Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လွိုင်ကော်မြို့ ကယန်းသာယာလမ်းခွကုန်းတွင်တပ်စွဲထားသော စစ်ကောင်စီတပ်အား တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ခုနစ်ဦးသေဟုဆို

စစ်ကောင်စီတပ်က စက်လက်များ ၊ စနိုက်ပါများ နှင့် (၆၀)မမများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော် လည်းထိခိုက်မှုမရှိဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။

(အလယ်ပိုင်းတိုင်းအထူးစစ်ဆင်းရေးမှ ရဲဘော်များအား တွေ့ရစဥ်)
(အလယ်ပိုင်းတိုင်းအထူးစစ်ဆင်းရေးမှ ရဲဘော်များအား တွေ့ရစဥ်)

ကရင်နီပြည်နယ် လွိုင်ကော်မြို့နယ် ကယန်းသာယာလမ်းခွကုန်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်အား တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ခုနစ်ဦးသေဆုံးကြောင်း အလယ်ပိုင်းတိုင်းအထူးစစ်ဆင်းရေးအဖွဲ့က ထုတ်ပြန်သည်။

ယနေ့(စက်တင်ဘာ ၂၇ ရက်) နံနက် ၁၀ နာရီခန့်က အလယ်ပိုင်းတိုင်းအထူးစစ်ဆင်းရေး စနိုက်ပါအဖွဲ့နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) B -O2 စနိုက်ပါအဖွဲ့တို့ ပူးပေါင်းပြီး ကယန်းသာယာ လမ်းခွကုန်းရှိ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

(အလယ်ပိုင်းတိုင်းအထူးစစ်ဆင်းရေးမှ ရဲဘော်များအား တွေ့ရစဥ်)
(အလယ်ပိုင်းတိုင်းအထူးစစ်ဆင်းရေးမှ ရဲဘော်များအား တွေ့ရစဥ်)

ပူးပေါင်း စနိုက်ပါအဖွဲ့၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ​သေဆုံးသူ ခုနစ်ဦးရှိကြောင်း ဖော်ပြသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်က စက်လက်များ ၊ စနိုက်ပါများ နှင့် (၆၀)မမများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော် လည်းထိခိုက်မှုမရှိဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။

(အလယ်ပိုင်းတိုင်းအထူးစစ်ဆင်းရေးမှ ရဲဘော်များအား တွေ့ရစဥ်)
(အလယ်ပိုင်းတိုင်းအထူးစစ်ဆင်းရေးမှ ရဲဘော်များအား တွေ့ရစဥ်)

“တိုက်ပွဲက နှစ်နာရီကျော်လောက်ဖြစ်ခဲ့တယ်။ ပြီးတော့ စခတွေ သေတယ်ဆိုတာ သေချာအတည်ပြုနိုင်ခဲ့တယ်”ဟု အလယ်ပိုင်းတိုင်းအထူးစစ်ဆင်းရေးအဖွဲ့က လူထုနွေဦးသို့ ပြောသည်။

လွိုင်ကော်မြို့နယ်အထွက် ကယန်းသာယာ လမ်းခွကုန်း၌ စစ်ကာင်စီတပ်က အင်အား ၅၀ထက်မနည်းတပ်စွဲထား၍ မကြာခဏ တိုက်ခိုက်ခံထားရသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

"ရွာအထွက်၌ တိုက်မိုင်းတစ်လုံးထိကာ အနည်းငယ် ထိခိုက်ဒဏ်ရာရကြောင်း သိရသည်။ ယခု စစ်ကြောင်းသည် ရွာရှည်ရွာဘက်သို့ ဆက်လက်ဦးတည်နေကြောင်းသိရသည်" ဟု အသိပေးသည်။

သတင်း

နန်းမွေ့စံကို အကြမ်းဖက်စစ်ကောင်စီက ပြီးခဲ့သည့် သြဂုတ် ၅ ရက်တွင် ဖမ်းဆီးခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး အထက်ပါအတိုင်း အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

သတင်း

စက်တင်ဘာ ၂၅ ရက် နှင့် ၂၆ ရက်များက မုံရွာ - မန္တလေးလမ်းမကြီးပေါ်တွင် စစ်ကောင်စီယာဥ်တန်းအား ဒေသကာကွယ်ရေးအဖွဲ့များက လမ်းတစ်လျှောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြသည်။

သတင်း

သပိတ်ကျင်းနယ်တွင် စစ်ကောင်စီတပ်များက စစ်ကြောင်းထိုးကာ ရွှေလုပ်ကွက်များရှိ ရွှေလုပ် သားများအား ဖမ်းဆီးမှုများ ပြုလုပ်နေပြီး ငွေညှစ်မှုများပါ ပြုလုပ်နိုင်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။