Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အင်းစိန်ထောင်က နိုင်ငံရေးအကျဉ်းသား ၂၅၀ သာယာဝတီထောင်ဆီပြောင်းရွှေ့ခံရ

အင်းစိန်ထောင်က နိုင်ငံရေးအကျဉ်းသား တွေကို နယ်ထောင်တွေဆီရွှေ့တာဟာ ဒီတကြိမ် အပါအဝင် လေးကြိမ်းမြောက် ရှိလာပြီလို့သိရပါတယ်။

Photo - CNN
Photo - CNN

အင်းစိန်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ၂၅၀ ကို ပြီးခဲ့တဲ့စနေ့နေ့ (စက်တင်ဘာလ ၂၄)ရက်က သာယာဝတီထောင်ဆီ ပြောင်းရွှေ့လိုက်တယ်လို့သိရပါတယ်။

ဒီလို ထောင်ပြောင်းခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲ အမျိုးသမီး နိုင်ငံရေးအကျဉ်းသား ၅၀ ဦး ပါဝင်တယ်လို့ ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရွာသာကြီးနယ်မြေ)ကထုတ်ပြန်အသိပေးထားပါတယ်။

အင်းစိန်ထောင်က နိုင်ငံရေးအကျဉ်းသား တွေကို နယ်ထောင်တွေဆီရွှေ့တာဟာ ဒီတကြိမ် အပါအဝင် လေးကြိမ်းမြောက် ရှိလာပြီလို့သိရပါတယ်။

ထောင်ပြောင်းတာကို စနေနေ့ မှာ ပြုလုပ်တာဟာ တနင်္ဂနွေနေ့ ထောင်ရုံးပိတ်ရက်ဖြစ်တာကြောင့် မိသားစုဝင်တွေ လိုက်လံစုံစမ်းမရအောင် စစ်ကောင်စီဘက်က ကြိုတင်အကွက်ချ စီမံတာလို့ ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရွာသာကြီးနယ်မြေ) က သုံးသပ်ထားပါတယ်။

ထောင်ပြောင်းခံရတဲ့အထဲ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကျောင်းသား၊ကျောင်းသူတွေလည်းတယ်လို့ သိရပါတယ်။

စစ်ကောင်စီလက်ဝေခံ ထောင်အာဏာပိုင်တွေဟာ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်တွင်းဖိနှိပ်မှုတွေ နေ့စဉ်နဲ့အမျှ ပြုလုပ်နေပါတယ်။

အင်းစိန်ထောင်မှာဆို ထောင်တွင်းဆန္ဒပြပွဲတွေမှာပါဝင်သူတွေကို အပြင်းအထန် ရိုက်နှက်တာ ၊ ဆေးဝါးကုသခွင့်မပေးတာ ၊ ကာလရှည်ကြာ တိုက်ပိတ်တာ ၊ရေဖြတ်တောက်တာ ၊ ရာဇဝတ်မှုနဲ့ ကျနေတဲ့ အဆောင်ဘက်တွေဆီ ပြောင်းရွှေ့ပစ်တာတွေကိုထောင်အာဏာပိုင်တွေဟာ လုပ်ဆောင်ခဲ့ကြပါတယ်။

ဒါအပြင် နယ်ထောင်တွေဆီရွှေ့တဲ့အခါမှာလည်းရောက်ရှိရာထောင်မှာ နှိပ်စက်မှုတွေဆက်လက်ခံစားနေကြရတယ်လို့သိရပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

မုံရွာအကျဉ်းထောင်မှ မြင်းခြံအကျဥ်းထောင်သို့ ပြောင်းရွှေ့ခံထားရသည့် နိုင်ငံရေးအကျဥ်းသားများကို ထောင်အာဏာပိုင်များက မတရားသဖြင့် ညှင်းပန်းနှိပ်စက်နေမှုနှင့်ပတ်သက်၍ ယခုကဲ့သို့ ကြေညာခဲ့ ခြင်းဖြစ်သည်။

သတင်း

နိုင်ငံရေးအကျဉ်းသားတွေကို ပစ်မှတ်ထားကာညှင်းပန်းနှိပ်သူတွေထဲ မြင်းခြံထောင်ပိုင်လေးဖြစ်တဲ့ ဝင်းကြိုင်(သုံးပွင့်)၊ ထောင်မှူးတွေဖြစ်တဲ့ မြတ်ကျော်သူ (နှစ်ပွင့်)၊ မောင်မောင်သိန်း(နှစ်ပွင့်)တို့ပါဝင်တယ်လို့သိရပါတယ်။

သတင်း

မြင်းခြံထောင်သို့ ရောက်ရှိနေသည့် မုံရွာတက္ကသိုလ် ကျောင်းသားသမဂ္ဂ ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုဇင်မင်းထက်မှာ ရိုက်နှက်နှိပ်စက်ခံရ၍ သတိလစ်မေ့မြေခဲ့သည်ဟု ဆိုသည်။

သတင်း

"အဆိုပါဖြစ်စဥ်အတွင်း ထိခိုက်မှုများရှိနိုင်သော် လည်း သတင်းအတိအကျအား အတည်ပြုနိုင်ခြင်းမရှိသေးပါ"ဟု ထုတ်ပြန်ချက်က ဆိုသည်။