Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြဝတီဝေါလေကားလမ်းအနီးတိုက်ပွဲ စစ်တပ်ဘက်က သေဆုံးထိခိုက်မှုများရှိဟု ဆို

စစ်ကောင်စီတပ်မ(၄၄)လက်အောက်ခံ နည်းဗျူဟာ (၄၄၃)ကွပ်ကဲမှု၏ ခမရ(၁၀၄) အား KNLA တပ်ရင်း(၂၇) ကော်ဘရာစစ်ကြောင်းနှင့် တပ်မဟာ စစ်ကြောင်း တပ်ခွဲ (၂)၊ ရောင်နီတပ်ခွဲ ဒရုန်းအဖွဲ့၊ Federal Wings ဒရုန်းအဖွဲ့ တို့ ယနေ့ စက်တင်ဘာ ၂၆ နေ့လည်ပိုင်းတွင် တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

မြဝတီဝေါလေကားလမ်းအနီးတိုက်ပွဲ စစ်တပ်ဘက်က သေဆုံးထိခိုက်မှုများရှိဟု ဆို
မြဝတီဝေါလေကားလမ်းအနီးတိုက်ပွဲ စစ်တပ်ဘက်က သေဆုံးထိခိုက်မှုများရှိဟု ဆို

မြ၀တီ-ဝေါ်လေ ကားလမ်းမပေါ်ရှိ တောင်နီကျေးရွာအနီး တောင်ကုန်းတစ်ခုပေါ်တွင် ကျူးကျော်အခြေပြုရန်ကြိုးစားလာသည့် စစ်တပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား ယနေ့နေ့လည်ပိုင်းက တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်မှ သေဆုံးထိခိုက်မှုများရှိသည်ဟု ကော်ဘရာစစ်ကြောင်းမှ သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်မ(၄၄)လက်အောက်ခံ နည်းဗျူဟာ (၄၄၃)ကွပ်ကဲမှု၏ ခမရ(၁၀၄) အား KNLA တပ်ရင်း(၂၇) ကော်ဘရာစစ်ကြောင်းနှင့် တပ်မဟာ စစ်ကြောင်း တပ်ခွဲ (၂)၊ ရောင်နီတပ်ခွဲ ဒရုန်းအဖွဲ့၊ Federal Wings ဒရုန်းအဖွဲ့ တို့ ယနေ့ စက်တင်ဘာ ၂၆ နေ့လည်ပိုင်းတွင် တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ပူးပေါင်းတပ်ဖွဲ့များ၏ ဗုံးကြဲဒရုန်းများ၊ လက်နက်ကြီးများ၊ လက်ဖြောင့်စစ်သည်များ၏ စွမ်းရည်ဖြင့် စစ်ကောင်စီဘက်မှ သေဆုံးထိခိုက်မှုများ ရှိသော်လည်း အရေအတွက်အတိအကျအား စီစစ်ဆဲဖြစ်ပြီး ပူးပေါင်းတပ်ဖွဲ့များဘက်မှ တစ်စုံတစ်ရာ ထိခိုက်မှုမရှိပါကြောင်း ကော်ဘရာစစ်ကြောင်းမှ သတင်းထုတ်ပြန်ထားချက်အရ သိရပါသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

နိုင်ငံတကာ

ကလေးတွေ ရှိနေတဲ့ ကျောင်းထဲကို ရက်ရက်စက်စက် ဝင်ပစ်တဲ့ အကြောင်းရင်းကို မသိရသေးဘဲ လတ်တလော ရုရှားမှာ လူပြောများနေတဲ့ စစ်မှုထမ်း ဆင့်ခေါ်မှု ပြဿနာနဲ့ ပတ်သက်သလား ဆိုတာကိုလည်း အတည်မပြုနိုင်ပါဘူး။

သတင်း

ထိုသို့တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးပြီး ၈ ဦးထက်မနည်း ဒဏ်ရာပြင်းထန် စွာရရှိသွားကြောင်း မြိုင်(ပကဖ)အဖွဲ့က အသိပေးထားသည်။

သတင်း

ဒဏ်ရာရစစ်ကောင်စီတပ်သားများကို နန့်စီးအောင်ဂိတ်မှ အိမ်စီးကားဖြင့် မိုးညှင်းမြို့သို့ သယ်ဆောင် သွားရကြောင်းလည်း ဖော်ပြသည်။

နိုင်ငံတကာ

လတ်တလောမှာတော့ ပါကစ္စတန် စစ်တပ်ဟာ ရဟတ်ယာဉ် ပျက်ကျရာ နေရာက ရုပ်အလောင်းတွေကို ပြန်သယ်ဆောင်ဖို့ စီစဉ်နေပြီး ရဟတ်ယာဉ် ပျက်ကျရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးမှုတွေ စတင်နေပါပြီ။