Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

‘နန်းထိုက်အောင်စစ်ဆင်ရေး’အဖြစ် ပုလောမြို့နယ်တွင် စစ်ကောင်စီယာဥ်တန်းကို ပစ်ခတ်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ငါးဦးသေ

“အဆိုပါ တိုက်ခိုက်မှုများတွင် စစ်ကောင်စီဘက်မှ (၅) ဦးထက်မနည်းထိခိုက်သေဆုံးခဲ့သည်”ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်၊တပ်ရင်း(၁)က ဖော်ပြသည်။

'နန်းထိုက်အောင်စစ်ဆင်ရေး'အဖြစ် ပုလောမြို့နယ်တွင် စစ်ကောင်စီယာဥ်တန်းကို ပစ်ခတ်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ငါးဦးသေ
'နန်းထိုက်အောင်စစ်ဆင်ရေး'အဖြစ် ပုလောမြို့နယ်တွင် စစ်ကောင်စီယာဥ်တန်းကို ပစ်ခတ်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ငါးဦးသေ

ပုလောမြို့နယ်အတွင်း ‘နန်းထိုက်အောင်စစ်ဆင်ရေး’အဖြစ် စစ်ကောင်စီတပ်ယာဥ်တန်းအား နှစ်ကြိမ်ဆက်မိုင်းဆွဲတိုက်ခိုက်ခဲ့သည့်အပြင် လက်နက်ငယ်များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်၊တပ်ရင်း(၁)က ယနေ့ (စက်တင်ဘာ ၂၆) ထုတ်ပြန်သည်။

မိုင်းဆွဲတိုက်ခိုက်မှုများကို ယနေ့နံနက် ၇ နာရီ ၁၈မိနစ်တွင် မြိတ်မြို့ဘက်မှလာသော စစ်ယာဥ်တန်းကို ပြည်သူ့ကာကွယ်ရေး မဟာမိတ်ပူပေါင်းတပ်ဖွဲ့များက တပိုကျေးရွာနီးတွင်တစ်ကြိမ်၊ ၇ နာရီ ၅၃ မိနစ်တွင် ကျောက်ပုဇွန်တောင်အနီးတွင်တစ်ကြိမ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြသည်။

အလားတူ ယနေ့နံနက် ၉ နာရီခွဲခန့်က ပုလောမြို့မှ မြိတ်မြို့သို့ ဆင်းလာသော စစ်ကောင်စီယာဉ်တန်းအား ထပ်မံ၍ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်ပြီးနောက် မဟာမိတ်တပ်ပေါင်းစုဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

“အဆိုပါ တိုက်ခိုက်မှုများတွင် စစ်ကောင်စီဘက်မှ (၅) ဦးထက်မနည်းထိခိုက်သေဆုံးခဲ့သည်”ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်၊တပ်ရင်း(၁)က ဖော်ပြသည်။

အထက်ပါ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သားများ၏ ကားလမ်းမတစ်လျောက် ရမ်းသမ်းပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူသုံးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စက်တင်ဘာ ၂၅ ရက်နံနက်ပိုင်းက မြိုင်မြို့နယ် ကျောက်ခွက်ကျေးရွာသို့ စစ်ကြောင်းထိုးလာသော အင်အား ၆၀ခန့်ပါ စစ်ကောင်စီတပ်နှင့်ပျူမျုးအား မြိုင်(ပကဖ)အဖွဲ့က မိုင်းပွိုင့်အကြီး ၂ပွိုင့်ဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး သေဆုံးခဲ့သေးသည်။

သတင်း

ဂျပန်ရောက်မြန်မာနိုင်ငံသားများက ယနေ့ ညနေပိုင်းတွင် ကိုဘေးမြို့ Sannomiya ဘူတာတွင် စုဝေး၍ မြန်မာစစ်အစိုးရ၏ ကိုယ်စားလှယ်အား ဂျပန်နိုင်ငံက ဖိတ်ကြားမှုကို ဆန့်ကျင်ကြောင်း ဂျပန်၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ရေးသားသည့် စာတန်းကို ကိုင်ဆောင်၍ ဆန္ဒထုတ်ဖော်ခဲ့သည်။

သတင်း

ပူးပေါင်းတပ်ဖွဲ့က ဗုံးကြဲဒရုန်းများ၊ လက်နက်ကြီးများ စနိုက်ပါများအသုံးပြု တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုများ ရှိခဲ့ပြီး အရေအတွက်စိစစ်ဆဲဖြစ်ကြောင်း ဖော်ပြထား သည်။

သတင်း

ထိုသို့တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးပြီး ၈ ဦးထက်မနည်း ဒဏ်ရာပြင်းထန် စွာရရှိသွားကြောင်း မြိုင်(ပကဖ)အဖွဲ့က အသိပေးထားသည်။