုစစ်ကောင်စီ၌ပါဝင်နေသည့် ရခိုင်များတွင် တာဝန်ရှိဟုဆို

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုနှင့် ပလက်၀မြို့နယ်ရှိ တပ်စခန်းတစ်ခုကို ရက္ခိုင့်တပ်တော်(AA)က တိုက်ခိုက်ခဲ့ကြောင်း ရခိုင်ဒေသခံတစ်ဦးက ပြောသည်။

ယမန်နေ့(စက်တင်ဘာ ၂၅ရက်)တွင် ဘူးသီးတောင် မြို့နယ် သိမ်တောင်ပြင်ဗျူဟာနှင် ပလက်၀ မြို့နယ် နှမဒါရွာအနီးရှိတပ်စခန်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“သိမ်တောင်ပြင်ဗျူဟာကို AAက ဝင်တိုက်တယ်လို့ ကြားတယ်။ အဲဒါကြောင့် တိုက်ပွဲအကြီး အကျယ်ဖြစ်တယ်လို့ ပြောတယ်။ အဲဒီ အနီးအနားက ရှိတဲ့ မွတ်စလင်တွေအပါအဝင် ဒေသခံ ၂ထောင်လောက် စစ်ဘေးရှောင်နေရတယ်လို့ ပြောတယ်”ဟု ဒေသခံက ပြောသည်။

ထို့ပြင် ပလက်၀နှင့် ကျောက်တော်မြို့ကြားရှိ ပလက်၀မြို့နယ် နှမဒါစစ်ကောင်စီတပ်စခန်းကုန်းကိုလည်း AAက တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

“နှစ်ဖက်ထိခိုက်မှု အကျအဆုံးတွေရှိတယ်လို့ သိရတယ်။ AA ဘက်ကလည်း ကျဆုံးတာရှိတယ်။ တပ်ဘက်ကလည်း အကျအဆုံးတွေအများကြီးရှိတာပေါ့”ဟု ဒေသခံက ပြောသည်။

တစ်ဖက်တွင်လည်း စစ်ကောင်စီတပ်သည် မင်းပြားနှင့် ကျောက်တော်မြို့နယ်အပါအဝင် တိုက်ပွဲဖြစ်ပွားမှု မရှိသည့် ဒေသအချို့သို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ လုပ်ဆောင်လျက်ရှိရာ ကလေးငယ်အပါအဝင် ဒေသခံများ သေဆုံးထိခိုက်ရှိနေသည်ဟု ဒေသခံက ပြောသည်။

“ကျောက်တော်မှာကျရင် ကျောင်းသားကလေးတစ်ယောက်ဆုံးတယ်။ ကျောက်တော်မှာက စကခ (၉)ရှိတယ်။ အဲဒီတပ်ကနေ ပစ်ခတ်နေတာကြာပြီ။ အဲဒီလို အပျက်အစီး အထိအခိုက် ရှိတာ ဒီတစ်ပတ်တည်းမှာ လေးကြိမ်လောက်ရှိပြီ။ ပထမက မိသားစု ၅ယောက်ထိခိုက်တာရှိတယ်။ မြို့ပေါ်က တည်းခိုခန်းမှာ တည်းခိုနေတဲ့ ဧည့်သည်တစ်ယောက်ရယ် ထိခိုက်ခဲ့ပြီး ဒီနေ့ဆို ကလေးတစ်ယောက် ဆုံးသွားတာပေါ။ နောက်အသက်ကြီး ပိုင်း တစ်ယောက်က ဒဏ်ရာရသွားတယ်။အခုက သူတို့က တိုက်ပွဲ ဖြစ်တာ မဟုတ်ဘူး ဒီအတိုင်းပစ်တာ” ဟု ရခိုင်ဒေသခံက ပြောသည်။

ဩဂုတ်လလယ်မှစ၍ AAနှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိရာ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားရာနှင့်မဆိုင်သည့် ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်၍ မြောက်ဦး၊ ဘူးသီးတောင်၊ ကျောက်တော်အပါအဝင် ရခိုင်ဒေသရှိ ဒေသခံအများအပြား ထိခိုက်သေဆုံးမှုများ ရှိနေသည်။

