Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြန်မာလက်နက်ပွဲစားတွေကို ဒဏ်ခတ်ပိတ်ဆို့မှုချက်ချင်းချမှတ်ဖို့ အီးယူထံ JFM တောင်းဆို

အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း မြန်မာစစ်တပ်ထံ စစ်လက်နက်ပစ္စည်းတင်သွင်းနေတဲ့ ကုမ္ပဏီ (၃၁)ခုရှိနေတာကို JFM က ဖော်ထုတ်တွေ့ရှိခဲ့ပြီး EU အနေနဲ့ အဲဒီကုမ္ပဏီတွေကို မဖြစ်မနေဒဏ်ခတ် ပိတ်ဆို့မှုတွေ ချမှတ်ဖို့လိုအပ်တယ်လို့ ထောက်ပြပါတယ်။

မြန်မာလက်နက်ပွဲစားတွေကို ဒဏ်ခတ်ပိတ်ဆို့မှုချက်ချင်းချမှတ်ဖို့ အီးယူထံ JFM တောင်းဆို
မြန်မာလက်နက်ပွဲစားတွေကို ဒဏ်ခတ်ပိတ်ဆို့မှုချက်ချင်းချမှတ်ဖို့ အီးယူထံ JFM တောင်းဆို

စစ်ကောင်စီထံ စစ်လက်နက်ပစ္စည်းတွေတင်သွင်းပေးနေတဲ့ မြန်မာလက်နက်ပွဲစားတွေကို ဒဏ်ခတ်ပိတ်ဆို့မှုချက် ချင်းချမှတ်ပေးဖို့ ဥရောပသမဂ္ဂ(EU)ထံ Justice For Myanmar က ဒီကနေ့ (စက်တင်ဘာ ၂၇ ရက် ) ရက်စွဲနဲ့ တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံအပေါ် EU ရဲ့ နောက်ဆုံးအသုတ်ဒဏ်ခတ်ပိတ်ဆို့မှုချမှတ်ခဲ့တာ ခုနှစ်လကျော်ကြာမြင့်လာခဲ့ချိန်မှာ တရားမဝင်စစ်ကောင်စီရဲ့ အကြမ်းဖက်စစ်ဆင်ရေးကလည်း အဆင်ခြင်မဲ့လေကြောင်းတိုက်ခိုက်မှုတွေ၊ ဗုံးကြဲတိုက်ခိုက်တာတွေ၊ နိုင်ငံရေးအကျဥ်းသားတွေကိုသေ ဒဏ်ချကွပ်မျက်တာတွေ၊ ကျောင်းနေကလေးသူငယ်တွေကို သတ်ဖြတ်တာတွေနဲ့ ပိုပြီးပြင်းထန်လာခဲ့တယ်လို့ ထောက်ပြပါတယ်။

“စစ်ကောင်စီက စစ်လက်နက်တွေ၊ ဆက်စပ်ပစ္စည်းတွေနဲ့ ဘဏ္ဍာငွေတွေ လက်လှမ်းမီရရှိနေသ၍ သူတို့အနေနဲ့ မြန်မာပြည်သူတွေအပေါ် သူတို့ရဲ့ အကြမ်းဖက်စစ်ဆင် ရေးကို ဆက်ပြီးလုပ်ဆောင်နေ နိုင်မှာဖြစ်ပြီး၊ စစ်ရာဇ ဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ် မှုတွေကို အပြစ်ပေးအရေးယူခံရခြင်း အလျဉ်းမရှိဘဲ ဆက်ပြီးကျူးလွန်နေမှာ ဖြစ်ပါတယ်”လို့ Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ရတနာမောင်က ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း အနည်းဆုံးကျောင်းနေ ကလေးသူငယ် (၁၁)ဦး သတ်ဖြတ်ခံခဲ့ရပြီး အဲ့ဒါဟာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီမှာ မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း တိုက်ခိုက်မှုတစ်ခုအတွင်း ကလေးသူငယ်သေဆုံးခဲ့မှု အရေအတွက်အများဆုံးမှတ်တမ်းတစ်ခုလည်းဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် EU အနေနဲ့ စစ်လက်နက်ပွဲစားတွေနဲ့ စစ်ကောင်စီရဲ့ အခြားသောစီးပွားရေးလုပ်ငန်းအားလုံးအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ တိုးမြှင့်ချမှတ်ပြီး၊ စစ်ကောင်စီရဲ့ စစ်လက်နက်ရရှိမှုကို ဖြတ်တောက်ဖို့ အားကောင်းခိုင်မာတဲ့ လုပ်ဆောင်ချက်တွေလုပ်ဆောင်ရမှာ ဖြစ်တယ်လို့ဒေါ်ရတနာမောင်က ပြောပါတယ်။

အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း မြန်မာစစ်တပ်ထံ စစ်လက်နက်ပစ္စည်းတင်သွင်းနေတဲ့ ကုမ္ပဏီ (၃၁)ခုရှိနေတာကို JFM က ဖော်ထုတ်တွေ့ရှိခဲ့ပြီး EU အနေနဲ့ အဲဒီကုမ္ပဏီတွေကို မဖြစ်မနေဒဏ်ခတ် ပိတ်ဆို့မှုတွေ ချမှတ်ဖို့လိုအပ်တယ်လို့ ထောက်ပြပါတယ်။

စစ်ကောင်စီထံ လက်နက်တင်သွင်းနေတဲ့ ကုမ္ပဏီတွေထဲမှာ Dynasty Group နဲ့ သူရဲ့ကုမ္ပဏီခွဲတွေဟာ အာဏာသိမ်းမှုနောက်ပိုင်း ရုရှားနိုင်ငံက Mi-17 ဟယ်လီကော်ပတာတွေအတွက် ပစ္စည်း အစိတ်အပိုင်းတွေကို တင်သွင်းခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် Dynasty International Company Limited က ဂျာမဏီကုမ္ပဏီ Grob Aircraft SE ဆီက လေယာဥ်အုပ်စုတစ်စုကို ဝယ်ယူခဲ့ပြီး နောက်ပိုင်းမှာ စက်ပစ္စည်းအစိတ်အပိုင်းတွေ ဝယ်ယူခဲ့တယ်လို့ ဖော်ပြပါတယ်။

ပြီးတော့ KT Group, Ky-Ta Group နဲ့ ကုမ္ပဏီခွဲတွေက ပြင်သစ်ကော်ပိုရေးရှင်း Thales ဆီက ကမ်း ရိုးတန်းစောင့်ကြည့်ရေး ရေဒါတွေနဲ့ စစ်လက်နက်ပစ္စည်းတွေ၊ Mega Hill General Trading ကုမ္ပဏီကလေကြောင်းရန်ကာကွယ်ရေးအထိုင်စက်တစ်လုံး၊ EU နဲ့ အမေရိကန်ကုမ္ပဏီတွေဆီက ပစ္စည်းကိရိယာတွေကို ဝယ်ယူပေးထားပတယ်လို့ ထုတ်ပြန်ပါတယ်။

အလားတူ Miya Win International ကုမ္ပဏီက ဩစတြေးလျကုမ္ပဏီ Schiebel Corporation ဆီက မောင်းသူမဲ့လေယာဉ်ငယ်(ယူအေဗွီ)နဲ့ စက်ပစ္စည်းအစိတ်အပိုင်းတွေ၊ Myanmar Chemical & Machinery (MCM)က တင့်ကားနဲ့ ဆက်စပ်ပစ္စည်းတွေ ဝယ်ယူထားပြီး၊ တရုတ်နိုင်ငံပိုင်ကုမ္ပဏီ CATIC နဲ့အတူ မြန်မာနိုင်ငံမှာ K-8 အမျိုးအစား လေ့ကျင့်ရေးဂျတ်လေယာဉ်တွေထုတ်လုပ်တဲ့ စစ်လက်နက်ထုတ်လုပ်ရေးနဲ့ နည်းပညာလွှဲပြောင်းပေးရေးစီမံ ကိန်းတစ်ခုမှာလည်း ပါဝင်ထားတယ်လို့ ဆိုပါတယ်။

