Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တောင်နီရွာအနီးရှိ စစ်ကောင်စီတပ်ကို လက်နက်ကြီး၊ ဒရုန်း၊ စနိုက်ပါများဖြင့် တိုက်ခိုက်ခဲ့ဟု ကော်ဘရာစစ်ကြောင်း အသိပေး

ပူးပေါင်းတပ်ဖွဲ့က ဗုံးကြဲဒရုန်းများ၊ လက်နက်ကြီးများ စနိုက်ပါများအသုံးပြု တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုများ ရှိခဲ့ပြီး အရေအတွက်စိစစ်ဆဲဖြစ်ကြောင်း ဖော်ပြထား သည်။

ဓာတ်ပုံ - Cobra Column
ဓာတ်ပုံ - Cobra Column

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ မြ၀တီ – ဝေါ်လေလမ်းရှိ တောင်နီ ကျေးရွာအနီး တောင်ကုန်းတစ်ခုပေါ်တွင် အခြေပြုရန်ကြိုးပမ်းနေသည့် စစ်ကောင်စီတပ်ကို ယနေ့ ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိကြောင်း ကော်ဘရာ စစ်ကြောင်းက သတင်းထုတ်ပြန်သည်။

စစ်ကောင်စီ၏ တပ်မ(၄၄) လက်အောက်ခံ ခမရ(၁၀၄)တပ်ရင်းအား ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA) တပ်ရင်း(၂၇) ကော်ဘရာစစ်ကြောင်းနှင့် တပ်မဟာ စစ်ကြောင်း တပ်ခွဲ(၂) ရဲဘော်များ၊ ရောင်နီတပ်ခွဲ ဒရုန်းအဖွဲ့၊ Federal Wings ဒရုန်းအဖွဲ့တို့က စက်တင်ဘာ ၂၆ရက် နေ့လည်ပိုင်း၌ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

ပူးပေါင်းတပ်ဖွဲ့က ဗုံးကြဲဒရုန်းများ၊ လက်နက်ကြီးများ စနိုက်ပါများအသုံးပြု တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုများ ရှိခဲ့ပြီး အရေအတွက်စိစစ်ဆဲဖြစ်ကြောင်း ဖော်ပြထား သည်။

ယနေ့တိုက်ပွဲအတွင်း ပူးပေါင်းတပ်ဖွဲ့များဘက်က ထိခိုက်ကျဆုံးမရှိဟု အသိပေးထားသည်။

ကော်ဘရာစစ်ကြောင်း ပါဝင်သည့် ပူးပေါင်းတပ်ဖွဲ့သည် မြ၀တီ -ဝေါ်လေလမ်း တစ်ဝိုက်ထိုးစစ်ဆင်လှုပ်ရှားနေသည့် စစ်ကောင်စီတပ်ကို ပြီးခဲ့သည့် တစ်ပတ်အတွင်း နေ့စဉ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ စစ်ကောင်စီတပ်မှ ၂၀ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ကော်ဘရာစစ်ကြောင်း၏ နေ့စဉ် သတင်းဖော်ပြချက်များက ဆိုသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

"အဆိုပါ တိုက်ခိုက်မှုများတွင် စစ်ကောင်စီဘက်မှ (၅) ဦးထက်မနည်းထိခိုက်သေဆုံးခဲ့သည်"ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်၊တပ်ရင်း(၁)က ဖော်ပြသည်။

သတင်း

"လက်နက်နဲ့ ဝင်လာတဲ့ဟာက အခုထိ ၆ယောက်ပြီ။ လက်နက်မဲ့ဝင်လာတာတော့ တော်တော် လေးကို အရေအတွက်များနေပါပြီ” ကန်ပက်လက် CDF တာဝန်ရှိသူက ပြောသည်။

သတင်း

အထက်ပါတိုက်ခိုက်မှုကို CDSOM၊ BLACK EAGLE မြင်းမူလင်းယုန်နက်၊CRF မြင်းမူမြို့ပြပြောက်ကျားအဖွဲ့၊PEOPLE DEFENSE FORCE MMU၊စစ်ကိုင်းခရိုင် တပ်ရင်း(၆) တပ်ခွဲ (၂)၊ မြင်းမူ မြို့နယ် (ပကဖ)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ယမန်နေ့(စက်တက်ဘာ ၂၅ ရက်) ညနေ ၆ နာရီခွဲခန့်က ပေါက်ခေါင်းမြို့ပေါ်ရှိ လဝကရုံးနှင့် စည်ပင်ရုံးတို့ကို တပြိုင်နက်တည်း ဝင်ရောက်မိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။