“သူတို့က ရည်ရွယ်ချက်ရှိရှိ ပစ်တာပဲ။ AAက တိုက်ပွဲတွေ ရပ်တန့်သွားအောင် ပြည်သူလူထု ကို အကြောက်တရား နဲ့လုပ်ပြီး ပြည်သူကနေ AA ကြောင့် ငါတို့ ဒုက္ခရောက်တယ်ဆိုတဲ့ အဲဒီ စိတ်တွေဝင်သွားအောင်လုပ်တယ်လို့ မြင်တယ်။ လူထုကတော့ အဲဒီလို ထင်မှာ မဟုတ်ဘူး။ သူတို့ အဲဒီလို လုပ်လေ လူထုက လက်နက်ကိုင်ဖို့ ပိုပြီးတော့ စိတ်ဝင်စားမှုဖြစ်မှာ ။သူတို့ကို အမုန်းတရားတွေ ပိုကြီးအောင်လုပ်နေသလိုဖြစ်တယ်”ဟု ရခိုင်ဒေသခံက ပြောသည်။

ရခိုင်လူထုများအား ပစ်မှတ်ထားတိုက်ခိုက်နေခြင်းသည် စစ်ကောင်စီတပ်၏ အမှားပင်ဖြစ်ကြောင်း၊ ထို့ပြင် ယခုတိုက်ခိုက်မှုများနှင့်ပတ်သက်ပြီး စစ်ကောင်စီတွင် ပါဝင်နေသည့် ရခိုင်များတွင်လည်း တာဝန်ရှိပြီး သမိုင်းတရားခံများဖြစ်လာမည်ဟု ဒေသခံက ပြောသည်။

“သူတို့က ရခိုင်မှာ ရှိတဲ့ ရက္ခိုင်အဖွဲ့အစည်းတွေနဲ့ အကုန်အလုံး အဆက်အစပ်တွေရှိတယ်။ အကြောင်းတွေသိတာပေါ့။ နောက်ပြီး အေးနုစိန်ရဲ့ သမတ်ဆိုရင်လည်း AAမှာ တာဝန်ယူထားတဲ့ ULA ရဲ့ တိုက်နယ်မှူးလေ။ ဆိုတော့ သူတို့ဆီက စာရင်းဇယားတွေ အတိအကျ သူတို့ဆီကပဲ ပေါက်ကြားနိုင်တယ်။ အဲဒါကြောင့် သူတို့က အတိအကျကို ဝင်ပြီးဖမ်းတာ”ဟု ၎င်းက ဆိုသည်။

အတွင်းစည်းက အချက်အလက်အချို့သည် စစ်ကောင်စီဆီကို စာရင်းဇယားအတိအကျနဲ့ ရောက်နေသည်ဟု ပြော၍ရကြောင်း ရခိုင်ဒေသခံက ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ဒဏ်ရာဖြင့် အရှင်ဖမ်းဆီးရမိသူ ၂ ဦးအနက် ၁ ဦးမှာ ဖမ်းဆီးခေါ်ဆောင်လာရာလမ်းတွင် သေဆုံး ၁ ဦးမှာ စခန်းတွင်ဆေးဝါးကုသပေး‌စဉ်သေဆုံးသွားခဲ့ကြောင်း ချောင်းဦး PDFက ပြောသည်။

သတင်း

မြိုင်နယ်တွင် စစ်ကောင်စီတပ်က ကျေးရွာများအား စစ်ကြောင်းထိုးဖျက်ဆီးမှုများ ပြုလုပ်နေပြီး ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်နေရသည်။

သတင်း

မတူပီမြို့ နှင့် ငလိုင်ရွာကြားတွင် စက်တင်ဘာ ၂၅ရက် နံနက် ၈နာရီခွဲခန့်မှ ၁၁နာရီထိ ၂နာရီခွဲ ကျော် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က လေးဦးသေ၊ ရှစ်ဦးထက်မနည်း ဒဏ်ရာရရှိကာ CDF ရဲဘော် တစ်ဦးဒဏ်ရာပြင်းထန်ခဲ့ကြောင်း ဖော်ပြထားသည်။

သတင်း

ရေး - ထားဝယ်လမ်းအတိုင်းမောင်းနှင်လာသည့် အထက်ပါ စစ်ကောင်စီတပ်မှ ကားလေးစီးတွင် နှစ်စီးမိုင်းထိပြီး ထိုးရပ်သွားရာ စစ်ကောင်စီတပ်ဘက်မှ (၄၀)မမအပါအဝင် စစ်သေနတ်များဖြင့် ၅ မိနစ်ခန့်ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိခဲ့ဟု ဆိုသည်။