Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဝန်ကြီးချုပ်ဟောင်းရှင်ဇိုအာဘေး၏ ဈာပန စစ်ကောင်စီကိုယ်စားလှယ် တက်ရောက်မည့်အပေါ် ဂျပန်ရောက်မြန်မာများ ကန့်ကွက်ဆန္ဒပြ

ဂျပန်ရောက်မြန်မာနိုင်ငံသားများက ယနေ့ ညနေပိုင်းတွင် ကိုဘေးမြို့ Sannomiya ဘူတာတွင် စုဝေး၍ မြန်မာစစ်အစိုးရ၏ ကိုယ်စားလှယ်အား ဂျပန်နိုင်ငံက ဖိတ်ကြားမှုကို ဆန့်ကျင်ကြောင်း ဂျပန်၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ရေးသားသည့် စာတန်းကို ကိုင်ဆောင်၍ ဆန္ဒထုတ်ဖော်ခဲ့သည်။

ဓာတ်ပုံ - Correspondent in Osaka
ဓာတ်ပုံ - Correspondent in Osaka

ဂျပန်နိုင်ငံ ဝန်းကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး၏ နိုင်ငံတော်စျာပနအခမ်းအနားကို စစ်ကောင်စီအား ဖိတ်ကြားခဲ့မှုအပေါ် ဂျပန်ရောက်မြန်မာနိုင်ငံသားများက ဆန့်ကျင်ကြောင်း ယနေ့ (စက်တင်ဘာ ၂၇) ညနေပိုင်း၌ ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။

ဂျပန်ရောက်မြန်မာနိုင်ငံသားများက ယနေ့ ညနေပိုင်းတွင် ကိုဘေးမြို့ Sannomiya ဘူတာတွင် စုဝေး၍ မြန်မာစစ်အစိုးရ၏ ကိုယ်စားလှယ်အား ဂျပန်နိုင်ငံက ဖိတ်ကြားမှုကို ဆန့်ကျင်ကြောင်း ဂျပန်၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ရေးသားသည့် စာတန်းကို ကိုင်ဆောင်၍ ဆန္ဒထုတ်ဖော်ခဲ့သည်။

ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးသည် အထက်လွှတ်တော်ရွေးကောက်ပွဲ ဝင်ပြိုင်မည့် ၎င်း၏ပါတီမှ ကိုယ်စားလှယ်အတွက် ကူညီ၍ မဲဆွယ်စည်းရုံးပေးနေစဉ် ပြီးခဲ့သည့် ဇူလိုင် ၈ရက်တွင် ဂျပန်နိုင်ငံ၊ နာရမြို့၌ သေနတ်သမားတစ်ဦး၏ လက်ချက်ဖြင့် လုပ်ကြံခံခဲ့ရပြီး သေဆုံးခဲ့သည်။

ဓာတ်ပုံ - Correspondent in Osaka
ဓာတ်ပုံ – Correspondent in Osaka

ထိုသို့ အကြမ်းဖက်လုပ်ကြံခံရပြီး ကျဆုံးခဲ့သည့် ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာ​ဘေး၏ ဈာပနတွင် မြန်မာပြည်အတွင်း အကြမ်းဖက်မှုများ ဆက်တိုက်ကျူးလွန်နေသည့် အာဏာသိမ်းစစ်ကောင်စီ ၏ ကိုယ်စားလှယ် တက်ရောက်မည့်အပေါ် ဂျပန်ရောက် မြန်မာအသိုင်းအဝိုင်းက ဆန့်ကျင်ကန့်ကွက်နေခြင်း ဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စက်တင်ဘာ ၂၅ ရက်နံနက်ပိုင်းက မြိုင်မြို့နယ် ကျောက်ခွက်ကျေးရွာသို့ စစ်ကြောင်းထိုးလာသော အင်အား ၆၀ခန့်ပါ စစ်ကောင်စီတပ်နှင့်ပျူမျုးအား မြိုင်(ပကဖ)အဖွဲ့က မိုင်းပွိုင့်အကြီး ၂ပွိုင့်ဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး သေဆုံးခဲ့သေးသည်။

သတင်း

"အဆိုပါ တိုက်ခိုက်မှုများတွင် စစ်ကောင်စီဘက်မှ (၅) ဦးထက်မနည်းထိခိုက်သေဆုံးခဲ့သည်"ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်၊တပ်ရင်း(၁)က ဖော်ပြသည်။

သတင်း

ထိုသို့တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးပြီး ၈ ဦးထက်မနည်း ဒဏ်ရာပြင်းထန် စွာရရှိသွားကြောင်း မြိုင်(ပကဖ)အဖွဲ့က အသိပေးထားသည်။

သတင်း

အဆိုပါဖြစ်စဉ်ကို ကိုယ်တိုင်ကြုံတွေ့ရသူများပါဝင်သည့် သတင်းစာရှင်းလင်းပွဲကို ယနေ့ည ၈ နာရီတွင် အမျိုးသားညီညွတ်​ရေးအစိုးရကဦး​ဆောင်ကျင်းပမည်ဟုသိရသည်။