Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြဝတီ-ဝေါ်လေလမ်းရှိ စစ်ကောင်စီတပ်များ စနိုက်ပါဖြင့် နေ့စဉ်တိုက်ခိုက်ခံနေရ

အဆိုပါ ဒေသသို့စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီ၏ တပ်မ(၄၄) လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၂၇) ကော်ဘရာ စစ်ကြောင်းနှင့် တပ်မဟာစစ်ကြောင်း တပ်ခွဲ(၃)က ယနေ့(စက်တင်ဘာ ၂၇ရက်) နေ့လည်ပိုင်း၌ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

(ကော်ဘရာစစ်ကြောင်းမှ စစ်သည်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - Cobra Column)
(ကော်ဘရာစစ်ကြောင်းမှ စစ်သည်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - Cobra Column)

ယနေ့ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ် လေးဦးထပ်သေဟု ကော်ဘရာအသိပေး

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ မြ၀တီ – ဝေါ်လေလမ်း တောင်နီကျေးရွာအနီး ထိုးစစ်ဆင်နေသည့် စစ်ကောင်စီတပ်များကို ယနေ့ စနိုက်ပါဖြင့် ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က လေးဦး သေဆုံးခဲ့သည်ဟု ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

အဆိုပါ ဒေသသို့စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီ၏ တပ်မ(၄၄) လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၂၇) ကော်ဘရာ စစ်ကြောင်းနှင့် တပ်မဟာစစ်ကြောင်း တပ်ခွဲ(၃)က ယနေ့(စက်တင်ဘာ ၂၇ရက်) နေ့လည်ပိုင်း၌ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ပူးပေါင်းတပ်ဖွဲ့ဘက်က စနိုက်ပါ စစ်သည်များ၏ စွမ်းရည်ဖြင့် စစ်ကောင်စီတပ်မှ လေးဦး သေဆုံးခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်မှုမရှိကြောင်း အသိပေးထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

အဆိုပါဒေသရှိ စစ်ကောင်စီတပ်ကို ပူးပေါင်းတပ်ဖွဲ့က စနိုက်ပါ၊ ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိရာ စနိုက်ပါစစ်သည်များ၏ လက်ချက်ကြောင့် စစ်ကောင်စီတပ်များဘက်က သေဆုံးထိခိုက်မှု နေ့စဉ်နီးပါး ဖြစ်ပေါ်နေသည်ကို ကော်ဘရာစစ်ကြောင်း၏ ထုတ်ပြန်ချက်များ၌ တွေ့ရသည်။

စနိုက်ပါဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် တိုက်ခိုက်ခြင်းကြောင့် စစ်ကောင်စီတပ်မှ သေဆုံးမှု အခြေအနေများမှာ စက်တင်ဘာ ၂၇ရက်တွင် စစ်ကောင်စီတပ်မှ လေးဦးသေဆုံး၊ စက်တင်ဘာ ၂၆ရက်တွင် စစ်ကောင်စီတပ် သေဆုံးမှုရှိပြီး အရေအတွက် စိစစ်ဆဲဖြစ်၊ စက်တင်ဘာ ၂၅ရက်တွင် စစ်ကောင်စီတပ်မှ သုံးဦးသေဆုံး၊ စက်တင်ဘာ ၂၄ရက်တွင် နှစ်ဦးသေဆုံး၊ စက်တင်ဘာ ၂၃ရက်တွင် စစ်ကောင်စီတပ်သေဆုံးမှု စိစစ်ဆဲဖြစ်၊ စက်တင်ဘာ ၂၂ရက်တွင် ခုနစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ၊ စက်တင်ဘာ ၂၁ရက်တွင် စစ်ကောင်စီတပ်မှ ငါးဦးသေ၊ စက်တင်ဘာ ၂၀ရက်တွင် စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးစသည့် နေ့စဉ် ထိခိုက်သေဆုံးမှုများရှိခဲ့သည်ဟု ကော်ဘရာ စစ်ကြောင်းက နေ့အလိုက် ထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီတပ်က စက်လက်များ ၊ စနိုက်ပါများ နှင့် (၆၀)မမများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော် လည်းထိခိုက်မှုမရှိဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။

သတင်း

စက်တင်ဘာ ၂၅ ရက် နှင့် ၂၆ ရက်များက မုံရွာ - မန္တလေးလမ်းမကြီးပေါ်တွင် စစ်ကောင်စီယာဥ်တန်းအား ဒေသကာကွယ်ရေးအဖွဲ့များက လမ်းတစ်လျှောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြသည်။

သတင်း

သပိတ်ကျင်းနယ်တွင် စစ်ကောင်စီတပ်များက စစ်ကြောင်းထိုးကာ ရွှေလုပ်ကွက်များရှိ ရွှေလုပ် သားများအား ဖမ်းဆီးမှုများ ပြုလုပ်နေပြီး ငွေညှစ်မှုများပါ ပြုလုပ်နိုင်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်ခြင်း၊ တိုက်ပွဲများ ဖြစ်ပွားခြင်းကြောင့် ယခုလအတွင်း ရခိုင်ဒေသခံ ထောင်နှင့်ချီ စစ်ရှောင်နေကြရကြောင်း ၎င်းက ဆိုသည်။