Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မတူပီတွင် ယနေ့ တိုက်ပွဲဆက်ဖြစ်၍ စစ်ကောင်စီတပ် လေးဦးသေ၊ CDF ရဲဘော်တစ်ဦးကျဆုံး

ထို့ကြောင့် မတူပီ CDFနှင့် စစ်ကောင်စီတပ် တိုက်ပွဲ သုံးကြိမ်အတွင်း CDFက ရဲဘော် တစ်ဦးကျဆုံး တစ်ဦး ဒဏ်ရာရခဲ့ပြီး စစ်ကောင်စီတပ်က ၁၁ဦး သေဆုံးကာ ဒဏ်ရာရသူ ၁၄ဦးထက်မနည်းရှိခဲ့သည်။

မတူပီ CDFမှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - Chinland Defense Force Matupi
မတူပီ CDFမှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - Chinland Defense Force Matupi

တိုက်ပွဲဆက်ဖြစ်နိုင်၍ ပြည်သူများ သတိထားရန် CDF တာဝန်ရှိသူ အသိပေး

ချင်းပြည်နယ် မတူပီမြို့နယ်တွင် ယနေ့ တိုက်ပွဲဖြစ်ပွားပြီး နှစ်ဖက်ထိခိုက်ကျဆုံးရှိခဲ့သည်ဟု မတူပီ ချင်းကာကွယ်ရေးတပ်(CDF)က အသိပေးသည်။

“ထိခိုက်ကျဆုံးက စကစ ဘက်က ၄ယောက်သေတယ်။ ၆ယောက်ဒဏ်ရာရရှိသွားတယ် ။ ကျွန်တော်တို့ မတူပီ CDFက ရဲဘော်တစ်ဦး ကျဆုံးသွားတာပေါ့”ဟု မတူပီ CDF တာဝန်ရှိသူက ပြောသည်။ တိုက်ပွဲ ဆက်ဖြစ်နိုင်၍ ပြည်သူများ အနေဖြင့် သတိထားသွားလာဖို့ ၎င်းက တိုက်တွန်းထားသည်။

စက်တင်ဘာ ၂၄ရက်က စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ် နှင့် မတူပီ – ဟာခါးလမ်း ငလိုင်ရွာအနီးတွင် ယနေ့(စက်တင်ဘာ ၂၇ရက်) နံနက် ၇နာရီမှစ၍ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲမှာ ၃နာရီခွဲနီးပါး ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်မှ လေးဦးသေဆုံးကာ ခြောက်ဦး ဒဏ်ရာရရှိခဲ့ပြီး မတူပီ CDFမှ ရဲဘော် တစ်ဦးကျဆုံးခဲ့ကြောင်း အသိပေးထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်က ဟားခါး – မတူပီလမ်းသို့ အင်အား ၂၀၀ခန့်ဖြင့် စစ်ကြောင်းထိုးလာခြင်းကြောင့် စက်တင်ဘာ ၂၄ရက်တွင် တစ်ကြိမ်၊ ၂၅ရက်တွင် တစ်ကြိမ် တိုက်ပွဲဖြစ်ခဲ့ပြီး ယင်းတိုက်ပွဲများ၌ စစ်ကောင်စီတပ်က ခုနစ်ဦးထက်မနည်းသေဆုံးကာ ဒဏ်ရာရသူများစွာရှိခဲ့သည်ဟုဆိုသည်။ CDF ရဲဘော်တစ်ဦးလည်း ဒဏ်ရာရခဲ့သည်။

ထို့ကြောင့် မတူပီ CDFနှင့် စစ်ကောင်စီတပ် တိုက်ပွဲ သုံးကြိမ်အတွင်း CDFက ရဲဘော် တစ်ဦးကျဆုံး တစ်ဦး ဒဏ်ရာရခဲ့ပြီး စစ်ကောင်စီတပ်က ၁၁ဦး သေဆုံးကာ ဒဏ်ရာရသူ ၁၄ဦးထက်မနည်းရှိခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

သပိတ်ကျင်းနယ်တွင် စစ်ကောင်စီတပ်များက စစ်ကြောင်းထိုးကာ ရွှေလုပ်ကွက်များရှိ ရွှေလုပ် သားများအား ဖမ်းဆီးမှုများ ပြုလုပ်နေပြီး ငွေညှစ်မှုများပါ ပြုလုပ်နိုင်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

သတင်း

အဆိုပါ ဒေသသို့စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီ၏ တပ်မ(၄၄) လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၂၇) ကော်ဘရာ စစ်ကြောင်းနှင့် တပ်မဟာစစ်ကြောင်း တပ်ခွဲ(၃)က ယနေ့(စက်တင်ဘာ ၂၇ရက်) နေ့လည်ပိုင်း၌ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

သတင်း

စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်ခြင်း၊ တိုက်ပွဲများ ဖြစ်ပွားခြင်းကြောင့် ယခုလအတွင်း ရခိုင်ဒေသခံ ထောင်နှင့်ချီ စစ်ရှောင်နေကြရကြောင်း ၎င်းက ဆိုသည်။

သတင်း

အကြမ်းဖက်မင်းအောင်လှိုင် ဦးဆောင်သော စစ်အုပ်စုသည် ၎င်းတို့ လူမျိုးတုန်းသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ရာဇဝတ်မှုများနှင့်စ်ရာဇဝတ်မှုကျူးလွန်မှုများအတွက် လက်ရှိ အချိန်တွင် နိုင်ငံတကာတရားခုံရုံးတွင်လည်း တရားရင်ဆိုင်နေရပြီးဖြစ်သည်ဟုဆိုသည်။