ဖော်ပြပါ ကုမ္ပဏီတွေထဲက Dynasty Group နဲ့ဒါရိုက်တာဖြစ်သူ အောင်မိုးမြင့်ကို ယူကေနဲ့ ကနေဒါ၊ KT Services & Logistics နဲ့ သူရဲ့ ဒါရိုက်တာဖြစ်သူ ဂျွန်နသန်မျိုးကျော်သောင်းကို အမေရိကန်ပြည် ထောင်စု၊ Miya Win International ကို ယူကေနိုင်ငံက စတဲ့နိုင်ငံတွေက ဒဏ်ခတ်ပိတ်ဆို့မှုတွေ အသီး သီး ချမှတ်ထားပါတယ်။

အမေရိကန်၊ ယူကေနဲ့(သို့မဟုတ်) ကနေဒါနိုင်ငံတို့က ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ပြီးဖြစ်ပေမယ့် EU က အရေးယူဆောင်ရွက်ဖို့ ကြန့်ကြာနေတဲ့ တခြားသော အရေးပါတဲ့ စစ်လက်နက်ပွဲစားတွေမှာ International Gateways Group၊ Star Sapphire Group၊ Sky Aviator နဲ့ Synpex Shwe တို့ ပါဝင်နေတယ်လို့ ထောက်ပြပါတယ်။

“EU အနေနဲ့ မြန်မာပြည်သူတွနဲ့အတူ ရပ်တည်ပေးပြီးစစ်လက်နက်ပွဲစားတွေကို ယခုချက်ချင်း ဒဏ်ခတ်ပိတ် ဆို့မှုတွေ ချမှတ်ဖို့ ကျွန်မတို့ တောင်းဆိုပါတယ်”လို့ Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ရတနာမောင်က ပြောပါတယ်။

မြန်မာစစ်တပ်ဆီ စစ်လက်နက်စီးဆင်းမှု ရပ်တန့်ရေးနဲ့ပတ်သက်တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ဥရောပသမဂ္ရ(EU)က ပြီးခဲ့တဲ့နှစ်(၂၀၂၁)မှာ မဲပေးထောက်ခံခဲ့ပြီး ဖြစ်ပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အခုနှစ် ကုလသမဂ္ဂကိုယ်စားလှယ်အကဲဖြတ်ရေးကော်မတီက အဖွဲ့ဝင်နိုင်ငံတွေရဲ့ ကိုယ်စားပြုခွင့်ကို ပြန်လည်ဆုံးဖြတ်ပေးရဖို့ ရှိနေပြီး မြန်မာနိုင်ငံကိုယ်စားပြုခွင့်နဲ့ပတ်သက်လို့ ဘယ်လိုဆက်ဖြစ်မလဲဆိုတာစောင့်ကြည့်ရဦးမှာပါ။

သတင်း

JFM သည် စစ်အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း မြန်မာစစ်တပ်ကို ငွေကြေး၊ လက်နက်များကို အထောက်အပံ့ပြုနေသည့် ကုမ္ပဏီ ၃၁ ခုကို အရေးယူပိတ်ဆို့ရန် ဖော်ထုတ်ထားသည်။

သတင်း

ဒါ့အပြင် ထွန်းမင်းလတ်ဟာ Allure နဲ့ Star Sapphire Group ကနေတဆင့် သတ္တုတူးဖော်ရေး၊ စွမ်းအင်နဲ့ ခရီးသွားလုပ်ငန်းတွေမှာလည်း မြန်မာ့စစ်တပ်နဲ့ နက်နက်ရှိုင်းရှိုင်း ချိတ်ဆက်လုပ်ကိုင်နေသူဖြစ်တယ်လို့ ထောက်ပြပါတယ်။

သတင်း

အိန္ဒိယ​ရောက် ၊မြန်မာဒုက္ခသည်များတွင်ဈေးဆိုင်များဖွင့်လှစ်ခြင်းနှင့် နယ်စပ်တလျောက်တွင် မြေကွက်များဝယ်ယူရန် ကြိုးစားနေသည်ဟု သတင်းထွက်ပေါ်လာပြီးနောက် မီဇိုရမ်ပြည်နယ်အစိုးရက ယခုလို့ တားမြစ်လိုက်ခြင်းဖြစ်သည်။